မန္တလေးမြို့ပေါ်တွင် ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့် လုယက်သူ (၅)ဦးကို ဖမ်းဆီးရမိ

495

ချယ်ရီ (NP News) - မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရပ်ကွက်များ၌ ရွှေထည်ပစ္စည်းများအား ဆိုင်ကယ်ဖြင့်လုယက်သူ (၅)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ပေါ်ရပ်ကွက်များ၌ ဆိုင်ကယ်စီးနင်းသွားလာနေသူများထံမှ ရွှေထည်ပစ္စည်းများကို ဆိုင်ကယ်ဖြင့်လိုက်လံ၍ လုယက်မှုများ မကြာခဏဖြစ်ပွားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် (မေလ ၂၁ ရက်)၊ ညနေ (၄) နာရီခွဲအချိန်ခန့်၌ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်အတွင်းနေသူများဖြစ်သည့် အသက် (၄၆)နှစ်အရွယ်ရှိ မျိုးထွန်းနိုင် (ခ) အရှည်ကြီးနှင့် အသက်(၄၁)နှစ်ရှိ ကျော်မျိုးသူ(ခ) အောင်ပုတို့(၂)ဦးကို မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၅၅× ၃၉ လမ်းထောင့်၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရပ်သူ(၂)ဦး၏ ထွက်ဆိုချက်အရ ပါဝင်ပတ်သက်သူများဖြစ်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်တွင် နေထိုင်သော အသက် (၅၃)နှစ်ရှိ ဒေါ်ထွေးတင်ကို ညနေ (၅)နာရီခွဲအချိန်ခန့်တွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်၌ နေသူများဖြစ်သည့် အသက်(၂၉)နှစ်ရှိ ဇေယျာထွန်း(ခ)ဖိုးဆယ်နှင့် အသက်(၂၉)နှစ်ရှိ အောင်ထွန်းလင်း (ခ)ကျော်ကြီးတို့ နှစ်ဦးကို ည ၆ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် အောင်ပင်လယ်ရပ်ကွက်ရှိ 3 COLOUR တည်းခိုခန်း၌ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
၎င်းတို့၏ထွက်ဆိုချက်များအရ မျိုးထွန်းနိုင်(ခ)အရှည်ကြီးနှင့် ကျော်မျိုးသူ(ခ)အောင်ပုတို့(၂)ဦးသည် မေ (၁၁) ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂×၅၃ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးနှစ်ဦးထံမှ ရွှေဆွဲကြိုး တစ်ကုံးကိုလည်းကောင်း၊ မျိုး ထွန်းနိုင်(ခ) အရှည်ကြီး၊ ကျော်မျိုးသူ (ခ) အောင်ပု၊ ဇေယျာထွန်း (ခ) ဖိုးဆယ်နှင့် အောင်ထွန်းလင်း (ခ) ကျော်ကြီးတို့ (၄)ဦးသည် ဧပြီ (၁၁)ရက်က ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၀၇×၁၁ဝ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုး တစ်ကုံးကိုလည်းကောင်း လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။
ထိုပြင် မေလအတွင်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၁×၅၂ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးနှင့် ၁၀၇ × ၁၀၈ လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့်အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကို လည်းကောင်း၊ မေ ၁၇ ရက်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၂ × ၅၃လမ်းကြား၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးနှစ်ဦးနှင့်ကလေးတစ်ဦးထံမှ ဆွဲသီးပါရွှေဆွဲကြိုးတစ်ကုံးကိုလည်းကောင်း၊ မေ ၁၉ ရက်က ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄) ရပ်ကွက် ၁၁၀ × ၁၁၁ လမ်းကြား၌ ဆိုင်ကယ်စီးနင်း လာသည့် အမျိုးသမီးနှစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကို လည်း ကောင်း၊ ဇေယျာထွန်း(ခ) ဖိုးဆယ် နှင့် အောင်ထွန်းလင်း(ခ) ကျော် ကြီး (ခ)အောင်ထွန်းတို့နှစ်ဦးသည် ဧပြီလအတွင်း ချမ်းမြသာစည် မြို့နယ်မြို့သစ်(၄)ရပ်ကွက် ၁၁၀× ၁၁၁ လမ်းကြား၌ ဆိုင်ကယ်စီးနင်း လာသူ အမျိုးသမီးနှစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကို လည်း ကောင်း၊ မေလအတွင်းကမြို့သစ်၊ (၄)ရပ်ကွက်၊ ၁၀၉ လမ်း၊ ၆၂×၆၃၆၃ လမ်းကြား၌ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးတစ်ကုံးကိုလည်းကောင်း လုယက်ယူဆောင်ခဲ့ကြောင်း သိရှိရသည်။
အထက်ပါ ဖြစ်စဉ်များမှ လုယက်မှုကျူးလွန်ရာတွင်ရရှိခဲ့သော ရွှေထည်ပစ္စည်းများကို ထွေးတင်မှ နဝလီရွှေဆိုင်များတွင် သွားရောက်ရောင်းချကာ ခွဲဝေသုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လုယက်မှုကျူးလွန်သူများဖြစ်သည့် မျိုးထွန်းနိုင်(ခ)အရှည်ကြီး၊ ကျော်မျိုးသူ(ခ) အောင်ပု၊ ဇေယျာထွန်း(ခ)ဖိုးဆယ်၊ အောင် ထွန်းလင်း(ခ) ကျော်ကြီး(ခ) အောင်ထွန်းနှင့် ရွှေထည်ပစ္စည်းများ ရောင်းချပေးသူ ထွေးတင်တို့ကို သက်ဆိုင်ရာရဲစခန်းအသီးသီး၌ အမှုရေးဖွင့်ဆောင်ရွက်ကာ ဥပဒေနှင့်အညီ ထိရောက် စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်များတွင် လုယက်ယူဆောင်သွားခဲ့သည့် သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်း၍ နစ်နာသူပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
Zawgyi Version:
မႏၲေလးၿမိဳ႕ေပၚတြင္ ေ႐ႊထည္ပစၥည္းမ်ားအား ဆိုင္ကယ္ျဖင့္ လုယက္သူ (၅)ဦးကို ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ေမ ၂၄
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕ေပၚရပ္ကြက္မ်ား၌ ေ႐ႊထည္ပစၥည္းမ်ားအား ဆိုင္ကယ္ျဖင့္လုယက္သူ (၅)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးၿမိဳ႕ေပၚရပ္ကြက္မ်ား၌ ဆိုင္ကယ္စီးနင္းသြားလာေနသူမ်ားထံမွ ေ႐ႊထည္ပစၥည္းမ်ားကို ဆိုင္ကယ္ျဖင့္လိုက္လံ၍ လုယက္မႈမ်ား မၾကာခဏျဖစ္ပြားလာသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သတင္းစုံစမ္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ ၿပီးခဲ့သည့္ (ေမလ ၂၁ ရက္)၊ ညေန (၄) နာရီခြဲအခ်ိန္ခန႔္၌ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္အတြင္းေနသူမ်ားျဖစ္သည့္ အသက္ (၄၆)ႏွစ္အ႐ြယ္ရွိ မ်ိဳးထြန္းႏိုင္ (ခ) အရွည္ႀကီးႏွင့္ အသက္(၄၁)ႏွစ္ရွိ ေက်ာ္မ်ိဳးသူ(ခ) ေအာင္ပုတို႔(၂)ဦးကို မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္ ၅၅× ၃၉ လမ္းေထာင့္၌ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳသည့္ ဆိုင္ကယ္တစ္စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖမ္းဆီးရပ္သူ(၂)ဦး၏ ထြက္ဆိုခ်က္အရ ပါဝင္ပတ္သက္သူမ်ားျဖစ္သည့္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္ (၅၃)ႏွစ္ရွိ ေဒၚေထြးတင္ကို ညေန (၅)နာရီခြဲအခ်ိန္ခန႔္တြင္ ၎၏ေနအိမ္၌လည္းေကာင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေအာင္ပင္လယ္ရပ္ကြက္၌ ေနသူမ်ားျဖစ္သည့္ အသက္(၂၉)ႏွစ္ရွိ ေဇယ်ာထြန္း(ခ)ဖိုးဆယ္ႏွင့္ အသက္(၂၉)ႏွစ္ရွိ ေအာင္ထြန္းလင္း (ခ)ေက်ာ္ႀကီးတို႔ ႏွစ္ဦးကို ည ၆ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ ေအာင္ပင္လယ္ရပ္ကြက္ရွိ 3 COLOUR တည္းခိုခန္း၌ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳသည့္ ဆိုင္ကယ္တစ္စီးႏွင့္အတူ အသီးသီး ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
၎တို႔၏ထြက္ဆိုခ်က္မ်ားအရ မ်ိဳးထြန္းႏိုင္(ခ)အရွည္ႀကီးႏွင့္ ေက်ာ္မ်ိဳးသူ(ခ)ေအာင္ပုတို႔(၂)ဦးသည္ ေမ (၁၁) ရက္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္၊ ၅၂×၅၃ လမ္းၾကား၌ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသမီးႏွစ္ဦးထံမွ ေ႐ႊဆြဲႀကိဳး တစ္ကုံးကိုလည္းေကာင္း၊ မ်ိဳး ထြန္းႏိုင္(ခ) အရွည္ႀကီး၊ ေက်ာ္မ်ိဳးသူ (ခ) ေအာင္ပု၊ ေဇယ်ာထြန္း (ခ) ဖိုးဆယ္ႏွင့္ ေအာင္ထြန္းလင္း (ခ) ေက်ာ္ႀကီးတို႔ (၄)ဦးသည္ ဧၿပီ (၁၁)ရက္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္၊ ၁၀၇×၁၁ဝ လမ္းၾကား၌ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသမီးတစ္ဦးထံမွ ေ႐ႊဆြဲႀကိဳး တစ္ကုံးကိုလည္းေကာင္း လုယက္ယူေဆာင္ခဲ့ေၾကာင္း သိရသည္။
ထိုျပင္ ေမလအတြင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္၊ ၅၁×၅၂ လမ္းၾကား၌ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသမီးတစ္ဦးထံမွ ေ႐ႊဆြဲႀကိဳးတစ္ကုံးႏွင့္ ၁၀၇ × ၁၀၈ လမ္းၾကား၌ ဆိုင္ကယ္စီးနင္းလာသည့္အမ်ိဳးသမီးတစ္ဦးထံမွ ေ႐ႊဆြဲႀကိဳးတစ္ကုံးကို လည္းေကာင္း၊ ေမ ၁၇ ရက္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္ပင္လယ္ရပ္ကြက္၊ ၅၂ × ၅၃လမ္းၾကား၌ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသမီးႏွစ္ဦးႏွင့္ကေလးတစ္ဦးထံမွ ဆြဲသီးပါေ႐ႊဆြဲႀကိဳးတစ္ကုံးကိုလည္းေကာင္း၊ ေမ ၁၉ ရက္က ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္(၄) ရပ္ကြက္ ၁၁၀ × ၁၁၁ လမ္းၾကား၌ ဆိုင္ကယ္စီးနင္း လာသည့္ အမ်ိဳးသမီးႏွစ္ဦးထံမွ ေ႐ႊဆြဲႀကိဳးတစ္ကုံးကို လည္း ေကာင္း၊ ေဇယ်ာထြန္း(ခ) ဖိုးဆယ္ ႏွင့္ ေအာင္ထြန္းလင္း(ခ) ေက်ာ္ ႀကီး (ခ)ေအာင္ထြန္းတို႔ႏွစ္ဦးသည္ ဧၿပီလအတြင္း ခ်မ္းျမသာစည္ ၿမိဳ႕နယ္ၿမိဳ႕သစ္(၄)ရပ္ကြက္ ၁၁၀× ၁၁၁ လမ္းၾကား၌ ဆိုင္ကယ္စီးနင္း လာသူ အမ်ိဳးသမီးႏွစ္ဦးထံမွ ေ႐ႊဆြဲႀကိဳးတစ္ကုံးကို လည္း ေကာင္း၊ ေမလအတြင္းကၿမိဳ႕သစ္၊ (၄)ရပ္ကြက္၊ ၁၀၉ လမ္း၊ ၆၂×၆၃၆၃ လမ္းၾကား၌ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသမီးတစ္ဦးထံမွ ေ႐ႊဆြဲႀကိဳးတစ္ကုံးကိုလည္းေကာင္း လုယက္ယူေဆာင္ခဲ့ေၾကာင္း သိရွိရသည္။
အထက္ပါ ျဖစ္စဥ္မ်ားမွ လုယက္မႈက်ဴးလြန္ရာတြင္ရရွိခဲ့ေသာ ေ႐ႊထည္ပစၥည္းမ်ားကို ေထြးတင္မွ နဝလီေ႐ႊဆိုင္မ်ားတြင္ သြားေရာက္ေရာင္းခ်ကာ ခြဲေဝသုံးစြဲခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ လုယက္မႈက်ဴးလြန္သူမ်ားျဖစ္သည့္ မ်ိဳးထြန္းႏိုင္(ခ)အရွည္ႀကီး၊ ေက်ာ္မ်ိဳးသူ(ခ) ေအာင္ပု၊ ေဇယ်ာထြန္း(ခ)ဖိုးဆယ္၊ ေအာင္ ထြန္းလင္း(ခ) ေက်ာ္ႀကီး(ခ) ေအာင္ထြန္းႏွင့္ ေ႐ႊထည္ပစၥည္းမ်ား ေရာင္းခ်ေပးသူ ေထြးတင္တို႔ကို သက္ဆိုင္ရာရဲစခန္းအသီးသီး၌ အမႈေရးဖြင့္ေဆာင္႐ြက္ကာ ဥပေဒႏွင့္အညီ ထိေရာက္ စြာအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး ျဖစ္စဥ္မ်ားတြင္ လုယက္ယူေဆာင္သြားခဲ့သည့္ သက္ေသခံပစၥည္းမ်ားကို ျပန္လည္သိမ္းဆည္း၍ နစ္နာသူပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။