ဘီးလင်းမှ ပေ(၈၀)အရှည်ရှိ သံကူကွန်ကရစ်တံတားကို KNLA၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီး

594

သန့်ဇင် (NP News) - မေ ၂၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ပေ(၈၀)အရှည်ရှိ သံကူကွန်ကရစ်တံတားကို KNLA၊ PDF ပူးပေါင်းအဖွဲ့က ယနေ့(မေလ ၂၇ ရက်) နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တံတားသည် ဘီလင်းမြို့နယ်၊ တညင်ပင်ကျေးရွာ ၏ အနောက်ဘက် မီတာ ၃ဝဝ ခန့်အကွာ၊ ဘီးလင်း-နတ်ကြီးသွား ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၆/၂ နှင့် ၃ အကြား အရှည် ပေ ၈ဝ၊ အကျယ် ၂၄ ပေရှိ သံကူ ကွန်ကရစ်အမျိုးအစား တံတားအမှတ်(၃/၁၇)ဖြစ်ပြီး KNLA၊ PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ အဆိုပါတံတား၏ တောင်ဘက်ကမ်းကပ်ခုံမှ ပြိုကျ ပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိတော့ကြောင်း သိရသည်။
လက်ရှိတွင် ပျက်စီးသွားသည့်တံတားအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိပြီး မော်တော်ယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများ သွားလာနိုင်မှု မရှိသဖြင့် ပြည်သူလူထုမှ ၎င်းတို့၏လုပ်ရပ်အပေါ် လွန်စွာရွံမုန်းလျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ (၄)နှစ်ကျော်ကာလအတွင်း ကားလမ်း၊ ရထားလမ်း၊ တံတားနှင့် တိုးဂိတ် ပေါင်း (၁၆၃၀)ကျော် ကို PDF ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစက၏ သတင်း အချက်အလက်များအရ သိရသည်။

Zawgyi Version:
ဘီးလင္းမွ ေပ(၈၀)အရွည္ရွိ သံကူကြန္ကရစ္တံတားကို KNLA၊ PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီး
သန႔္ဇင္ (NP News) - ေမ ၂၇
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ရွိ ေပ(၈၀)အရွည္ရွိ သံကူကြန္ကရစ္တံတားကို KNLA၊ PDF ပူးေပါင္းအဖြဲ႕က ယေန႔(ေမလ ၂၇ ရက္) နံနက္ပိုင္းက မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ တံတားသည္ ဘီလင္းၿမိဳ႕နယ္၊ တညင္ပင္ေက်း႐ြာ ၏ အေနာက္ဘက္ မီတာ ၃ဝဝ ခန႔္အကြာ၊ ဘီးလင္း-နတ္ႀကီးသြား ကားလမ္းမႀကီးေပၚရွိ မိုင္တိုင္အမွတ္၊ ၁၆/၂ ႏွင့္ ၃ အၾကား အရွည္ ေပ ၈ဝ၊ အက်ယ္ ၂၄ ေပရွိ သံကူ ကြန္ကရစ္အမ်ိဳးအစား တံတားအမွတ္(၃/၁၇)ျဖစ္ၿပီး KNLA၊ PDF ပူးေပါင္းအဖြဲ႕က မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားကာ အဆိုပါတံတား၏ ေတာင္ဘက္ကမ္းကပ္ခုံမွ ၿပိဳက် ပ်က္စီးခဲ့ၿပီး လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာႏိုင္မႈမရွိေတာ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ပ်က္စီးသြားသည့္တံတားအား တာဝန္ရွိသူမ်ားက ျပန္လည္ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို အျမန္ဆုံး ေဆာင္႐ြက္လ်က္ရွိၿပီး ေမာ္ေတာ္ယာဥ္မ်ား၊ ေဆး႐ုံကားမ်ား၊ ေက်ာင္းကားမ်ား၊ ေဈးကားမ်ား သြားလာႏိုင္မႈ မရွိသျဖင့္ ျပည္သူလူထုမွ ၎တို႔၏လုပ္ရပ္အေပၚ လြန္စြာ႐ြံမုန္းလ်က္ရွိေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သူမ်ားအား လိုအပ္သည့္တုံ႔ျပန္မႈမ်ား ျပဳလုပ္ႏိုင္ေရးႏွင့္ နယ္ေျမေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းစဥ္မ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္းလည္း သိရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္ကာ (၄)ႏွစ္ေက်ာ္ကာလအတြင္း ကားလမ္း၊ ရထားလမ္း၊ တံတားႏွင့္ တိုးဂိတ္ ေပါင္း (၁၆၃၀)ေက်ာ္ ကို PDF ပူးေပါင္းအဖြဲ႕မ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း နစက၏ သတင္း အခ်က္အလက္မ်ားအရ သိရသည္။