အနောက်အုပ်စုရဲ့ပိတ်ဆို့အရေးယူမှုတွေကိုမကြောက်ဘူးလို့ ရုရှားအစိုးရပြော

485

Pika (NP News) - မေ ၁၂
ရုရှားနိုင်ငံဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကို မကြောက်ရွံ့ဘူးလို့ ရုရှားအစိုးရပြောရေး ဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က ဗြိတိန်အစိုးရက ချမှတ်ခဲ့တဲ့ပိတ်ဆို့အရေးယူမှုအသစ်တွေနဲ့ပတ်သက်ပြီး ဒီမစ်ထရီပက်စကော့ဗ် က ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒီမစ်ထရီပက်စကော့ဗ်က “ပိတ်ဆို့အရေးယူမှုတွေကို ကြေညာလိုက်ပြီဆိုတာနဲ့ အဲဒါတွေရဲ့အကျိုးသက်ရောက်မှုတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ရုရှားဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ဖိအားကို တန်ပြန်မှုတွေလုပ်ဆောင်မယ့် ထိရောက်တဲ့ နည်းလမ်းတွေကို သင်ယူခဲ့ပြီးပါပြီ။ ဒါကြောင့်မလို့ ပိတ်ဆို့အရေးယူမှုတွေက ကျွန်တော်တို့ကို ကြောက်ရွံ့စေမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
မေလ(၉)ရက်မှာ ဗြိတိန်အစိုးရဟာ ရုရှားအပေါ် အကြီးမားဆုံးပိတ်ဆို့အရေးယူမှုအသစ်ကို ထုတ်ပြန်ကြေညာ ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဗြိတိန်အစိုးရဟာ ရုရှားရဲ့ စွမ်းအင်ဝင်ငွေကို ထိခိုက်အောင်လုပ်ဆောင်ဖို့ အတွက် ရုရှားရဲ့ရေနံသယ်ယူပို့ဆောင်ရေးကွန်ရက်ကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်ကနေစတင်ပြီး အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ အကြိမ်ကြိမ်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရုရှားဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဒဏ်တွေကို ရင်ဆိုင်နိုင်ခဲ့ပြီး စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို ပြန်လည်အကောင် အထည်ဖော်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေနာက္အုပ္စုရဲ႕ပိတ္ဆို႔အေရးယူမႈေတြကိုမေၾကာက္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ေမ ၁၂
႐ုရွားႏိုင္ငံဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ပိတ္ဆို႔အေရးယူမႈေတြကို မေၾကာက္႐ြံ႕ဘူးလို႔ ႐ုရွားအစိုးရေျပာေရး ဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
မၾကာေသးခင္က ၿဗိတိန္အစိုးရက ခ်မွတ္ခဲ့တဲ့ပိတ္ဆို႔အေရးယူမႈအသစ္ေတြနဲ႔ပတ္သက္ၿပီး ဒီမစ္ထရီပက္စေကာ့ဗ္ က ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒီမစ္ထရီပက္စေကာ့ဗ္က “ပိတ္ဆို႔အေရးယူမႈေတြကို ေၾကညာလိုက္ၿပီဆိုတာနဲ႔ အဲဒါေတြရဲ႕အက်ိဳးသက္ေရာက္မႈေတြကို ဘယ္လိုေလွ်ာ့ခ်ရမလဲဆိုတာ ကြၽန္ေတာ္တို႔ သိၿပီးသားပါ။ ႐ုရွားဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ဖိအားကို တန္ျပန္မႈေတြလုပ္ေဆာင္မယ့္ ထိေရာက္တဲ့ နည္းလမ္းေတြကို သင္ယူခဲ့ၿပီးပါၿပီ။ ဒါေၾကာင့္မလို႔ ပိတ္ဆို႔အေရးယူမႈေတြက ကြၽန္ေတာ္တို႔ကို ေၾကာက္႐ြံ႕ေစမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ေမလ(၉)ရက္မွာ ၿဗိတိန္အစိုးရဟာ ႐ုရွားအေပၚ အႀကီးမားဆုံးပိတ္ဆို႔အေရးယူမႈအသစ္ကို ထုတ္ျပန္ေၾကညာ ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿဗိတိန္အစိုးရဟာ ႐ုရွားရဲ႕ စြမ္းအင္ဝင္ေငြကို ထိခိုက္ေအာင္လုပ္ေဆာင္ဖို႔ အတြက္ ႐ုရွားရဲ႕ေရနံသယ္ယူပို႔ေဆာင္ေရးကြန္ရက္ကို ပစ္မွတ္ထားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခ်ိန္ကေနစတင္ၿပီး အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြ အႀကိမ္ႀကိမ္ခ်မွတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ႐ုရွားဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ပိတ္ဆို႔အေရးယူမႈဒဏ္ေတြကို ရင္ဆိုင္ႏိုင္ခဲ့ၿပီး စီးပြားေရးဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈေတြကို ျပန္လည္အေကာင္ အထည္ေဖာ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။