စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး ပူးပေါင်းပါဝင်ရန် နစကဥက္ကဋ္ဌတိုက်တွန်း

 354

သန့်ဇင် (NP News) - မေ ၁

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး ပူးပေါင်း ပါဝင်ရန် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဧပြီလ ၃ဝ ရက်) နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်တွင် ကျင်းပသော မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံတွင် အထက်ပါကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးသည် နိုင်ငံတော်အတွက် အရေးကြီးခြင်းကြောင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထု စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင် မည်ဆိုပါက လူမှုစီးပွားဘဝများသည် မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အနေဖြင့်လည်း ထမ်းဆောင်နေရသည့်တာဝန်များအပြင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စဉ်ဆက် မပြတ် မျက်စိကိုဖွင့် နားကိုစွင့်ထားကြရန်လည်း နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
တပ်မတော်သားဟောင်းများဖြစ်သည့်အတွက်လည်း တပ်မတော်၏ အစဉ်အလာကောင်းများကို ထာဝစဉ် ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့် ဂုဏ်သိက္ခာများကိုလည်း ဆက်လက် စောင့်ထိန်းသွားကြရန် နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြား ခဲ့သည်။
ထို့ပြင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များတွင် တပ်မတော်၏ အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ချမှတ်ပေးထားသည့် ရှေ့လုပ်ငန်းစဉ် (၇) ရပ် နှင့် လုပ်ငန်းကဏ္ဍကြီး (၅) ရပ်ကို စစ်သားကောင်း တစ်ယောက်ပီပီ လိုက်နာ အကောင်အထည်ဖော်ပြီး ပြည်သူနှင့်တပ်မတော်အကြား ခိုင်မာသည့် ပေါင်းကူးသဖွယ် ဖြစ်အောင် ကြိုးပမ်းသွားကြရန်လည်း နစကဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ားအေနျဖင့္ တပ္မေတာ္၏ အရန္အင္အားအျဖစ္ ခိုင္ခိုင္မာမာရပ္တည္ၿပီး ပူးေပါင္း ပါဝင္ရန္ နစကဥကၠ႒တိုက္တြန္း
သန႔္ဇင္ (NP News) - ေမ ၁
စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ားအေနျဖင့္ တပ္မေတာ္၏ အရန္အင္အားအျဖစ္ ခိုင္ခိုင္မာမာရပ္တည္ၿပီး ပူးေပါင္း ပါဝင္ရန္ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕နာယက၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ဧၿပီလ ၃ဝ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ ဗဟိုဌာနခ်ဳပ္တြင္ က်င္းပေသာ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖြဲ႕ အထူးညီလာခံတြင္ အထက္ပါကဲ့သို႔ ေျပာၾကား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တိုင္းျပည္သာယာဝေျပာေရး ႏွင့္ စားေရရိကၡာဖူလုံေရးသည္ ႏိုင္ငံေတာ္အတြက္ အေရးႀကီးျခင္းေၾကာင့္ အမ်ိဳးသားေရး ရည္မွန္းခ်က္ႏွစ္ရပ္အျဖစ္ ခ်မွတ္အေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ျပင္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းၿပီး ျပည္သူလူထု စိတ္ေအးခ်မ္းသာစြာ လုပ္ကိုင္စားေသာက္ေနထိုင္ႏိုင္ မည္ဆိုပါက လူမႈစီးပြားဘဝမ်ားသည္ မလြဲမေသြ ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ၿပီး စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား အေနျဖင့္လည္း ထမ္းေဆာင္ေနရသည့္တာဝန္မ်ားအျပင္ ႏိုင္ငံေတာ္၏ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ စဥ္ဆက္ မျပတ္ မ်က္စိကိုဖြင့္ နားကိုစြင့္ထားၾကရန္လည္း နစကဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္သားေဟာင္းမ်ားျဖစ္သည့္အတြက္လည္း တပ္မေတာ္၏ အစဥ္အလာေကာင္းမ်ားကို ထာဝစဥ္ ထိန္းသိမ္းသကဲ့သို႔ စစ္မႈထမ္းေဟာင္းအဖြဲ႕ႀကီး၏ ေကာင္းမြန္သည့္ ဂုဏ္သိကၡာမ်ားကိုလည္း ဆက္လက္ ေစာင့္ထိန္းသြားၾကရန္ နစကဥကၠ႒က ထည့္သြင္းေျပာၾကား ခဲ့သည္။
ထို႔ျပင္ ဒို႔တာဝန္အေရးသုံးပါးကို ဦးထိပ္ထားၿပီး အမ်ိဳးသားကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္း မ်ားတြင္ တပ္မေတာ္၏ အရန္အင္အားအျဖစ္ ခိုင္ခိုင္မာမာရပ္တည္ၿပီး ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကရန္လည္း တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ခ်မွတ္ေပးထားသည့္ ေရွ႕လုပ္ငန္းစဥ္ (၇) ရပ္ ႏွင့္ လုပ္ငန္းက႑ႀကီး (၅) ရပ္ကို စစ္သားေကာင္း တစ္ေယာက္ပီပီ လိုက္နာ အေကာင္အထည္ေဖာ္ၿပီး ျပည္သူႏွင့္တပ္မေတာ္အၾကား ခိုင္မာသည့္ ေပါင္းကူးသဖြယ္ ျဖစ္ေအာင္ ႀကိဳးပမ္းသြားၾကရန္လည္း နစကဥကၠ႒က မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.