ဆွစ်ဇာလန်က တောင်တန်းတစ်ခုမှာ နှင်းလျှောစီးသမား(၅)ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိ

238

Pika (NP News) - မေ ၂၇
ဆွစ်ဇာလန်နိုင်ငံရဲ့ဇိမ်ခံအပန်းဖြေစခန်း Zermattအနီးက တောင်တွေမှာ နှင်းလျှောစီးသူ(၅)ဦးရဲ့ ရုပ်အလောင်း တွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Rimpfischhorn တောင်ထိပ်အနီးမှာ နှင်းလျှောစီးတာမလုပ်ကြဖို့ အာဏာပိုင်တွေက သတိပေးခဲ့ပြီးနောက် စူးစမ်း လေ့လာမှုတွေလုပ်ဆောင်ဖို့ ရဟတ်ယာဉ်တစ်စင်းကို စေလွှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ရဟတ်ယာဉ်ကို စေလွှတ်ခဲ့ပြီးနောက် မကြာခင်အချိန်မှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေဟာ နှင်းလျှောစီးသမား(၅)ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆွစ်ဇာလန်ရဲတပ်ဖွဲ့က “နှင်းလျှောစီးသမား(၅)ဦးရဲ့ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူတွေက ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို သိရှိနိုင်ဖို့လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ Rimpfischhorn တောင်ဟာ အီတလီနယ်စပ်အနီးမှာတည်ရှိပြီး (၄၁၉၉)မီတာမြင့်ကာ နှင်းလျှောစီးသမားတွေကြားမှာ ရေပန်းစား တဲ့နေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဆြစ္ဇာလန္က ေတာင္တန္းတစ္ခုမွာ ႏွင္းေလွ်ာစီးသမား(၅)ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႕ရွိ
Pika (NP News) - ေမ ၂၇
ဆြစ္ဇာလန္ႏိုင္ငံရဲ႕ဇိမ္ခံအပန္းေျဖစခန္း Zermattအနီးက ေတာင္ေတြမွာ ႏွင္းေလွ်ာစီးသူ(၅)ဦးရဲ႕ ႐ုပ္အေလာင္း ေတြကို ကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြေတြ႕ရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Rimpfischhorn ေတာင္ထိပ္အနီးမွာ ႏွင္းေလွ်ာစီးတာမလုပ္ၾကဖို႔ အာဏာပိုင္ေတြက သတိေပးခဲ့ၿပီးေနာက္ စူးစမ္း ေလ့လာမႈေတြလုပ္ေဆာင္ဖို႔ ရဟတ္ယာဥ္တစ္စင္းကို ေစလႊတ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ရဟတ္ယာဥ္ကို ေစလႊတ္ခဲ့ၿပီးေနာက္ မၾကာခင္အခ်ိန္မွာပဲ ကယ္ဆယ္ေရးအဖြဲ႕ေတြဟာ ႏွင္းေလွ်ာစီးသမား(၅)ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႕ရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဆြစ္ဇာလန္ရဲတပ္ဖြဲ႕က “ႏွင္းေလွ်ာစီးသမား(၅)ဦးရဲ႕႐ုပ္အေလာင္းေတြကို ကယ္ဆယ္ေရးအဖြဲ႕ေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနၿပီး ေသဆုံးသူေတြက ဘယ္သူေတြ ျဖစ္တယ္ဆိုတာကို သိရွိႏိုင္ဖို႔လုပ္ေဆာင္ေနတယ္လို႔ အာဏာပိုင္ေတြကေျပာၾကားခဲ့ပါတယ္။ Rimpfischhorn ေတာင္ဟာ အီတလီနယ္စပ္အနီးမွာတည္ရွိၿပီး (၄၁၉၉)မီတာျမင့္ကာ ႏွင္းေလွ်ာစီးသမားေတြၾကားမွာ ေရပန္းစား တဲ့ေနရာတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။