တာချီလိတ်ရှိ ဂိမ်းဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခံရ

 399

သန့်ဇင် (NP News) - မေ ၂၄

မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ ဂိမ်းဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခံ ခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၂၃ ရက်) ညနေ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်-နှင်းဆီမြန်မာလမ်း၊ နော်ရှဲလားဟူ လိုင်းခန်အနီးရှိ ဂိမ်းဆိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူမှုကွန်ယက်တွင် ထွက်ပေါ်နေသောရုပ်သံဖိုင်အရ အထက်ပါဂိမ်းဆိုင်သို့ လက်နက်ကိုင်ဆောင်လာသည့် အမျိုးသား(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာကာ ဂိမ်းဆိုင်အတွင်းရှိ ဦးအိုက်ရီအား သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးအိုက်ရီတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ပစ်ခတ် သတ်ဖြတ်ခဲ့သည့် အမျိုးသား(၂)ဦးသည်လည်း ဂိမ်းဆိုင်ရှေ့မှ ဆိုင်ကယ်မောင်းနှင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
သန့်ဇင် (NP News) - မေ ၂၄


Related news

© 2021. All rights reserved.