စစ်ပွဲများက ပုံဖော်မည့် တို့ပြည်ထောင်စုလူဦးရေ

 829

Htay Oung (NP News) - မေ ၂၃

မကြာသေးခင် (၂၀၂၅) ခုနှစ် မေလ (၇) ရက် “Voronoi by visual capitalist” အီးမေးလ် သတင်းလွှာမှာ ကျွန်တော့်အတွက် အလွန်စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို တွေ့ရှိရပါတယ်။ Voronoi ဆိုတာ နိုင်ငံတကာမှာ လက်ရှိ ဖြစ်ပေါ်နေ တဲ့ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ နည်းပညာ၊ ငွေရေး ကြေးရေးစသဖြင့် အများပြည်သူသိရှိသင့်တဲ့ အချက်အလက်တွေကို ဘက်စုံထောင့်စုံ ပိုင်းခြား ဖော်ပြ ပေးနေတဲ့ အွန်လိုင်း ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာအခြေစိုက်တဲ့ အဲဒီမီဒီယာ ကုမ္ပဏီ ဟာ နိုင်ငံအတော်များများရဲ့ ပူးပေါင်းမှုနဲ့ ခိုင်မာထင်ရှားတဲ့ အချက်အလက်တွေကို ဂရပ်ဖစ်ပုံတွေနဲ့ တင် ဆက်လေ့ရှိပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေကို ကိုးကားပြီး “အမျိုးသားဦးရေ ရာခိုင်နှုန်းအများဆုံး တိုင်း ပြည်များ” ခေါင်းစဉ်နဲ့ Voronoi က ရေးသားထားတာဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ကျားမ အချိုးအစားဟာ ယေဘုယျအားဖြင့် အညီအမျှဖြစ်နေပြီး သဘာဝတရားကြီးက ပေးအပ်ထားတဲ့ အမျိုးသားကြီးစိုးမှုမှာ အချိန်နဲ့အမျှ ဟန်ချက်ညီနေတယ်လို့ ဆိုနိုင်ကြောင်း၊ ဒါပေမယ့် လူမှုရေး၊ စီးပွားရေး၊ ရွှေ့ပြောင်း နေထိုင် မှုဆိုင်ရာ နောက်ခံအကြောင်းတွေကြောင့် နိုင်ငံတချို့ရဲ့အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက် မကြာခဏဆိုသလို သိသိသာသာပိုမိုနေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ကမ္ဘာကြီးမှာ ကျား-မ လိင်နှစ်မျိုးရှိတဲ့အနက် အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် အနည်း ငယ်ပိုများလေ့ရှိတာ ဖြစ်ရိုးဖြစ်စဉ် ပုံမှန်ပဲလို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ သဘာဝမှာ အမျိုး သမီး ဦးရေ (၁၀ဝ) မွေးဖွားတိုင်း အမျိုးသား (၁၀၅) ယောက်နှုန်း အချိုးနဲ့ မွေးဖွားလာကြပါတယ်။ ဒါပေမဲ့ မွေးရာပါရောဂါတွေကြောင့် ကလေးဘဝနဲ့ လူငယ်အရွယ်မှာ သေဆုံးနိုင်ခြေဟာ အမျိုးသားတို့မှာ ပိုမို များပြားပါတယ်။ အရက်နဲ့ဆေးလိပ် အလွန်အကျွံ သောက်တာတို့လို ကျန်းမာရေးကိုထိခိုက်စေတဲ့ အပြု အမူတွေ၊ မတော်တဆမှုတွေ၊ သတ္ထုမိုင်းတွင်း- ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စစ်မှုထမ်းခြင်းမျိုးလို အန္တရာယ်များတဲ့ အလုပ်များမှာ ပိုမိုပါဝင်ရတဲ့အတွက် အမျိုးသားတွေကပိုပြီး အသက်တိုလေ့ရှိပါတယ်။
အမျိုးသမီးတို့ရဲ့ XX ခရိုမိုဆုမ်းဟာ အမျိုးသားတို့ရဲ့ XY ခရိုမိုဆုမ်းထက် သဘာဝ ဝန်းကျင်ဒဏ် ကို ပိုပြီးခံနိုင်ရည်ရှိပါတယ်။ မွေးရာပါနဲ့ ကူးစက်ရောဂါတွေကို ခံနိုင်ရည်ရှိခြင်းကြောင့် အသက်ပိုရှည် တတ်ကြပါတယ်။ (၂၀၂၃)ခုနှစ် WHO ရဲ့ အဆိုအရ အမျိုးသမီးတို့က ပျမ်းမျှသက်တမ်း (၇၃)နှစ် ရှိနေ ချိန် အမျိုးသားတို့က (၆၈) နှစ် ပဲ ရှိပါတယ်။ အဲဒါကြောင့် (၂၀၂၄)ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာအတိုင်း ကမ္ဘာ့လူဦးရေ အချိုးအစားမှာ ကျား (၄၉.၆)ရာခိုင်နှုန်း၊ မ (၅၀.၄)ရာခိုင်နှုန်းနဲ့ အမျိုးသမီးဦးရေက အနည်းငယ် ပိုများနေရပြီး အဲ့ဒါဖြစ်ရိုးဖြစ်စဉ် ပုံမှန်ပဲလို့ သတ်မှတ်ကြပါတယ်။
ဒါပေမဲ့ Voronoi က ဖော်ပြထားတဲ့ (၁၅)နိုင်ငံမှာ အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက အများဆုံးဖြစ်နေတယ်ဆိုရင် ထူးခြားတယ်လို့ ပြောရပါလိမ့်မယ်။ ကာတာ-ယူအေအီး-အိုမန်-ဘာရိန်း-ကူဝိတ်-ဆော်ဒီစတဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အမျိုးသားဦးရေဟာ (၆၀)ရာခိုင်နှုန်းအထက်မှာ ရှိနေပါ တယ်။ ဘူတန်၊ ဘရူနိုင်း၊ ဆေ ရှဲလ်၊ ဂရင်းလန်းလိုနိုင်ငံတွေမှာ ကျားဦးရေဟာ (၅၃)ရာခိုင်နှုန်းအထက်မှာ ရှိနေပါတယ်။ အဲဒီလို ကိစ္စဟာ သက်ဆိုင်ရာနိုင်ငံသားများအတွင်း ဖြစ်ပျက်နေတာတော့ မဟုတ်ပါဘူး၊ ပြည်တွင်းနိုင်ငံသားချည်း လုပ်ကိုင်ရန် မလုံလောက်တဲ့အလုပ်အကိုင်များမှာ ပြည်ပနိုင်ငံသား အမျိုးသား အများအပြားတို့ လာရောက်လုပ်ကိုင်တဲ့အတွက် “စီးပွားရေးအရ ပြောင်းရွှေ့မှုပုံစံ” အများစုဖြစ်ကြောင်း ယူဆကြပါတယ်။
ဒေသ/နိုင်ငံတစ်ခုအတွင်း အမျိုးသားဦးရေ သိသိသာသာ ပိုများရခြင်းဟာ ကာလရှည်ဖြစ်နေခဲ့ ရင် လူမှုစီးပွားရေး၊ နိုင်ငံရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတည်ရှိမှုအပေါ် အနုတ် လက္ခဏာသဘောဆောင်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်တတ်ပါတယ်။ စီးပွားရေးအနေနဲ့ လုပ်ငန်းခွင် ယှဉ်ပြိုင်မှုပြင်းထန်လာခြင်း၊ အလုပ်သမားဈေးကွက် မညီမမျှဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက် ခြင်း၊ လူမှုရေးအနေနဲ့လက်ထပ်ရန် အပြိုင်အဆိုင်ဖြစ်လာခြင်း၊ ဆန့်ကျင်ဘက် လိင်အဖော်မဲ့ခြင်းကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ကျန်းမာရေးပြဿနာဖြစ်ခြင်း၊ လူပျိုကြီးဦးရေ တိုးပွားလာခြင်းကြောင့် (အထူးသဖြင့် အမျိုးသမီးများ) လူကုန်ကူးခံရမှု မြင့်မားလာခြင်း၊ လိင် အကြမ်းဖက်မှုဖြစ်နိုင်ခြေလည်း များပြားလာ တတ်ပါတယ်။ တစ်ခါသတင်းမှာ ဖော်ပြထားခြင်းရဲ့ ပြောင်းပြန်အမျိုးသမီးဦးရေက အမျိုးသား ဦးရေ ထက် အများဆုံးဖြစ်နေတဲ့တိုင်းပြည်တွေလည်း ရှိနိုင်ကြောင်း လက်လှမ်းမီသမျှ လိုက်လံရှာဖွေမိတဲ့အခါ ကျွန်တော်တို့ကမ္ဘာကြီးရဲ့ ကြေကွဲဖွယ် တစ်ထောင့်တစ်နေရာကို စိတ်မသက်သာစရာ တွေ့မြင်ရပါတယ်။ ရုရှား၊ ယူကရိန်း၊ ဂျော်ဂျီယာ၊ ဘီလာရုဇ်၊ တွန်ဂါ၊ ဆားဗီးယား၊ လစ်သူယေနီးယားစတဲ့ နိုင်ငံတွေရဲ့ လူဦး ရေမှာ အမျိုးသမီးများပါဝင်မှုအချိုးအစားက (၅၂.၅)ရာခိုင်နှုန်း မှ (၅၄.၉)ရာခိုင်နှုန်းရှိနေကြောင်း Voronoi ( 5 May 2025) သတင်းလွှာမှာ တွေ့ရှိရပါတယ်။
(၂၀၂၄)ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ဥရောပနိုင်ငံအချို့ရဲ့ လူဦးရေမှာ အမျိုးသား ပါဝင်မှု အချိုးအစားက (၅၀)ရာခိုင်နှုန်း အောက်မှာသာ အစဉ်တစိုက်တည်ရှိနေပါတယ်။ ရုရှားနဲ့ ယူကရိန်း တို့က တော့ (၂၀၁၄)ခုနှစ် ခရိုင်မီးယား သိမ်းသွင်းမှုက စတင်ခဲ့တဲ့ ပဋိပက္ခဟာ (၂၀၂၂) နှစ်ဆန်းပိုင်းမှာ စစ်ပွဲကြီး အဖြစ် အတိအလင်း ပြောင်းလဲသွားခြင်းကြောင့် နှစ်နိုင်ငံစလုံးရဲ့ယောကျာ်းအများအပြား သေဆုံးကုန်ကြ လို့ဖြစ်ပါတယ်။
တကယ်တော့ ဥရောပဟာ အဲဒီလို ရင်နင့်ဖွယ်အဖြစ်အပျက်မျိုး ယခင်ကလည်း ဖြစ်ခဲ့ဖူးပါ တယ်။ ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၅- ၁၉၅၀) ဆိုဗီယက်ယူနီယံမှာ အမျိုးသားဦးရေ (၄၃)ရာခိုင်နှုန်း သာ ကျန်ရှိပါတယ်။ နာဇီဂျာမနီနဲ့ စတာလင်ဂရက် တိုက်ပွဲ၊ လီနင်ဂရက် အဝိုင်းခံရမှုတို့မှာ အသက် (၁၈)နှစ်မှ (၅၀) အကြား ရုရှားအမျိုးသားသန်း (၂၀) ကျော်မျှ သေဆုံးခဲ့ရပါတယ်။ ဂျာမနီရဲ့ အမျိုးသား ဦးရေဟာ (၄၅)ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီး၊ ပိုလန် (၄၆)ရာခိုင်နှုန်း၊ ယူဂိုဆလားဗီးယား (၄၇) ရာခိုင်နှုန်း၊ ဟန်ဂေရီ (၄၈)ရာခိုင်နှုန်းသာ ကျန်ရှိပါ တော့တယ်။ အဲဒီနိုင်ငံတွေအနက် တချို့မှာ (၁၉၅၀)ခုနှစ်နောက်ပိုင်း အမျိုးသားဦးရေ ပြန်လည်မြင့်တက် လာခဲ့ပေမယ့် လတ်ဗီးယား၊ ဘီလာရုဇ်၊ ယူကရိန်းစတဲ့ နိုင်ငံများမှာတော့ အဲဒီဆိုးကျိုးက ယနေ့တိုင်အောင် သက်ရောက်နေဆဲဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ဒီလို ဆိုးရွားတဲ့အဖြစ်အပျက်မျိုးနဲ့ ပတ်သက်ပြီး ပြည်တွင်းစစ် နှစ် (၇၀) ကျော်သက်တမ်းရှိတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံဆိုရင် မတွေး ရဲစရာဖြစ်ကြောင်း အလွယ်သိနိုင်ပါတယ်။ (၁၈၈၅)ခုနှစ် သီပေါ ဘုရင် ပါတော်မူပြီးစ အင်္ဂလိပ်တို့ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ (ရခိုင်၊ တနင်္သာ ရီပါ) မြန်မာ တစ် နိုင်ငံလုံး လူဦးရေ (၈)သန်းခန့် ရှိပါ တယ်။ (၁၉၆၂)ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်းအာဏာ သိမ်းစဉ် မြန်မာ နိုင်ငံလူဦးရေဟာ (၂၄) သန်းခန့်ရှိပြီး ပျမ်းမျှ လူဦးရေတိုးနှုန်း (၂)ရာခိုင်နှုန်းခန့် ရှိပါတယ်။ (၂၀၁၁) ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ လူဦးရေ တိုးနှုန်းဟာ လျင်မြန်စွာကျဆင်းလာခဲ့တာ (ဝ.၇) ရာခိုင်နှုန်းသာ ရှိ တော့တယ်လို့ ကုလသမဂ္ဂက ခန့် မှန်းပါတယ်။ (၂၀၂၄) ခုနှစ် စက်တင်ဘာလ (၃၀) ရက် ညပိုင်းအထိ လူဦးရေနဲ့ အိမ်ခြေအကြောင်းအရာ သန်းခေါင်စာရင်းမှရရှိတဲ့ ရှေ့ပြေးစာရင်းအရ မြန်မာ နိုင်ငံအတွင်း လူဦးရေ (၅၁,၃၁၆,၇၅၆)ဦးပဲ ရှိပါ တယ်။
(၂၀၁၄) ခုနှစ် ဦးသိန်းစိန်လက်ထက် ကောက်ယူခဲ့တဲ့ စာရင်းအရ မြန်မာနိုင်ငံလူဦးရေဟာ (၅၁,၄၉၆,၂၅၃)ဦးရှိပြီး ကျား (၄၆.၉) ရာခိုင်နှုန်း၊ မ-(၅၃.၁)ရာခိုင်နှုန်းနဲ့ အမျိုးသမီးဦးရေက အနည်းငယ် ပိုများခဲ့ဖူးတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ (၁၀)နှစ် အတွင်း လူဦးရေ (၁)သိန်း (၆)သောင်း လျော့နည်း သွားတယ်လို့ ပြောရင်မှားပါတယ်။ ကုလခန့်မှန်းချက် (ဝ.၇)ရာခိုင်နှုန်းကို အတည်ယူပြီးတွက်ချက်ရင် (၂၀၂၄)ခုနှစ် မြန်မာနိုင်ငံလူဦးရေဟာ (၅၅) သန်း (၂)သိန်းကျော်ရှိရပါလိမ့်မယ်။ အဲဒီအစား (၅၁)သန်း (၃) သိန်းကျော်သာ ရှိခြင်းကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ လူသားရင်းမြစ်မှာ ၃-သန်း ၉-သိန်း( ၄-သန်းနီးပါး) လျော့နည်းနေတာ ဖြစ်ပါတယ်။
ခုလို လျော့နည်းရခြင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်း စာရင်းအတိအကျ မရရှိနိုင်ခြင်း၊ စာရင်း ကောက်ယူချိန် နိုင်ငံ့ပြင်ပထွက်ခွာသွားသူများကို ထည့်သွင်းတွက်ချက်ဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့်လို့ သိရှိရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့လူဦးရေ သိပ်သည်းဆဟာ ပျမ်းမျှ တစ်စတုရန်းမိုင်လျှင် (၂၀ဝ)ဦးသာရှိတဲ့အတွက် အရှေ့တောင်အာရှ လူနေ အကျဲပါးမှုအများဆုံးနိုင်ငံတွေမှာ ပါဝင်နေပါတယ်။
(၁၉၄၈)ခုနှစ် ဇန်နဝါရီလ (၄)ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး (၃)လမပြည့်မီ မတ်လ (၂၈) ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုခြင်း ဖြင့် ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ပါတယ်။ တောခိုတပ်ရင်းများအပြင် အဲဒီအချိန် ရောင်စုံလက်နက်ကိုင်တို့ရဲ့ ရည်ရွယ်ချက်ဟာ ဦးနုရဲ့ ဖဆပလ အစိုးရကို ဖြုတ်ချရန်ဖြစ်ပါတယ်။ ကိုလိုနီအရှင်သခင် ဟောင်း ဗြိတိသျှတို့ ထားရစ်ခဲ့တဲ့ လက်နက်တွေ ဖောချင်းသောချင်းဖြစ်နေခိုက် တစ်ပြည်လုံးနီးပါး သိမ်းပိုက်လာတဲ့ သောင်းကျန်းသူတွေကို လိုက်လံ တိုက်ခိုက်ရတာ တပ်မတော်သာလျှင်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သောင်းကျန်းသူအားလုံးရဲ့ ပစ်မှတ်ဟာ တပ်မတော်ဖြစ်သွားပြီး (၁၉၆၂)ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာသိမ်းတဲ့အခါ အဲဒီ ဘုံရန်သူ သတ်မှတ်ချက်ဟာ ပိုမိုပီပြင်သွားရပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင် အသိအမှတ်ပြု ထားတဲ့ လူမျိုးစုကြီး (၈) မျိုးရှိပြီး မြန်မာ့တပ်မတော်ဆို ပေမယ့် “ဗမာ” လူမျိုးတစ်မျိုးတည်းမဟုတ်ဘဲ လူမျိုးစုမျိုးစုံ ပါဝင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် EAOs တွေဟာ သက်ဆိုင်ရာလူမျိုး အလိုက်အင်အား စုဆောင်းရတာကြောင့် အင်အား အကန့်အသတ်ရှိ ပါတယ်။ ဒီအတွက်ထိရောက်တဲ့ တိုက်ကွက်မဖော်နိုင်ပဲ ရာစုနှစ်ထက်ဝက်ကျော် ကြာမြင့်ခဲ့ရပါတယ်။ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နစကအစိုးရတော်လှန်ရေး ဗမာ PDFs လူငယ်များ ခိုလှုံလာ ခြင်းကြောင့် လူအင်အားရရှိလာပြီး တိုက်ပွဲများ စတင်နိုင်ခဲ့ပါတယ်။
နှစ်ဖက်ထိခိုက်ကျဆုံးများပြားလှတဲ့ လက်ရှိပြည်တွင်းစစ်နဲ့ လူမျိုးရေးပဋိပက္ခများကြောင့် တစ် နိုင်ငံလုံးလူဦးရေ အချိုးအစားသာမက လူမျိုးစုများရဲ့ လူမှုစီးပွားဘဝများကို အကြီးအကျယ် ထိခိုက်နိုင်ပါ တယ်။ ယခင်သန်းခေါင် စာရင်းများအရ ကျွန်တော် တို့နိုင်ငံမှာ ရှမ်း (၉)ရာခိုင်နှုန်း၊ ကရင် (၇)ရာခိုင်နှုန်း၊ ရခိုင် (၄)ရာခိုင်နှုန်း၊ မွန် (၂)ရာခိုင်နှုန်း၊ ချင်း (၂)ရာခိုင်နှုန်း၊ ကချင် (၁.၅)ရာခိုင်နှုန်းနဲ့ ကယား (ဝ.၅)ရာခိုင် နှုန်းတို့ အသီးသီးရှိနေပါတယ်။ ဗမာက (၆၈)ရာခိုင်နှုန်းနဲ့ လူဦးရေအများဆုံး ရှိနေတယ်ဆိုပေမယ့် တပ်မ တော်မှာရော PDF များမှာပါ ဗမာအများစု ဖြစ်နေခြင်းကြောင့် ဟိုဘက်မှာရော ဒီဘက်မှာပါ နှစ်ထပ် ကွမ်းဖြစ်နေကြောင်း သတိပြုရပါလိမ့်မယ်။ စီးပွားရေးကျဆင်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် အိမ်နီး ချင်းတိုင်းပြည်များကို ရွှေ့ပြောင်းအလုပ်သမားအဖြစ် ထွက်ခွာသွားကြသူ များပြားလာပါလိမ့်မယ်။
ယူနီဆက်ဖ် (UNICEF) ရဲ့အဆိုအရ (၂၀၂၄) မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် (၂) သန်းကျော် ရှိနေပြီး လက်နက်ကိုင်ပဋိပက္ခမှာ နှစ်ဖက်လုံးမှ စစ်သား/ပြည်သူ သောင်းချီ သေဆုံးကြဖွယ်ရှိပါတယ်။ စစ်မက်တိုက်ခိုက်တယ်ဆိုရာမှာ အရွယ်ကောင်း လူငယ်-လူရွယ်များသာ ပါဝင်လေ့ရှိတာကြောင့် မူလက တည်းက လူဦးရေအချိုးအစား နည်းပါးတဲ့ လူမျိုးစုငယ်တွေမှာ ပြင်းထန်စွာ ထိခိုက်ကြရပါလိမ့်မယ်။ ဆိုလိုတာက တပ်မတော်မှာ လူ (၁၀ဝဝ) ကျဆုံးတာနဲ့ EAOs တို့ဘက်က လူ (၁၀ဝဝ) ကျဆုံးတာဟာ ဘယ်လိုမှ မတူညီပါဘူး။
ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်မျိုးနွယ်စုဦးရေ ယုတ်လျော့တာဟာ လူဦးရေတိုးပွားနှုန်း အလွန်များသူတို့နဲ့ ယှဉ်တွဲနေထိုင်ရခြင်းက စိန်ခေါ်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ အလားတူ ကချင်၊ ကယား၊ ချင်း၊ ကရင်နဲ့ ရှမ်းမျိုးနွယ်စု တချို့တို့အတွက် လူသားရင်းမြစ်ဆုံးရှုံမှုနဲ့ အမျိုး သားဦးရေ လျော့နည်းမှုဟာ ခုနေ ကျွန်တော် တို့တိုင်းပြည်ကြီး ချက်ချင်း ငြိမ်းချမ်းသွားတယ်ဆိုရင် တောင် နှစ်ပေါင်းများစွာ ဆိုးကျိုးသက်ရောက်နေပါလိမ့်ဦးမယ်။

zawgyi version
စစ္ပြဲမ်ားက ပုံေဖာ္မည့္ တို႔ျပည္ေထာင္စုလူဦးေရ
Htay Oung (NP News) - ေမ ၂၃

မၾကာေသးခင္ (၂၀၂၅) ခုႏွစ္ ေမလ (၇) ရက္ “Voronoi by visual capitalist” အီးေမးလ္ သတင္းလႊာမွာ ကြၽန္ေတာ့္အတြက္ အလြန္စိတ္ဝင္စားစရာ သတင္းတစ္ပုဒ္ကို ေတြ႕ရွိရပါတယ္။ Voronoi ဆိုတာ ႏိုင္ငံတကာမွာ လက္ရွိ ျဖစ္ေပၚေန တဲ့ စီးပြားေရး၊ သဘာဝပတ္ဝန္းက်င္၊ နည္းပညာ၊ ေငြေရး ေၾကးေရးစသျဖင့္ အမ်ားျပည္သူသိရွိသင့္တဲ့ အခ်က္အလက္ေတြကို ဘက္စုံေထာင့္စုံ ပိုင္းျခား ေဖာ္ျပ ေပးေနတဲ့ အြန္လိုင္း ပလက္ေဖာင္းတစ္ခုျဖစ္ပါတယ္။ ကေနဒါႏိုင္ငံမွာအေျခစိုက္တဲ့ အဲဒီမီဒီယာ ကုမၸဏီ ဟာ ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ ပူးေပါင္းမႈနဲ႔ ခိုင္မာထင္ရွားတဲ့ အခ်က္အလက္ေတြကို ဂရပ္ဖစ္ပုံေတြနဲ႔ တင္ ဆက္ေလ့ရွိပါတယ္။
ကမာၻ႔ဘဏ္ရဲ႕ အခ်က္အလက္ေတြကို ကိုးကားၿပီး “အမ်ိဳးသားဦးေရ ရာခိုင္ႏႈန္းအမ်ားဆုံး တိုင္း ျပည္မ်ား” ေခါင္းစဥ္နဲ႔ Voronoi က ေရးသားထားတာျဖစ္ပါတယ္။ ကမာၻႀကီးရဲ႕ က်ားမ အခ်ိဳးအစားဟာ ေယဘုယ်အားျဖင့္ အညီအမွ်ျဖစ္ေနၿပီး သဘာဝတရားႀကီးက ေပးအပ္ထားတဲ့ အမ်ိဳးသားႀကီးစိုးမႈမွာ အခ်ိန္နဲ႔အမွ် ဟန္ခ်က္ညီေနတယ္လို႔ ဆိုႏိုင္ေၾကာင္း၊ ဒါေပမယ့္ လူမႈေရး၊ စီးပြားေရး၊ ေ႐ႊ႕ေျပာင္း ေနထိုင္ မႈဆိုင္ရာ ေနာက္ခံအေၾကာင္းေတြေၾကာင့္ ႏိုင္ငံတခ်ိဳ႕ရဲ႕အမ်ိဳးသားဦးေရဟာ အမ်ိဳးသမီးဦးေရထက္ မၾကာခဏဆိုသလို သိသိသာသာပိုမိုေနေၾကာင္း ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။
ကမာၻႀကီးမွာ က်ား-မ လိင္ႏွစ္မ်ိဳးရွိတဲ့အနက္ အမ်ိဳးသမီးဦးေရက အမ်ိဳးသားဦးေရထက္ အနည္း ငယ္ပိုမ်ားေလ့ရွိတာ ျဖစ္႐ိုးျဖစ္စဥ္ ပုံမွန္ပဲလို႔ သတ္မွတ္ၾကပါတယ္။ တကယ္ေတာ့ သဘာဝမွာ အမ်ိဳး သမီး ဦးေရ (၁၀ဝ) ေမြးဖြားတိုင္း အမ်ိဳးသား (၁၀၅) ေယာက္ႏႈန္း အခ်ိဳးနဲ႔ ေမြးဖြားလာၾကပါတယ္။ ဒါေပမဲ့ ေမြးရာပါေရာဂါေတြေၾကာင့္ ကေလးဘဝနဲ႔ လူငယ္အ႐ြယ္မွာ ေသဆုံးႏိုင္ေျခဟာ အမ်ိဳးသားတို႔မွာ ပိုမို မ်ားျပားပါတယ္။ အရက္နဲ႔ေဆးလိပ္ အလြန္အကြၽံ ေသာက္တာတို႔လို က်န္းမာေရးကိုထိခိုက္ေစတဲ့ အျပဳ အမူေတြ၊ မေတာ္တဆမႈေတြ၊ သတၳဳမိုင္းတြင္း- ေဆာက္လုပ္ေရးလုပ္ငန္းနဲ႔ စစ္မႈထမ္းျခင္းမ်ိဳးလို အႏၲရာယ္မ်ားတဲ့ အလုပ္မ်ားမွာ ပိုမိုပါဝင္ရတဲ့အတြက္ အမ်ိဳးသားေတြကပိုၿပီး အသက္တိုေလ့ရွိပါတယ္။
အမ်ိဳးသမီးတို႔ရဲ႕ XX ခ႐ိုမိုဆုမ္းဟာ အမ်ိဳးသားတို႔ရဲ႕ XY ခ႐ိုမိုဆုမ္းထက္ သဘာဝ ဝန္းက်င္ဒဏ္ ကို ပိုၿပီးခံႏိုင္ရည္ရွိပါတယ္။ ေမြးရာပါနဲ႔ ကူးစက္ေရာဂါေတြကို ခံႏိုင္ရည္ရွိျခင္းေၾကာင့္ အသက္ပိုရွည္ တတ္ၾကပါတယ္။ (၂၀၂၃)ခုႏွစ္ WHO ရဲ႕ အဆိုအရ အမ်ိဳးသမီးတို႔က ပ်မ္းမွ်သက္တမ္း (၇၃)ႏွစ္ ရွိေန ခ်ိန္ အမ်ိဳးသားတို႔က (၆၈) ႏွစ္ ပဲ ရွိပါတယ္။ အဲဒါေၾကာင့္ (၂၀၂၄)ခုႏွစ္ ကုလသမဂၢ အစီရင္ခံစာအတိုင္း ကမာၻ႔လူဦးေရ အခ်ိဳးအစားမွာ က်ား (၄၉.၆)ရာခိုင္ႏႈန္း၊ မ (၅၀.၄)ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသမီးဦးေရက အနည္းငယ္ ပိုမ်ားေနရၿပီး အဲ့ဒါျဖစ္႐ိုးျဖစ္စဥ္ ပုံမွန္ပဲလို႔ သတ္မွတ္ၾကပါတယ္။
ဒါေပမဲ့ Voronoi က ေဖာ္ျပထားတဲ့ (၁၅)ႏိုင္ငံမွာ အမ်ိဳးသမီးဦးေရထက္ အမ်ိဳးသားဦးေရက အမ်ားဆုံးျဖစ္ေနတယ္ဆိုရင္ ထူးျခားတယ္လို႔ ေျပာရပါလိမ့္မယ္။ ကာတာ-ယူေအအီး-အိုမန္-ဘာရိန္း-ကူဝိတ္-ေဆာ္ဒီစတဲ့ ပင္လယ္ေကြ႕ႏိုင္ငံေတြရဲ႕ အမ်ိဳးသားဦးေရဟာ (၆၀)ရာခိုင္ႏႈန္းအထက္မွာ ရွိေနပါ တယ္။ ဘူတန္၊ ဘ႐ူႏိုင္း၊ ေဆ ရွဲလ္၊ ဂရင္းလန္းလိုႏိုင္ငံေတြမွာ က်ားဦးေရဟာ (၅၃)ရာခိုင္ႏႈန္းအထက္မွာ ရွိေနပါတယ္။ အဲဒီလို ကိစၥဟာ သက္ဆိုင္ရာႏိုင္ငံသားမ်ားအတြင္း ျဖစ္ပ်က္ေနတာေတာ့ မဟုတ္ပါဘူး၊ ျပည္တြင္းႏိုင္ငံသားခ်ည္း လုပ္ကိုင္ရန္ မလုံေလာက္တဲ့အလုပ္အကိုင္မ်ားမွာ ျပည္ပႏိုင္ငံသား အမ်ိဳးသား အမ်ားအျပားတို႔ လာေရာက္လုပ္ကိုင္တဲ့အတြက္ “စီးပြားေရးအရ ေျပာင္းေ႐ႊ႕မႈပုံစံ” အမ်ားစုျဖစ္ေၾကာင္း ယူဆၾကပါတယ္။
ေဒသ/ႏိုင္ငံတစ္ခုအတြင္း အမ်ိဳးသားဦးေရ သိသိသာသာ ပိုမ်ားရျခင္းဟာ ကာလရွည္ျဖစ္ေနခဲ့ ရင္ လူမႈစီးပြားေရး၊ ႏိုင္ငံေရး၊ စိတ္ပိုင္းဆိုင္ရာနဲ႔သက္ဆိုင္ရာ လူ႔အဖြဲ႕အစည္းတည္ရွိမႈအေပၚ အႏုတ္ လကၡဏာသေဘာေဆာင္တဲ့ အက်ိဳးဆက္ေတြ ျဖစ္ေပၚတတ္ပါတယ္။ စီးပြားေရးအေနနဲ႔ လုပ္ငန္းခြင္ ယွဥ္ၿပိဳင္မႈျပင္းထန္လာျခင္း၊ အလုပ္သမားေဈးကြက္ မညီမမွ်ျဖစ္ၿပီး ဝန္ေဆာင္မႈလုပ္ငန္းမ်ား ထိခိုက္ ျခင္း၊ လူမႈေရးအေနနဲ႔လက္ထပ္ရန္ အၿပိဳင္အဆိုင္ျဖစ္လာျခင္း၊ ဆန႔္က်င္ဘက္ လိင္အေဖာ္မဲ့ျခင္းေၾကာင့္ စိတ္ဖိစီးမႈနဲ႔ စိတ္က်န္းမာေရးျပႆနာျဖစ္ျခင္း၊ လူပ်ိဳႀကီးဦးေရ တိုးပြားလာျခင္းေၾကာင့္ (အထူးသျဖင့္ အမ်ိဳးသမီးမ်ား) လူကုန္ကူးခံရမႈ ျမင့္မားလာျခင္း၊ လိင္ အၾကမ္းဖက္မႈျဖစ္ႏိုင္ေျခလည္း မ်ားျပားလာ တတ္ပါတယ္။ တစ္ခါသတင္းမွာ ေဖာ္ျပထားျခင္းရဲ႕ ေျပာင္းျပန္အမ်ိဳးသမီးဦးေရက အမ်ိဳးသား ဦးေရ ထက္ အမ်ားဆုံးျဖစ္ေနတဲ့တိုင္းျပည္ေတြလည္း ရွိႏိုင္ေၾကာင္း လက္လွမ္းမီသမွ် လိုက္လံရွာေဖြမိတဲ့အခါ ကြၽန္ေတာ္တို႔ကမာၻႀကီးရဲ႕ ေၾကကြဲဖြယ္ တစ္ေထာင့္တစ္ေနရာကို စိတ္မသက္သာစရာ ေတြ႕ျမင္ရပါတယ္။ ႐ုရွား၊ ယူကရိန္း၊ ေဂ်ာ္ဂ်ီယာ၊ ဘီလာ႐ုဇ္၊ တြန္ဂါ၊ ဆားဗီးယား၊ လစ္သူေယနီးယားစတဲ့ ႏိုင္ငံေတြရဲ႕ လူဦး ေရမွာ အမ်ိဳးသမီးမ်ားပါဝင္မႈအခ်ိဳးအစားက (၅၂.၅)ရာခိုင္ႏႈန္း မွ (၅၄.၉)ရာခိုင္ႏႈန္းရွိေနေၾကာင္း Voronoi ( 5 May 2025) သတင္းလႊာမွာ ေတြ႕ရွိရပါတယ္။
(၂၀၂၄)ခုႏွစ္ ကမာၻ႔ဘဏ္ရဲ႕ အစီရင္ခံစာအရ ဥေရာပႏိုင္ငံအခ်ိဳ႕ရဲ႕ လူဦးေရမွာ အမ်ိဳးသား ပါဝင္မႈ အခ်ိဳးအစားက (၅၀)ရာခိုင္ႏႈန္း ေအာက္မွာသာ အစဥ္တစိုက္တည္ရွိေနပါတယ္။ ႐ုရွားနဲ႔ ယူကရိန္း တို႔က ေတာ့ (၂၀၁၄)ခုႏွစ္ ခ႐ိုင္မီးယား သိမ္းသြင္းမႈက စတင္ခဲ့တဲ့ ပဋိပကၡဟာ (၂၀၂၂) ႏွစ္ဆန္းပိုင္းမွာ စစ္ပြဲႀကီး အျဖစ္ အတိအလင္း ေျပာင္းလဲသြားျခင္းေၾကာင့္ ႏွစ္ႏိုင္ငံစလုံးရဲ႕ေယာက်ာ္းအမ်ားအျပား ေသဆုံးကုန္ၾက လို႔ျဖစ္ပါတယ္။
တကယ္ေတာ့ ဥေရာပဟာ အဲဒီလို ရင္နင့္ဖြယ္အျဖစ္အပ်က္မ်ိဳး ယခင္ကလည္း ျဖစ္ခဲ့ဖူးပါ တယ္။ ဒုတိယကမာၻစစ္အၿပီး (၁၉၄၅- ၁၉၅၀) ဆိုဗီယက္ယူနီယံမွာ အမ်ိဳးသားဦးေရ (၄၃)ရာခိုင္ႏႈန္း သာ က်န္ရွိပါတယ္။ နာဇီဂ်ာမနီနဲ႔ စတာလင္ဂရက္ တိုက္ပြဲ၊ လီနင္ဂရက္ အဝိုင္းခံရမႈတို႔မွာ အသက္ (၁၈)ႏွစ္မွ (၅၀) အၾကား ႐ုရွားအမ်ိဳးသားသန္း (၂၀) ေက်ာ္မွ် ေသဆုံးခဲ့ရပါတယ္။ ဂ်ာမနီရဲ႕ အမ်ိဳးသား ဦးေရဟာ (၄၅)ရာခိုင္ႏႈန္းေအာက္ က်ဆင္းသြားၿပီး၊ ပိုလန္ (၄၆)ရာခိုင္ႏႈန္း၊ ယူဂိုဆလားဗီးယား (၄၇) ရာခိုင္ႏႈန္း၊ ဟန္ေဂရီ (၄၈)ရာခိုင္ႏႈန္းသာ က်န္ရွိပါ ေတာ့တယ္။ အဲဒီႏိုင္ငံေတြအနက္ တခ်ိဳ႕မွာ (၁၉၅၀)ခုႏွစ္ေနာက္ပိုင္း အမ်ိဳးသားဦးေရ ျပန္လည္ျမင့္တက္ လာခဲ့ေပမယ့္ လတ္ဗီးယား၊ ဘီလာ႐ုဇ္၊ ယူကရိန္းစတဲ့ ႏိုင္ငံမ်ားမွာေတာ့ အဲဒီဆိုးက်ိဳးက ယေန႔တိုင္ေအာင္ သက္ေရာက္ေနဆဲျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။
ဒီလို ဆိုး႐ြားတဲ့အျဖစ္အပ်က္မ်ိဳးနဲ႔ ပတ္သက္ၿပီး ျပည္တြင္းစစ္ ႏွစ္ (၇၀) ေက်ာ္သက္တမ္းရွိတဲ့ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံဆိုရင္ မေတြး ရဲစရာျဖစ္ေၾကာင္း အလြယ္သိႏိုင္ပါတယ္။ (၁၈၈၅)ခုႏွစ္ သီေပါ ဘုရင္ ပါေတာ္မူၿပီးစ အဂၤလိပ္တို႔ ေကာက္ယူခဲ့တဲ့ သန္းေခါင္စာရင္းမွာ (ရခိုင္၊ တနသၤာ ရီပါ) ျမန္မာ တစ္ ႏိုင္ငံလုံး လူဦးေရ (၈)သန္းခန႔္ ရွိပါ တယ္။ (၁၉၆၂)ခုႏွစ္ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းအာဏာ သိမ္းစဥ္ ျမန္မာ ႏိုင္ငံလူဦးေရဟာ (၂၄) သန္းခန႔္ရွိၿပီး ပ်မ္းမွ် လူဦးေရတိုးႏႈန္း (၂)ရာခိုင္ႏႈန္းခန႔္ ရွိပါတယ္။ (၂၀၁၁) ခုႏွစ္ ေနာက္ပိုင္း ျမန္မာႏိုင္ငံ လူဦးေရ တိုးႏႈန္းဟာ လ်င္ျမန္စြာက်ဆင္းလာခဲ့တာ (ဝ.၇) ရာခိုင္ႏႈန္းသာ ရွိ ေတာ့တယ္လို႔ ကုလသမဂၢက ခန႔္ မွန္းပါတယ္။ (၂၀၂၄) ခုႏွစ္ စက္တင္ဘာလ (၃၀) ရက္ ညပိုင္းအထိ လူဦးေရနဲ႔ အိမ္ေျခအေၾကာင္းအရာ သန္းေခါင္စာရင္းမွရရွိတဲ့ ေရွ႕ေျပးစာရင္းအရ ျမန္မာ ႏိုင္ငံအတြင္း လူဦးေရ (၅၁,၃၁၆,၇၅၆)ဦးပဲ ရွိပါ တယ္။
(၂၀၁၄) ခုႏွစ္ ဦးသိန္းစိန္လက္ထက္ ေကာက္ယူခဲ့တဲ့ စာရင္းအရ ျမန္မာႏိုင္ငံလူဦးေရဟာ (၅၁,၄၉၆,၂၅၃)ဦးရွိၿပီး က်ား (၄၆.၉) ရာခိုင္ႏႈန္း၊ မ-(၅၃.၁)ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသမီးဦးေရက အနည္းငယ္ ပိုမ်ားခဲ့ဖူးတယ္။ ဒါေၾကာင့္ လြန္ခဲ့တဲ့ (၁၀)ႏွစ္ အတြင္း လူဦးေရ (၁)သိန္း (၆)ေသာင္း ေလ်ာ့နည္း သြားတယ္လို႔ ေျပာရင္မွားပါတယ္။ ကုလခန႔္မွန္းခ်က္ (ဝ.၇)ရာခိုင္ႏႈန္းကို အတည္ယူၿပီးတြက္ခ်က္ရင္ (၂၀၂၄)ခုႏွစ္ ျမန္မာႏိုင္ငံလူဦးေရဟာ (၅၅) သန္း (၂)သိန္းေက်ာ္ရွိရပါလိမ့္မယ္။ အဲဒီအစား (၅၁)သန္း (၃) သိန္းေက်ာ္သာ ရွိျခင္းေၾကာင့္ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ လူသားရင္းျမစ္မွာ ၃-သန္း ၉-သိန္း( ၄-သန္းနီးပါး) ေလ်ာ့နည္းေနတာ ျဖစ္ပါတယ္။
ခုလို ေလ်ာ့နည္းရျခင္းဟာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ အတြင္း စာရင္းအတိအက် မရရွိႏိုင္ျခင္း၊ စာရင္း ေကာက္ယူခ်ိန္ ႏိုင္ငံ့ျပင္ပထြက္ခြာသြားသူမ်ားကို ထည့္သြင္းတြက္ခ်က္ဖို႔ မျဖစ္ႏိုင္တဲ့အတြက္ေၾကာင့္လို႔ သိရွိရပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံရဲ႕လူဦးေရ သိပ္သည္းဆဟာ ပ်မ္းမွ် တစ္စတုရန္းမိုင္လွ်င္ (၂၀ဝ)ဦးသာရွိတဲ့အတြက္ အေရွ႕ေတာင္အာရွ လူေန အက်ဲပါးမႈအမ်ားဆုံးႏိုင္ငံေတြမွာ ပါဝင္ေနပါတယ္။
(၁၉၄၈)ခုႏွစ္ ဇန္နဝါရီလ (၄)ရက္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရရွိၿပီး (၃)လမျပည့္မီ မတ္လ (၂၈) ရက္မွာ ဗမာျပည္ကြန္ျမဴနစ္ပါတီ ေတာခိုျခင္း ျဖင့္ ျပည္တြင္းစစ္မီး စတင္ေတာက္ေလာင္ခဲ့ပါတယ္။ ေတာခိုတပ္ရင္းမ်ားအျပင္ အဲဒီအခ်ိန္ ေရာင္စုံလက္နက္ကိုင္တို႔ရဲ႕ ရည္႐ြယ္ခ်က္ဟာ ဦးႏုရဲ႕ ဖဆပလ အစိုးရကို ျဖဳတ္ခ်ရန္ျဖစ္ပါတယ္။ ကိုလိုနီအရွင္သခင္ ေဟာင္း ၿဗိတိသွ်တို႔ ထားရစ္ခဲ့တဲ့ လက္နက္ေတြ ေဖာခ်င္းေသာခ်င္းျဖစ္ေနခိုက္ တစ္ျပည္လုံးနီးပါး သိမ္းပိုက္လာတဲ့ ေသာင္းက်န္းသူေတြကို လိုက္လံ တိုက္ခိုက္ရတာ တပ္မေတာ္သာလွ်င္ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ေသာင္းက်န္းသူအားလုံးရဲ႕ ပစ္မွတ္ဟာ တပ္မေတာ္ျဖစ္သြားၿပီး (၁၉၆၂)ခုႏွစ္ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းက အာဏာသိမ္းတဲ့အခါ အဲဒီ ဘုံရန္သူ သတ္မွတ္ခ်က္ဟာ ပိုမိုပီျပင္သြားရပါတယ္။
ျမန္မာႏိုင္ငံမွာ တရားဝင္ အသိအမွတ္ျပဳ ထားတဲ့ လူမ်ိဳးစုႀကီး (၈) မ်ိဳးရွိၿပီး ျမန္မာ့တပ္မေတာ္ဆို ေပမယ့္ “ဗမာ” လူမ်ိဳးတစ္မ်ိဳးတည္းမဟုတ္ဘဲ လူမ်ိဳးစုမ်ိဳးစုံ ပါဝင္ပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္ EAOs ေတြဟာ သက္ဆိုင္ရာလူမ်ိဳး အလိုက္အင္အား စုေဆာင္းရတာေၾကာင့္ အင္အား အကန႔္အသတ္ရွိ ပါတယ္။ ဒီအတြက္ထိေရာက္တဲ့ တိုက္ကြက္မေဖာ္ႏိုင္ပဲ ရာစုႏွစ္ထက္ဝက္ေက်ာ္ ၾကာျမင့္ခဲ့ရပါတယ္။ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း နစကအစိုးရေတာ္လွန္ေရး ဗမာ PDFs လူငယ္မ်ား ခိုလႈံလာ ျခင္းေၾကာင့္ လူအင္အားရရွိလာၿပီး တိုက္ပြဲမ်ား စတင္ႏိုင္ခဲ့ပါတယ္။
ႏွစ္ဖက္ထိခိုက္က်ဆုံးမ်ားျပားလွတဲ့ လက္ရွိျပည္တြင္းစစ္နဲ႔ လူမ်ိဳးေရးပဋိပကၡမ်ားေၾကာင့္ တစ္ ႏိုင္ငံလုံးလူဦးေရ အခ်ိဳးအစားသာမက လူမ်ိဳးစုမ်ားရဲ႕ လူမႈစီးပြားဘဝမ်ားကို အႀကီးအက်ယ္ ထိခိုက္ႏိုင္ပါ တယ္။ ယခင္သန္းေခါင္ စာရင္းမ်ားအရ ကြၽန္ေတာ္ တို႔ႏိုင္ငံမွာ ရွမ္း (၉)ရာခိုင္ႏႈန္း၊ ကရင္ (၇)ရာခိုင္ႏႈန္း၊ ရခိုင္ (၄)ရာခိုင္ႏႈန္း၊ မြန္ (၂)ရာခိုင္ႏႈန္း၊ ခ်င္း (၂)ရာခိုင္ႏႈန္း၊ ကခ်င္ (၁.၅)ရာခိုင္ႏႈန္းနဲ႔ ကယား (ဝ.၅)ရာခိုင္ ႏႈန္းတို႔ အသီးသီးရွိေနပါတယ္။ ဗမာက (၆၈)ရာခိုင္ႏႈန္းနဲ႔ လူဦးေရအမ်ားဆုံး ရွိေနတယ္ဆိုေပမယ့္ တပ္မ ေတာ္မွာေရာ PDF မ်ားမွာပါ ဗမာအမ်ားစု ျဖစ္ေနျခင္းေၾကာင့္ ဟိုဘက္မွာေရာ ဒီဘက္မွာပါ ႏွစ္ထပ္ ကြမ္းျဖစ္ေနေၾကာင္း သတိျပဳရပါလိမ့္မယ္။ စီးပြားေရးက်ဆင္းမႈနဲ႔ လက္နက္ကိုင္ပဋိပကၡေၾကာင့္ အိမ္နီး ခ်င္းတိုင္းျပည္မ်ားကို ေ႐ႊ႕ေျပာင္းအလုပ္သမားအျဖစ္ ထြက္ခြာသြားၾကသူ မ်ားျပားလာပါလိမ့္မယ္။
ယူနီဆက္ဖ္ (UNICEF) ရဲ႕အဆိုအရ (၂၀၂၄) ျမန္မာႏိုင္ငံမွာ စစ္ေဘးဒုကၡသည္ (၂) သန္းေက်ာ္ ရွိေနၿပီး လက္နက္ကိုင္ပဋိပကၡမွာ ႏွစ္ဖက္လုံးမွ စစ္သား/ျပည္သူ ေသာင္းခ်ီ ေသဆုံးၾကဖြယ္ရွိပါတယ္။ စစ္မက္တိုက္ခိုက္တယ္ဆိုရာမွာ အ႐ြယ္ေကာင္း လူငယ္-လူ႐ြယ္မ်ားသာ ပါဝင္ေလ့ရွိတာေၾကာင့္ မူလက တည္းက လူဦးေရအခ်ိဳးအစား နည္းပါးတဲ့ လူမ်ိဳးစုငယ္ေတြမွာ ျပင္းထန္စြာ ထိခိုက္ၾကရပါလိမ့္မယ္။ ဆိုလိုတာက တပ္မေတာ္မွာ လူ (၁၀ဝဝ) က်ဆုံးတာနဲ႔ EAOs တို႔ဘက္က လူ (၁၀ဝဝ) က်ဆုံးတာဟာ ဘယ္လိုမွ မတူညီပါဘူး။
ရခိုင္ျပည္နယ္တြင္း လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ရခိုင္မ်ိဳးႏြယ္စုဦးေရ ယုတ္ေလ်ာ့တာဟာ လူဦးေရတိုးပြားႏႈန္း အလြန္မ်ားသူတို႔နဲ႔ ယွဥ္တြဲေနထိုင္ရျခင္းက စိန္ေခၚခ်က္တစ္ခုျဖစ္လာပါလိမ့္မယ္။ အလားတူ ကခ်င္၊ ကယား၊ ခ်င္း၊ ကရင္နဲ႔ ရွမ္းမ်ိဳးႏြယ္စု တခ်ိဳ႕တို႔အတြက္ လူသားရင္းျမစ္ဆုံးရႈံမႈနဲ႔ အမ်ိဳး သားဦးေရ ေလ်ာ့နည္းမႈဟာ ခုေန ကြၽန္ေတာ္ တို႔တိုင္းျပည္ႀကီး ခ်က္ခ်င္း ၿငိမ္းခ်မ္းသြားတယ္ဆိုရင္ ေတာင္ ႏွစ္ေပါင္းမ်ားစြာ ဆိုးက်ိဳးသက္ေရာက္ေနပါလိမ့္ဦးမယ္။

Related news

© 2021. All rights reserved.