မြန်မာ-ဘယ်လာရုစ်(၂)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှု အပါအဝင် ကဏ္ဍများစွာဆွေးနွေးခဲ့

181

သန့်ဇင် (NP News) - အောက်တိုဘာ ၇
မြန်မာ-ဘယ်လာရုစ်(၂)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေမှုအပါအဝင် ကဏ္ဍများစွာဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) မစ္စတာဆာဂေး လူကာရှယ်ဗစ်ချ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေမှု၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူး ပေါင်း ဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလာရေးစသည့် ကဏ္ဍ များအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံ၊ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS အဖွဲ့တို့နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ယင်းအဖွဲ့များအတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ-ဘယ္လာ႐ုစ္(၂)ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားအၾကား ဒုတိယအႀကိမ္ ညႇိႏႈိင္းေဆြးေႏြးပြဲတြင္ အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္ ျပင္ဆင္ေနမႈ အပါအဝင္ က႑မ်ားစြာေဆြးေႏြးခဲ့
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၇
ျမန္မာ-ဘယ္လာ႐ုစ္(၂)ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားအၾကား ဒုတိယအႀကိမ္ညႇိႏႈိင္းေဆြးေႏြးပြဲတြင္ ျမန္မာႏိုင္ငံ၏ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရန္ျပင္ဆင္ေနမႈအပါအဝင္ က႑မ်ားစြာေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃ ရက္၊ နံနက္ပိုင္းက ဘယ္လာ႐ုစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ က်င္းပခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးကိုကိုေက်ာ္ႏွင့္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး(၁) မစၥတာဆာေဂး လူကာရွယ္ဗစ္ခ်္တို႔ တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္ျပင္ဆင္ေနမႈ၊ ႏွစ္ႏိုင္ငံႏိုင္ငံျခားေရးဝန္ႀကီးဌာနမ်ားအၾကား ပိုမိုနီးကပ္စြာပူး ေပါင္း ေဆာင္႐ြက္ေရး၊ ကာကြယ္ေရးႏွင့္ လုံၿခဳံေရး၊ ပညာေရး၊ သိပၸံႏွင့္နည္းပညာ၊ ယဥ္ေက်းမႈ၊ အားကစားႏွင့္ခရီးသြားလာေရးစသည့္ က႑ မ်ားအပါအဝင္ ႏွစ္ႏိုင္ငံအၾကား အျပန္အလွန္အက်ိဳးျဖစ္ထြန္းေစမည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ေရးတို႔ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာေရးရာကိစၥရပ္မ်ားႏွင့္ပတ္သက္၍ အာဆီယံ၊ ဥေရာပ-အာရွစီးပြားေရးသမဂၢ၊ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕၊ BRICS အဖြဲ႕တို႔ႏွင့္ပတ္သက္သည့္ ျဖစ္ေပၚတိုးတက္မႈမ်ားႏွင့္ ယင္းအဖြဲ႕မ်ားအတြင္း ပူးေပါင္းေဆာင္႐ြက္မႈ ကိစၥရပ္မ်ားတြင္ ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။