သနပ်ပင်တွင် လင်မယားချင်းရန်ဖြစ်ရာမှ မိန်းမကိုဓာတ်ဆီလောင်းမီးရှို့သတ်ဖြတ်

1338
နိုးနိုး (NP News) - မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် ခင်ပွန်းဖြစ်သူက ဇနီးကို ဓာတ်ဆီလောင်း မီးရှို့သတ်သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူ ဒေသခံ တစ်ဦးက NP News သတင်းဌာနကို ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မေလ ၂၄ ရက်၊ ည ၁၁ နာရီ အချိန်ခန့်က သနပ်ပင်မြို့နယ်၊ ကြက်စုပင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ အသက် ၃၇ နှစ်အရွယ် ခင်ပွန်းဖြစ်သူက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဘယ်လိုကြောင့် မီးရှို့တယ် ဆိုတာတော့ မသိပါဘူး။ ကောင်မလေးကတော့ မေလ ၂၅ ရက် မနက်ပိုင်းမှာ ဆုံးသွားပါပြီ” ဟု အထက်ပါ ဒေသခံ က ဆိုသည်။
သေဆုံးသူ အမျိုးသမီးငယ်တွင် ပေါင်လယ်မှ စတင်ကာ ခန္ဓာကိုယ် အထက်ပိုင်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ပြီး ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ထားစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
ဒေသခံများ ၏ အဆိုအရ ဓာတ်ဆီလောင်း မီးမရှို့မီတွင် လင်မယား နှစ်ဦးမှာ အချင်းများခဲ့သေးကြောင်းလည်း သိရသည်။
ZawGyi Version:
သနပ္ပင္တြင္ လင္မယားခ်င္းရန္ျဖစ္ရာမွ မိန္းမကိုဓာတ္ဆီေလာင္းမီးရႈိ႕သတ္ျဖတ္
ႏိုးႏိုး (NP News) - ေမ ၂၆
ပဲခူးတိုင္းေဒသႀကီး၊ သနပ္ပင္ၿမိဳ႕နယ္တြင္ ခင္ပြန္းျဖစ္သူက ဇနီးကို ဓာတ္ဆီေလာင္း မီးရႈိ႕သတ္သည့္ ျဖစ္စဥ္ တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ျဖစ္စဥ္ကို သိရွိသူ ေဒသခံ တစ္ဦးက NP News သတင္းဌာနကို ေျပာသည္။
အဆိုပါ ျဖစ္စဥ္မွာ ေမလ ၂၄ ရက္၊ ည ၁၁ နာရီ အခ်ိန္ခန႔္က သနပ္ပင္ၿမိဳ႕နယ္၊ ၾကက္စုပင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ကာ အသက္ ၃၇ ႏွစ္အ႐ြယ္ ခင္ပြန္းျဖစ္သူက အသက္ ၁၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ကို မီးရႈိ႕ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဘယ္လိုေၾကာင့္ မီးရႈိ႕တယ္ ဆိုတာေတာ့ မသိပါဘူး။ ေကာင္မေလးကေတာ့ ေမလ ၂၅ ရက္ မနက္ပိုင္းမွာ ဆုံးသြားပါၿပီ” ဟု အထက္ပါ ေဒသခံ က ဆိုသည္။
ေသဆုံးသူ အမ်ိဳးသမီးငယ္တြင္ ေပါင္လယ္မွ စတင္ကာ ခႏၶာကိုယ္ အထက္ပိုင္းတြင္ မီးေလာင္ဒဏ္ရာမ်ား ရရွိခဲ့ျခင္း ျဖစ္ၿပီး ပဲခူးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေဆးကုသရန္ ပို႔ေဆာင္ထားစဥ္ ေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း လည္း ၎က ဆိုသည္။
ေဒသခံမ်ား ၏ အဆိုအရ ဓာတ္ဆီေလာင္း မီးမရႈိ႕မီတြင္ လင္မယား ႏွစ္ဦးမွာ အခ်င္းမ်ားခဲ့ေသးေၾကာင္းလည္း သိရသည္။