မန္တလေးငလျင်ဒဏ်သင့် အလုပ်သမားများကို ကျပ်သန်းပေါင်း (၂၁ ဒသမ ၇ဝ၃ ဘီလျံ) ကျော် ထောက်ပံ့ရန် စီစဉ်

302

ချယ်ရီ (NP News) - မေ ၁
မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှုအကျိုးခံစားခွင့် ကျပ်ငွေသန်းပေါင်း (၂၁ ဒသမ ၇၀၃ ဘီလျံ)ကျော်ကို ထောက်ပံ့ပေးအပ်ရန် စီစဉ်နေ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အဆိုပါပြောစကားကို ယနေ့ (မေလ ၁ ရက်) ၌ ကျရောက်သော (၈၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအတွင်း ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
အလုပ်ရှင်နှင့်အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရေးနှင့် အငြင်းပွားမှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်မြန်ဆန်စွာ ရရှိ ခံစားနိုင်ရေးမှာ အလွန်အရေးကြီးသောကြောင့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (၂,၉၈၂) ဖွဲ့၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (၃၂၅)ဖွဲ့၊ ခုံသမာဓိအဖွဲ့(၁၅)ဖွဲ့နှင့် ခုံသမာဓိကောင်စီ(၁)ဖွဲ့တို့ဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဌက ပြောသည်။
ထို့ပြင် ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိ သဖြင့် ပြည်ပသို့သွားရောက် လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်နိုင်ရေးတို့ကို ဆောင်ရွက်ရန် လိုအပ်ပြီး ပြည်ပသို့ မြန်မာအလုပ်သမားများစေလွှတ်ရာတွင်လည်း လစာဝင်ငွေနှင့် အကျိုးခံစားခွင့်ကောင်းသောနိုင်ငံများသို့ ဦးစားပေးစေလွှတ်ခြင်း၊ သတ်မှတ်ကာလပြည့်မြောက်၍ မိမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အရေအတွက်နှင့် စေလွှတ်ပေးရမည့်အရေအတွက်တို့ကို နှိုင်းယှဉ်တွက်ဆ ခြင်းတို့ဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန်နှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဖန်တီးဖော်ဆောင် ပေးလျက်ရှိကြောင်း နစကဥက္ကဌက ပြောသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်သမား သံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အလုပ်သမားသံအရာရှိ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက်ပေး လျက်ရှိကြောင်း နစကဥက္ကဌမှ ပြောသည်။
ထို့နောက် မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများကို သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ကျပ်ငွေသန်းပေါင်း ၂၁၇၀၃ ဒသမ ၁၀၄ (၂၁ ဒသမ ၇၀၃ ဘီလျံ) ကို ထောက်ပံ့ပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း နစကဥက္ကဌမှ ပြောကြားသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း၌လည်း အာမခံအလုပ်သမားများကို လူမှုဖူလုံရေးအကျိုးခံစားခွင့်ဖြစ်သော ကျပ်ငွေသန်းပေါင်း ၇၁,၈၅၅ ဒသမ ၅၄၉ (၇၁ ဒသမ ၈၅၆ ဘီလျံ) နှင့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့ ရသည့် အာမခံအလုပ်သမား (၃၃၉၄)ဦး ကိုလည်း ကျပ်ငွေသန်းပေါင်း (၂၆၆ ဒသမ ၂၉၇) ထောက်ပံ့ပေးနိုင်ခဲ့ ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးငလ်င္ဒဏ္သင့္ အလုပ္သမားမ်ားကို က်ပ္သန္းေပါင္း (၂၁ ဒသမ ၇ဝ၃ ဘီလ်ံ) ေက်ာ္ ေထာက္ပံ့ရန္ စီစဥ္
ခ်ယ္ရီ (NP News) - ေမ ၁
မႏၲေလးငလ်င္ေဘးဒဏ္သင့္ အာမခံအလုပ္သမားမ်ားကို သဘာဝေဘးအႏၲရာယ္က်ေရာက္မႈဆိုင္ရာ မိသားစု ေထာက္ပံ့မႈအက်ိဳးခံစားခြင့္ က်ပ္ေငြသန္းေပါင္း (၂၁ ဒသမ ၇၀၃ ဘီလ်ံ)ေက်ာ္ကို ေထာက္ပံ့ေပးအပ္ရန္ စီစဥ္ေန ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
အဆိုပါေျပာစကားကို ယေန႔ (ေမလ ၁ ရက္) ၌ က်ေရာက္ေသာ (၈၇)ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔အခမ္းအနားသို႔ ေပးပို႔သည့္သဝဏ္လႊာအတြင္း ထည့္သြင္းေျပာၾကားထားျခင္းျဖစ္သည္။
အလုပ္ရွင္ႏွင့္အလုပ္သမားမ်ားအၾကား ဆက္ဆံေရးေကာင္းမြန္ၿပီး လုပ္ငန္းခြင္ေအးခ်မ္းသာယာေစေရးႏွင့္ အျငင္းပြားမႈမ်ားကို တရားမွ်တစြာ ေျဖရွင္းေဆာင္႐ြက္ေပးျခင္းျဖင့္ ရပိုင္ခြင့္မ်ားကို မွ်တမွန္ကန္ျမန္ဆန္စြာ ရရွိ ခံစားႏိုင္ေရးမွာ အလြန္အေရးႀကီးေသာေၾကာင့္ စက္႐ုံ၊ အလုပ္႐ုံႏွင့္ လုပ္ငန္းခြင္မ်ားတြင္ အလုပ္သမားေရးရာ လုပ္ငန္းညႇိႏႈိင္းေရးေကာ္မတီ (၂,၉၈၂) ဖြဲ႕၊ ၿမိဳ႕နယ္ညႇိႏႈိင္းဖ်န္ေျဖေရးအဖြဲ႕ (၃၂၅)ဖြဲ႕၊ ခုံသမာဓိအဖြဲ႕(၁၅)ဖြဲ႕ႏွင့္ ခုံသမာဓိေကာင္စီ(၁)ဖြဲ႕တို႔ျဖင့္ ညႇိႏႈိင္းေျဖရွင္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း နစကဥကၠဌက ေျပာသည္။
ထို႔ျပင္ ျပည္ပသို႔ သြားေရာက္လုပ္ကိုင္မႈမ်ားေၾကာင့္ ျပည္တြင္းတြင္ အလုပ္သမားရွားပါးမႈမ်ား ျဖစ္ေပၚလ်က္ရွိ သျဖင့္ ျပည္ပသို႔သြားေရာက္ လုပ္ကိုင္ျခင္းထက္ ဘဝလုံၿခဳံမႈရွိသည့္ ျပည္တြင္း၌ လုပ္ကိုင္ႏိုင္ေရးတို႔ကို ေဆာင္႐ြက္ရန္ လိုအပ္ၿပီး ျပည္ပသို႔ ျမန္မာအလုပ္သမားမ်ားေစလႊတ္ရာတြင္လည္း လစာဝင္ေငြႏွင့္ အက်ိဳးခံစားခြင့္ေကာင္းေသာႏိုင္ငံမ်ားသို႔ ဦးစားေပးေစလႊတ္ျခင္း၊ သတ္မွတ္ကာလျပည့္ေျမာက္၍ မိမိႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာေသာ အေရအတြက္ႏွင့္ ေစလႊတ္ေပးရမည့္အေရအတြက္တို႔ကို ႏႈိင္းယွဥ္တြက္ဆ ျခင္းတို႔ျဖင့္ ျပည္တြင္း၌ အလုပ္အကိုင္အခြင့္အလမ္းမ်ားရရွိႏိုင္ရန္ႏွင့္ ျပည္ပတြင္ အလုပ္လုပ္ကိုင္ႏိုင္ရန္ ဖန္တီးေဖာ္ေဆာင္ ေပးလ်က္ရွိေၾကာင္း နစကဥကၠဌက ေျပာသည္။
ျပည္ပေရာက္ ျမန္မာအလုပ္သမားမ်ားကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္ ဂ်ပန္ႏိုင္ငံ၊ ကိုရီးယားႏိုင္ငံ၊ မေလးရွား ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔တြင္ အလုပ္သမား သံအရာရွိမ်ား ခန႔္အပ္တာဝန္ေပးထားၿပီး အလုပ္သမားသံအရာရွိ မရွိသည့္ႏိုင္ငံမ်ားတြင္ သက္ဆိုင္ရာႏိုင္ငံရွိ ျမန္မာသံ႐ုံးမ်ား၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမ်ားမွ ကာကြယ္ေစာင့္ေရွာက္ေပး လ်က္ရွိေၾကာင္း နစကဥကၠဌမွ ေျပာသည္။
ထို႔ေနာက္ မႏၲေလးငလ်င္ေဘးဒဏ္သင့္ အာမခံအလုပ္သမားမ်ားကို သဘာဝေဘးအႏၲရာယ္က်ေရာက္မႈဆိုင္ရာ မိသားစုေထာက္ပံ့မႈအက်ိဳးခံစားခြင့္ က်ပ္ေငြသန္းေပါင္း ၂၁၇၀၃ ဒသမ ၁၀၄ (၂၁ ဒသမ ၇၀၃ ဘီလ်ံ) ကို ေထာက္ပံ့ေပးအပ္ရန္ စီစဥ္လ်က္ရွိေၾကာင္း နစကဥကၠဌမွ ေျပာၾကားသည္။
ကိုဗစ္-၁၉ ကူးစက္ေရာဂါကာလအတြင္း၌လည္း အာမခံအလုပ္သမားမ်ားကို လူမႈဖူလုံေရးအက်ိဳးခံစားခြင့္ျဖစ္ေသာ က်ပ္ေငြသန္းေပါင္း ၇၁,၈၅၅ ဒသမ ၅၄၉ (၇၁ ဒသမ ၈၅၆ ဘီလ်ံ) ႏွင့္ ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ ေရေဘးသင့္ခဲ့ ရသည့္ အာမခံအလုပ္သမား (၃၃၉၄)ဦး ကိုလည္း က်ပ္ေငြသန္းေပါင္း (၂၆၆ ဒသမ ၂၉၇) ေထာက္ပံ့ေပးႏိုင္ခဲ့ ေၾကာင္း သိရသည္။