လျှပ်စစ်ဓာတ်အားပေး LNG သင်္ဘော မြန်မာသို့ တစ်ကျော့ ပြန်လာဖွယ်ရှိ

 3490

Pearl (NP News)
လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းကို ကုစားမည့် သဘာဝဓာတ်ငွေ့တင်သင်္ဘောကြီး မြန်မာ နိုင်ငံသို့ တစ်ကျော့ပြန်လာဖွယ်ရှိကြောင်း ထွက်ပေါ်နေသော သတင်းများအရ သိရသည်။
(၂၀၁၉) ခုနှစ်က အိတ်ဖွင့်တင်ဒါ ခေါ်ယူရာ အောင်မြင်ခဲ့သော MT CNTIC VPOWER ENERGY ဓာတ်ငွေ့တင်သင်္ဘောကြီးသည် (၂၀၂၂)ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း အကွက် အမှတ်(၁၄)ရှိ Dolphin Jetty တွင် Floating Storage Unit (FSU) အဖြစ် (၂)နှစ်ကျော် ဆိုက်ကပ်၍ သာကေတမြို့နယ်ရှိ မဂ္ဂါဝပ် (၄၀ဝ) လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် သန်လျင် မြို့နယ်ရှိ မဂ္ဂါဝပ် (၃၅၀) ဓာတ်အားပေးစက်ရုံတို့နှင့် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကာ (၂၀၂၃)ခုနှစ် မတ်လ (၃၀)ရက်တွင် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
ထို့နောက် မေလ(၉)ရက်တွင် ရေကြောင်းဆိုင်ရာကုမ္ပဏီတစ်ခုက MT CNTIC VPOWER ENERGY ဓာတ်ငွေ့တင်သင်္ဘောကြီးကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်ရာတွင် ပါဝင်ဆောင်ရွက်ရန် မြန်မာ သင်္ဘောသား (၁၄)ဦးသည် မေလ(၉) ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြောင်း ၎င်းတို့၏လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် တင်ခဲ့ကာ နာရီပိုင်းအကြာတွင် ပြန်လည်ဖြုတ်ချသွားခဲ့သည်။ အဆိုပါသင်္ဘောကြီးကို ဆက်လက်အသုံးပြုရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရှိသူတစ်ဦး က NP News သို့ ယခင်က ပြောကြားထားခဲ့ဖူးသည်။
“LNG သင်္ဘောက သူမလာခင်က တည်းက (၆) လစာ Deposit တင်ထားရတယ်။ ရောက်တာနဲ့ ပိုက်ဆံပေး၊ ပိုက်ဆံပေးဖို့က ဒေါ်လာပေးရတာ” ဟု ယင်းက လုပ်ငန်းစဉ်ကို ရှင်းပြသည်။
အကယ်၍ ယင်းသင်္ဘောကြီး မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုပါက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကာ ရန်ကုန်မြို့ မှ စက်ရုံ၊ အလုပ်ရုံများအတွက်လည်း လျှပ်စစ် ဓာတ်အား ပိုမိုရရှိဖွယ်ရှိသည်။ ယင်းသတင်းနှင့် ပတ်သက်၍ NP News က ထပ်မံ အတည်ပြုနေဆဲဖြစ် ကာ သတင်းရင်းမြစ်တစ်ဦးကမူ ယင်းသင်္ဘောရောက်လာနိုင်ခြေရှိသော သတင်းမှာ ဖြစ်နိုင်ကြောင်းဆို ပြီး အခြားတစ်ဦးကမူ မသိရသေးဟု ပြန်လည်ဖြေကြားသည်။

Zawgyi Version:
လွ်ပ္စစ္ဓာတ္အားေပး LNG သေဘၤာ ျမန္မာသို႔ တစ္ေက်ာ့ ျပန္လာဖြယ္ရွိ
Pearl (NP News)
လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ျခင္းကို ကုစားမည့္ သဘာဝဓာတ္ေငြ႕တင္သေဘၤာႀကီး ျမန္မာ ႏိုင္ငံသို႔ တစ္ေက်ာ့ျပန္လာဖြယ္ရွိေၾကာင္း ထြက္ေပၚေနေသာ သတင္းမ်ားအရ သိရသည္။
(၂၀၁၉) ခုႏွစ္က အိတ္ဖြင့္တင္ဒါ ေခၚယူရာ ေအာင္ျမင္ခဲ့ေသာ MT CNTIC VPOWER ENERGY ဓာတ္ေငြ႕တင္သေဘၤာႀကီးသည္ (၂၀၂၂)ခုႏွစ္ ႏိုဝင္ဘာလက ရန္ကုန္ၿမိဳ႕ သီလဝါဆိပ္ကမ္း အကြက္ အမွတ္(၁၄)ရွိ Dolphin Jetty တြင္ Floating Storage Unit (FSU) အျဖစ္ (၂)ႏွစ္ေက်ာ္ ဆိုက္ကပ္၍ သာေကတၿမိဳ႕နယ္ရွိ မဂၢါဝပ္ (၄၀ဝ) လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွင့္ သန္လ်င္ ၿမိဳ႕နယ္ရွိ မဂၢါဝပ္ (၃၅၀) ဓာတ္အားေပးစက္႐ုံတို႔ႏွင့္ ခ်ိတ္ဆက္ကာ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးခဲ့ကာ (၂၀၂၃)ခုႏွစ္ မတ္လ (၃၀)ရက္တြင္ ျပန္လည္ထြက္ခြာသြားျခင္းျဖစ္သည္။
ထို႔ေနာက္ ေမလ(၉)ရက္တြင္ ေရေၾကာင္းဆိုင္ရာကုမၸဏီတစ္ခုက MT CNTIC VPOWER ENERGY ဓာတ္ေငြ႕တင္သေဘၤာႀကီးကို ျမန္မာႏိုင္ငံသို႔ ေခၚေဆာင္ရာတြင္ ပါဝင္ေဆာင္႐ြက္ရန္ ျမန္မာ သေဘၤာသား (၁၄)ဦးသည္ ေမလ(၉) ရက္တြင္ ျမန္မာႏိုင္ငံမွ ထြက္ခြာသြားေၾကာင္း ၎တို႔၏လူမႈကြန္ ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ တင္ခဲ့ကာ နာရီပိုင္းအၾကာတြင္ ျပန္လည္ျဖဳတ္ခ်သြားခဲ့သည္။ အဆိုပါသေဘၤာႀကီးကို ဆက္လက္အသုံးျပဳရန္အတြက္ ညႇိႏႈိင္းမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရွိသူတစ္ဦး က NP News သို႔ ယခင္က ေျပာၾကားထားခဲ့ဖူးသည္။
“LNG သေဘၤာက သူမလာခင္က တည္းက (၆) လစာ Deposit တင္ထားရတယ္။ ေရာက္တာနဲ႔ ပိုက္ဆံေပး၊ ပိုက္ဆံေပးဖို႔က ေဒၚလာေပးရတာ” ဟု ယင္းက လုပ္ငန္းစဥ္ကို ရွင္းျပသည္။
အကယ္၍ ယင္းသေဘၤာႀကီး ျမန္မာႏိုင္ငံသို႔ လာေရာက္မည္ဆိုပါက ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္မည္ျဖစ္ကာ ရန္ကုန္ၿမိဳ႕ မွ စက္႐ုံ၊ အလုပ္႐ုံမ်ားအတြက္လည္း လွ်ပ္စစ္ ဓာတ္အား ပိုမိုရရွိဖြယ္ရွိသည္။ ယင္းသတင္းႏွင့္ ပတ္သက္၍ NP News က ထပ္မံ အတည္ျပဳေနဆဲျဖစ္ ကာ သတင္းရင္းျမစ္တစ္ဦးကမူ ယင္းသေဘၤာေရာက္လာႏိုင္ေျခရွိေသာ သတင္းမွာ ျဖစ္ႏိုင္ေၾကာင္းဆို ၿပီး အျခားတစ္ဦးကမူ မသိရေသးဟု ျပန္လည္ေျဖၾကားသည္။

Related news

© 2021. All rights reserved.