ကျောက်ကြမ်းပြတ်ရွေ့နှင့် ပတ်သက်၍အလွန်အမင်းစိုးရိမ်ဖွယ်မရှိ

 641

စော (NP News) - ဧပြီ ၂၉

အွန်လိုင်းတွင် ပျံ့နှံ့နေသော ကျောက်ကြမ်း ပြတ်ရွေ့နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ဖွယ်မရှိ ကြောင်း NP News က မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးဝင်နိုင်ကို မေးမြန်းထားချက်အရ သိရသည်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာ မျက်နှာထက်တွင် ကျောက်ကြမ်းပြတ်ရွေ့နှင့်ပတ်သက်၍ အလွန်အမင်းချဲ့ကားပြောဆိုမှုများရှိနေ သည့်အပေါ် NP News က မေးမြန်းခဲ့ရာ ဦးဝင်းနိုင်က ပြန်လည်ရှင်းပြခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့အပါအဝင် ကျောက်ကြမ်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ရွှေတြိဂံ ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ချင်းတွင်းပြတ်ရွေ့၊ ဒေးဒရဲပြတ် ရွေ့စသော ပြတ်ရွေ့များရှိကြောင်း သိရသည်။ အဆိုပါပြတ်ရွေ့ကို ကျောက်ကြမ်းရွာကို အစွဲပြုကာ ခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မှ ထိုင်းနိုင်ငံဘက်အထိ (၅၁၀) ကီလိုမီတာခန့်အရှည်တည်ရှိကြောင်း သိရသည်။ ကျောက်ကြမ်း ပြတ်ရွေ့ကြောင့် (၁၉၁၂) ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရစ်ချ်တာစကေး (၈ ဒသမ ဝ) ဖြင့် မေမြို့အနီး၌ အင်အားအပြင်းဆုံး မြေငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။
“တကယ်အတိအကျ ကြိုတင်ပြီးတော့ ခန့်မှန်းလို့ကတော့ မရဘူး။ ကျွန်တော့်အနေနဲ့ ပြောမယ်ဆိုရင်တော့ စစ်ကိုင်းပြတ်ရွေ့ကြီး အပေါ်က ငလျင်ကြီးလှုပ်လိုက်တဲ့အတွက် ကျောက်ကြမ်း ပြတ်ရွေ့အပါအဝင် ကျန်တဲ့ ပြတ်ရွေ့ အသေးလေးတွေ အများကြီးရှိတယ်။ အဲဒီဟာတွေကိုတော့ သွားပြီးတော့ သက်ရောက်မှုတော့ဖြစ်တယ်။ မြေပြင်အက် ကွဲမှုအပိုင်းတွေလည်းဖြစ်တာရှိတယ်။ နောက်ပြီးတော့ ငလျင်ရဲ့ သက်ရောက်မှု ၊ ငလျင်ကြီးရဲ့ သက်ရောက်မှုကြောင့် ဒါတွေလှုပ်ရှားသွားတာတော့မှန်တယ်။ ဒါပေမဲ့ ဒီလှုပ်ရှားသွားတာကြောင့် သူတို့ဆီမှာ ငလျင်ငယ်တွေ လှုပ်တာပဲရှိမယ်။ ငလျင်ကြီးတော့ ဒီရက်ပိုင်းအတွင်း ၊ လပိုင်းအတွင်းမှာတော့ လှုပ်လာ စရာအကြောင်းမရှိဘူး။ အယူအဆနဲ့ တွေးပြီးတော့ ဖြစ်နိုင်ခြေရှိတာကို တွေးကြည့်တဲ့ သဘောပေါ့”ဟု ၎င်းကပြောသည်။ သို့သော် ငလျင်ကြောများပေါ်တွင် မြို့များတည်ရှိ သည့်အတွက် ငလျင်နှင့်ပတ်သက် သောအန္တရာယ်ကို မည်သူမဆို အမြဲသတိထားနေ သင့်ကြောင်း ၎င်းကဆိုသည်။ “အဓိကကတော့ စိုးရိမ်ကြောင့်ကြမှု လွန်ကဲတာမျိုးမဖြစ်ဖို့ရယ်၊ နောက်ပြီးတော့ သိပ္ပံနည်းကျကျမှန်းဆပြီးတော့ ဒီခန့် မှန်းတဲ့နည်းလမ်း အဲဒီဟာကလွဲရင် ကျန်တဲ့ဟော တာတို့ အယုံအကြည်တအားကြီးပြီးတော့ အဲဒီနောက်ကို တအား လိုက်မသွားဖို့ပါပဲ။ မဟုတ်ရင် စိတ်သောက တောက်လျှောက်ရနေပြီးတော့ အိမ်ထဲမနေရဲ အပြင် ပဲထွက်အိပ် အဲဒီလိုတွေ ဖြစ်နေလိမ့်မယ်”ဟု ၎င်းက အကြံပြုပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ မတ်လ (၂၈) ရက်က အင်အား (၇ ဒသမ ၇)ဖြင့် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးအပါအဝင် ဧပြီ (၂၂)ရက် အထိ နောက်ဆက်တွဲငလျင်ငယ် စုစုပေါင်း (၁၅၃) ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒòန် ကြားမှုဦးစီးဌာန၏ ဧပြီလ (၂၁)ရက်၊ ညနေ (၄)နာရီဝန်း ကျင်ထုတ် ပြန်ချက်အရ သိရသည်။ ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာ ပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့် မှန်းနိုင်သော သဘာဝဘေး တစ်မျိုး ဖြစ်ကြောင်း ပညာရှင်များက ဆိုထားသည်။

Zawgyi Version:
ေက်ာက္ၾကမ္းျပတ္ေ႐ြ႕ႏွင့္ ပတ္သက္၍အလြန္အမင္းစိုးရိမ္ဖြယ္မရွိ
ေစာ (NP News) - ဧၿပီ ၂၉

အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔ေနေသာ ေက်ာက္ၾကမ္း ျပတ္ေ႐ြ႕ႏွင့္ပတ္သက္၍ အလြန္အမင္းစိုးရိမ္ဖြယ္မရွိ ေၾကာင္း NP News က မိုးေလဝသႏွင့္ဇလေဗဒပညာရွင္ ဦးဝင္ႏိုင္ကို ေမးျမန္းထားခ်က္အရ သိရသည္။ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာထက္တြင္ ေက်ာက္ၾကမ္းျပတ္ေ႐ြ႕ႏွင့္ပတ္သက္၍ အလြန္အမင္းခ်ဲ႕ကားေျပာဆိုမႈမ်ားရွိေန သည့္အေပၚ NP News က ေမးျမန္းခဲ့ရာ ဦးဝင္းႏိုင္က ျပန္လည္ရွင္းျပခဲ့ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ စစ္ကိုင္းျပတ္ေ႐ြ႕အပါအဝင္ ေက်ာက္ၾကမ္းျပတ္ေ႐ြ႕၊ ကေဘာ္ျပတ္ေ႐ြ႕၊ ေ႐ႊႀတိဂံ ျပတ္ေ႐ြ႕၊ မိုးမိတ္ျပတ္ေ႐ြ႕၊ ခ်င္းတြင္းျပတ္ေ႐ြ႕၊ ေဒးဒရဲျပတ္ ေ႐ြ႕စေသာ ျပတ္ေ႐ြ႕မ်ားရွိေၾကာင္း သိရသည္။ အဆိုပါျပတ္ေ႐ြ႕ကို ေက်ာက္ၾကမ္း႐ြာကို အစြဲျပဳကာ ေခၚဆိုခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္မွ ထိုင္းႏိုင္ငံဘက္အထိ (၅၁၀) ကီလိုမီတာခန႔္အရွည္တည္ရွိေၾကာင္း သိရသည္။ ေက်ာက္ၾကမ္း ျပတ္ေ႐ြ႕ေၾကာင့္ (၁၉၁၂) ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ ရစ္ခ်္တာစေကး (၈ ဒသမ ဝ) ျဖင့္ ေမၿမိဳ႕အနီး၌ အင္အားအျပင္းဆုံး ေျမငလ်င္ လႈပ္ခတ္မႈ ျဖစ္ပြားခဲ့ေသးသည္။
“တကယ္အတိအက် ႀကိဳတင္ၿပီးေတာ့ ခန႔္မွန္းလို႔ကေတာ့ မရဘူး။ ကြၽန္ေတာ့္အေနနဲ႔ ေျပာမယ္ဆိုရင္ေတာ့ စစ္ကိုင္းျပတ္ေ႐ြ႕ႀကီး အေပၚက ငလ်င္ႀကီးလႈပ္လိုက္တဲ့အတြက္ ေက်ာက္ၾကမ္း ျပတ္ေ႐ြ႕အပါအဝင္ က်န္တဲ့ ျပတ္ေ႐ြ႕ အေသးေလးေတြ အမ်ားႀကီးရွိတယ္။ အဲဒီဟာေတြကိုေတာ့ သြားၿပီးေတာ့ သက္ေရာက္မႈေတာ့ျဖစ္တယ္။ ေျမျပင္အက္ ကြဲမႈအပိုင္းေတြလည္းျဖစ္တာရွိတယ္။ ေနာက္ၿပီးေတာ့ ငလ်င္ရဲ႕ သက္ေရာက္မႈ ၊ ငလ်င္ႀကီးရဲ႕ သက္ေရာက္မႈေၾကာင့္ ဒါေတြလႈပ္ရွားသြားတာေတာ့မွန္တယ္။ ဒါေပမဲ့ ဒီလႈပ္ရွားသြားတာေၾကာင့္ သူတို႔ဆီမွာ ငလ်င္ငယ္ေတြ လႈပ္တာပဲရွိမယ္။ ငလ်င္ႀကီးေတာ့ ဒီရက္ပိုင္းအတြင္း ၊ လပိုင္းအတြင္းမွာေတာ့ လႈပ္လာ စရာအေၾကာင္းမရွိဘူး။ အယူအဆနဲ႔ ေတြးၿပီးေတာ့ ျဖစ္ႏိုင္ေျခရွိတာကို ေတြးၾကည့္တဲ့ သေဘာေပါ့”ဟု ၎ကေျပာသည္။ သို႔ေသာ္ ငလ်င္ေၾကာမ်ားေပၚတြင္ ၿမိဳ႕မ်ားတည္ရွိ သည့္အတြက္ ငလ်င္ႏွင့္ပတ္သက္ ေသာအႏၲရာယ္ကို မည္သူမဆို အၿမဲသတိထားေန သင့္ေၾကာင္း ၎ကဆိုသည္။ “အဓိကကေတာ့ စိုးရိမ္ေၾကာင့္ၾကမႈ လြန္ကဲတာမ်ိဳးမျဖစ္ဖို႔ရယ္၊ ေနာက္ၿပီးေတာ့ သိပၸံနည္းက်က်မွန္းဆၿပီးေတာ့ ဒီခန႔္ မွန္းတဲ့နည္းလမ္း အဲဒီဟာကလြဲရင္ က်န္တဲ့ေဟာ တာတို႔ အယုံအၾကည္တအားႀကီးၿပီးေတာ့ အဲဒီေနာက္ကို တအား လိုက္မသြားဖို႔ပါပဲ။ မဟုတ္ရင္ စိတ္ေသာက ေတာက္ေလွ်ာက္ရေနၿပီးေတာ့ အိမ္ထဲမေနရဲ အျပင္ ပဲထြက္အိပ္ အဲဒီလိုေတြ ျဖစ္ေနလိမ့္မယ္”ဟု ၎က အႀကံျပဳေျပာသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ မတ္လ (၂၈) ရက္က အင္အား (၇ ဒသမ ၇)ျဖင့္ လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးအပါအဝင္ ဧၿပီ (၂၂)ရက္ အထိ ေနာက္ဆက္တြဲငလ်င္ငယ္ စုစုေပါင္း (၁၅၃) ႀကိမ္လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒòန္ ၾကားမႈဦးစီးဌာန၏ ဧၿပီလ (၂၁)ရက္၊ ညေန (၄)နာရီဝန္း က်င္ထုတ္ ျပန္ခ်က္အရ သိရသည္။ ငလ်င္သည္ မည္သည့္အခ်ိန္၊ မည္သည့္ေနရာတြင္လႈပ္ရွားမည္ကို ယေန႔အခ်ိန္ထိ ကမာၻ ေပၚတြင္ မည္သည့္ႏိုင္ငံ၊ မည္သည့္ငလ်င္ပညာရွင္မွ တိတိက်က် ႀကိဳတင္မခန႔္ မွန္းႏိုင္ေသာ သဘာဝေဘး တစ္မ်ိဳး ျဖစ္ေၾကာင္း ပညာရွင္မ်ားက ဆိုထားသည္။

Related news

© 2021. All rights reserved.