ငလျင်ကြောင့် ထိခိုက်ခဲ့သော ဒေသ(၅)ခုမှ ရှေးဟောင်းအဆောက်အအုံများကို UNESCO Guide Line နှင့်အညီ ဆောင်ရွက်နေ

114

စော (NP News) - မေ ၁
အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခဲ့သော မန္တလေး အပါအဝင် ဒေသ (၅)ခုရှိ ရှေးဟောင်း အမွေအနှစ်အဆောက်အအုံများကို UNESCO Guide Line နှင့်အညီ ဆောင်ရွက်နေကြောင်း သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါငလျင်ကြောင့် မန္တလေး၊ အင်းဝ၊ ပင်းယ၊ ပလိပ်၊ မက္ခရာ၊ စစ်ကိုင်း စသည့် ဒေသများရှိ ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အဖွဲ့(၈)ဖွဲ့ ဖွဲ့စည်းကာ UNESCO Guide Line နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး Assessment များ ကောက်ယူလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရှေးဟောင်းအဆောက်အအုံများကို ဦးစားပေး အဆင့် သတ်မှတ်ခွဲခြားလျက်ရှိပြီး ၂၀၁၆ ခုနှစ် ပုဂံငလျင် ဖြစ်ပွားခဲ့ပြီးနောက် UNESCO ပညာရှင်များ လာရောက်ပြုစု သင်ကြားပေးခဲ့သည့် ပုံစံ၊ စနစ်၊ ဇယားများအား မှီငြမ်း နမူနာယူ၍ ရှေးဟောင်းစေတီ၊ ပုထိုးများ၏ ဗိသုကာနှင့်အနုပညာလက်ရာများအား စိစစ်မှတ်တမ်းပြုစုလျက်ရှိ ကြောင်း သိရသည်။
အင်းဝဒေသသည် ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုရှိသည့်အနက် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက် အအုံ ၆၁၄ ခု စစ်ဆေးတွေ့ရှိကာ စာရင်းကောက်ယူပြီးစီး၍ အသေးစိတ်စာရင်းသွင်းမှု ၅၀၀ ကျော် ပြီးစီးပြီဖြစ်ပြီး Grading ခွဲပြီးပါက ပြုပြင်ထိန်းသိမ်းခြင်းကို ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက် အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် လုပ်ငန်းများကို အဆင့်အလိုက် စနစ်တကျဆောင်ရွက် လျက်ရှိကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များချမှတ်ပြီး လတ်တလော ပျက်စီးမှု စာရင်းကောက်ယူခြင်း၊ ဓာတ်ပုံ/ဗွီဒီယိုမှတ်တမ်းများရိုက်ကူးခြင်း၊ အတွင်းနံရံဆေးရေးပန်းချီများ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အရေးပေါ်ထိန်းသိမ်းရန်လိုအပ်ပါက ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ခန့်မှန်းခြေ စာရင်းနှင့်အစီရင်ခံစာရေးသားခြင်း၊ Conserve / Restore/ Rebuild ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေများအလိုက် အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့သေးသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ထိခိုက္ခဲ့ေသာ ေဒသ(၅)ခုမွ ေရွးေဟာင္းအေဆာက္အအုံမ်ားကို UNESCO Guide Line ႏွင့္အညီ ေဆာင္႐ြက္ေန
ေစာ (NP News) - ေမ ၁
အင္အားျပင္းမႏၲေလးငလ်င္ႀကီးဒဏ္ေၾကာင့္ ထိခိုက္ခဲ့ေသာ မႏၲေလး အပါအဝင္ ေဒသ (၅)ခုရွိ ေရွးေဟာင္း အေမြအႏွစ္အေဆာက္အအုံမ်ားကို UNESCO Guide Line ႏွင့္အညီ ေဆာင္႐ြက္ေနေၾကာင္း သာသာနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္ အရ သိရသည္။
အဆိုပါငလ်င္ေၾကာင့္ မႏၲေလး၊ အင္းဝ၊ ပင္းယ၊ ပလိပ္၊ မကၡရာ၊ စစ္ကိုင္း စသည့္ ေဒသမ်ားရွိ ထိခိုက္ပ်က္စီးခဲ့ေသာ ေရွးေဟာင္းအေမြအႏွစ္အေဆာက္အအုံမ်ားကို ျပဳျပင္ထိန္းသိမ္းႏိုင္ရန္အတြက္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက အဖြဲ႕(၈)ဖြဲ႕ ဖြဲ႕စည္းကာ UNESCO Guide Line ႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိၿပီး Assessment မ်ား ေကာက္ယူလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ေရွးေဟာင္းအေဆာက္အအုံမ်ားကို ဦးစားေပး အဆင့္ သတ္မွတ္ခြဲျခားလ်က္ရွိၿပီး ၂၀၁၆ ခုႏွစ္ ပုဂံငလ်င္ ျဖစ္ပြားခဲ့ၿပီးေနာက္ UNESCO ပညာရွင္မ်ား လာေရာက္ျပဳစု သင္ၾကားေပးခဲ့သည့္ ပုံစံ၊ စနစ္၊ ဇယားမ်ားအား မွီျငမ္း နမူနာယူ၍ ေရွးေဟာင္းေစတီ၊ ပုထိုးမ်ား၏ ဗိသုကာႏွင့္အႏုပညာလက္ရာမ်ားအား စိစစ္မွတ္တမ္းျပဳစုလ်က္ရွိ ေၾကာင္း သိရသည္။
အင္းဝေဒသသည္ ေရွးေဟာင္းအေဆာက္အအုံ ၉၆၁ ခုရွိသည့္အနက္ ထိခိုက္ပ်က္စီးခဲ့ေသာ ေရွးေဟာင္းအေဆာက္ အအုံ ၆၁၄ ခု စစ္ေဆးေတြ႕ရွိကာ စာရင္းေကာက္ယူၿပီးစီး၍ အေသးစိတ္စာရင္းသြင္းမႈ ၅၀၀ ေက်ာ္ ၿပီးစီးၿပီျဖစ္ၿပီး Grading ခြဲၿပီးပါက ျပဳျပင္ထိန္းသိမ္းျခင္းကို ေ႐ြးခ်ယ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနအေနျဖင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေရွးေဟာင္းအေဆာက္ အအုံမ်ားအား ျပန္လည္ျပဳျပင္ထိန္းသိမ္းႏိုင္ရန္အတြက္ လုပ္ငန္းမ်ားကို အဆင့္အလိုက္ စနစ္တက်ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ၿပီးခဲ့သည့္ ဧၿပီလ ၂၈ ရက္က ထုတ္ျပန္ထားသည္။
အဆိုပါျပဳျပင္ထိန္းသိမ္းႏိုင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာတြင္ လုပ္ငန္းစဥ္မ်ားခ်မွတ္ၿပီး လတ္တေလာ ပ်က္စီးမႈ စာရင္းေကာက္ယူျခင္း၊ ဓာတ္ပုံ/ဗြီဒီယိုမွတ္တမ္းမ်ား႐ိုက္ကူးျခင္း၊ အတြင္းနံရံေဆးေရးပန္းခ်ီမ်ား ထိခိုက္မႈ ရွိ/မရွိ စစ္ေဆးျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ အေရးေပၚထိန္းသိမ္းရန္လိုအပ္ပါက ထိန္းသိမ္းျခင္း၊ သန႔္ရွင္းေရးလုပ္ငန္း ေဆာင္႐ြက္ျခင္း၊ ခန႔္မွန္းေျခ စာရင္းႏွင့္အစီရင္ခံစာေရးသားျခင္း၊ Conserve / Restore/ Rebuild ေဆာင္႐ြက္ျခင္း စသည့္ လုပ္ငန္းမ်ားကို သက္ဆိုင္ရာနယ္ေျမမ်ားအလိုက္ အဖြဲ႕မ်ား ဖြဲ႕စည္းေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ခဲ့ေသးသည္။