ကာဇက်စတန် သမ္မတအကြောင်း တစေ့တစောင်း

 352

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ (၂၀၂၅) ခုနှစ် မေလဒုတိယသီတင်းပတ်အတွင်း ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ (၁၉၄၁-၁၉၄၅) မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ချိန်အတွင်း မေလ(၈)ရက်က ကာဇက်စတန် ဝန်ကြီးချုပ် မစ္စတာကတ်ခ်ဆန်ဂျိုးမာ့တ်တိုးကာ ရာ့ဖ်နဲ့ မော်စကိုမြို့ Ritz Carlton ဟိုတယ်မှာ တွေ့ဆုံဆွေး နွေးခဲ့ပါ တယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်း ကာဇက်စတန်သမ္မတဟာ မြန်မာနိုင်ငံမှာ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့တာ ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုတွေအပေါ် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူ လူထုတို့နဲ့ထပ်တူ စိတ်မကောင်းဖြစ်ရတယ် ဆိုတဲ့အချက်ကို ထည့်သွင်းပြောဆိုခဲ့သလို ထိခိုက်ဆုံးရှုံးခဲ့ရမှုတွေကို နိုင်ငံတော်အစိုးရနဲ့ ပြည်သူတို့လက်တွဲပြီး ပြန်လည် ထူထောင်ရေးနဲ့ ပြည်လည်တည်ဆောက် ရေးလုပ်ငန်းတွေကို အကောင်းဆုံးဆောင်ရွက်ပြီး ကျော်ဖြတ်သွားနိုင်မယ်ဆိုတဲ့ အချက်ကိုလည်းပြော ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကာဇက်စတန်နိုင်ငံနဲ့ သံတမန်တည်ထောင်မှု (၂၅)နှစ်ကျော်လာပြီး နှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေးကောင်းမွန်လျက်ရှိနေပါတယ်။ ကာဇက်စတန်နိုင်ငံရဲ့ လက်ရှိသမ္မတဖြစ်သူ Kassym-Jomart Tokayev (တိုးကာရာ့ဖ်)ဟာ နိုင်ငံရေး၊ ဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွေမှာ အတွေ့အကြုံများစွာရှိတဲ့ နိုင်ငံရေးသမား တစ်ဦးဖြစ်ပါတယ်။ တိုးကာရာ့ဖ်ကို ကာဇက်စတန်နိုင်ငံ အာလ်မာတီမြို့မှာ(၁၉၅၃)ခုနှစ် မေလ (၁၇)ရက်ကမွေးဖွားခဲ့တယ်လို့ သိရပါတယ်။ တိုးကာရာ့ဖ်ရဲ့ဖခင်ဖြစ်သူ ကာမယ်တိုးကာရာဖ့်ဟာ ဒုတိယကမ္ဘာစစ်ပြန် ကြီးတစ်ဦးဖြစ်သလို ကာဇက်စတန်မှာ လူသိများထင်ရှားတဲ့ စာရေးဆရာတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူ ရှာဘာဘရီဗာဟာ အာလ်မာတီ နိုင်ငံခြား ဘာသာစကားများ သင်ကြားရေးအင်စတီကျုတွင် အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။ ၎င်းဟာငယ် စဉ်ကတည်းက စာဖတ်ခြင်းနဲ့ ကမ္ဘာ့ရေးရာအကြောင်းအရာတွေကို စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အထက်တန်း ကျောင်း သားဘဝကတည်းက စားပွဲတင်တင်းနစ် (table tennis) ပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိခဲ့ သူဖြစ်ကာ တက္ကသိုလ်ကျောင်း သားအဖြစ် Candidate Master of Sports ချီးမြှင့်ခံခဲ့ရဖူး သူဖြစ်ပါတယ်။ တိုးကာရာဖ့်ဟာ လက်ရှိအချိန်မှာ ကာဇက်စတန်သမ္မတအဖြစ် တာဝန်ယူနေပေမယ့် စားပွဲတင်တင်းနစ်ပွဲကို ဆက်လက်ကစားနေဆဲဖြစ်တယ်လို့သိရ ပါတယ်။ (၁၉၇၀) ပြည့်နှစ်က မော်စကိုနိုင်ငံတကာဆက်ဆံရေးအင်စတီကျု (MGIMO) မှာ တက်ရောက်ခဲ့သူ တိုး ကာရာ့ဖ်ဟာ (၁၉၇၅) ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီး တက္ကသိုလ်တတိယနှစ်မှာ တရုတ်နိုင်ငံရှိ ဆိုဗီယက်သံရုံးမှာ ခြောက်လအကြာ လေ့ကျင့်ရေးလုပ်ကိုင်ခဲ့ပြီး (၁၉၇၅)ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။ သူဟာ တရုတ်ဘာသာစကားကို အထူးပြုလေ့လာခဲ့ပြီး၊ တရုတ်နိုင်ငံရှိ ဆိုဗီယက်သံရုံးမှာ ခြောက်လအကြာ လေ့ကျင့်ရေးလုပ်ကိုင်ခဲ့ပြီးနောက် ကာဇက်၊ ရုရှား၊ အင်္ဂလိပ်၊ တရုတ်နဲ့ ပြင်သစ်ဘာသာစကားတွေကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူတစ်ဦးဖြစ်ပါတယ်။ တိုးကာရာ့ဖ်ဟာ (၁၉၇၅) ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီးနောက် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန မှာစတင်ဝင်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံရှိ ဆိုဗီယက် သံရုံးမှာ ကနဦးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စင်ကာ ပူနိုင်ငံဆိုင်ရာ ဆိုဗီယက်သံရုံးမှာတာဝန်ယူခဲ့ပြီး နောက် တိုးကာရာ့ဖ်ဟာ (၁၉၈၅) ခုနှစ်ကနေ (၁၉၉၁) ခုနှစ်အထိ တရုတ်နိုင်ငံရှိ ဆိုဗီယက်သံရုံးမှာ ဒုတိယအတွင်းရေးမှူး၊ ပထမ အတွင်းရေးမှူးနှင့် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ (၁၉၉၁) ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး နောက်၊ တိုကာရာဖ့်ဟာ ကာဇက်စတန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ တိုးကာရာ့ဖ်ဟာ ကာဇက်စတန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီးအဖြစ်တာဝန်ယူပြီးနောက် နှစ်အနည်းငယ် အကြာမှာပဲ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရ ပါတယ်။ သူဟာ ကာဇက်စတန်နိုင်ငံခြား ရေးဝန်ကြီးအဖြစ် (၁၉၉၄) ခုနှစ်ကနေ (၁၉၉၉)ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ကာဇက်စတန်ဝန်ကြီးချုပ်အဖြစ် (၁၉၉၉) ခုနှစ်ကနေမှ (၂၀ဝ၂)ခုနှစ်အထိ တာဝန် ထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်။ တိုးကာရာ့ဖ်ဟာ ထူးချွန်သူတစ်ဦးဖြစ်တဲ့အတွက် ကာဇက်စတန် အစိုးရအဖွဲ့မှာတာဝန်ယူခွင့်ရသလို ကာဇက်စတန်လွှတ် တော်မှာလည်း တာဝန်ယူခွင့်ရရှိခဲ့သူဖြစ်ပါ တယ်။ တိုးကာရာ့ဖ်ဟာ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် (၂၀ဝ၇) ခုနှစ်ကနေ (၂၀၁၁) ခုနှစ်နဲ့ (၂၀၁၃)ခုနှစ် ကနေ (၂၀၁၉)ခုနှစ်အထိ အထက်လွှတ်တော် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂရုံးမှာလည်းတာဝန် ထမ်းဆောင်ခဲ့ဖူးပြီး (၂၀၁၁) ခုနှစ်ကနေ (၂၀၁၃)ခုနှစ်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးမှာ ညွန်ကြား ရေးမှူးချုပ် အဖြစ် (၂၀၁၁) ခုနှစ်ကနေ (၂၀၁၃) ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပါတယ်။ ကာဇက်စတန်သမ္မတဟာ စနစ်ကြီး သူတစ်ဦးဖြစ်သလို တိကျမှုနဲ့ တာဝန်ယူမှုကို ဦးစားပေးတဲ့ စိတ်နေသဘောထားရှိပါတယ်။ သူဟာ နိုင်ငံရေးအလုပ် အကိုင်တွေမှာ တာဝန်ယူမှုနဲ့ စနစ်တကျဆောင်ရွက်မှုကို အထူးအလေးပေးဆောင်ရွက် သူဖြစ်သလို အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေးကို တင်းကြပ်စွာတိုက်ဖျက်ဖို့ကြိုးပမ်းခဲ့ပြီး၊ အစိုးရအဖွဲ့တွေရဲ့ တာဝန်ခံမှုကို တိုးမြှင့်ဖို့ ဥပဒေပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ သူရဲ့ စိတ် နေသဘောထားဟာ တက်ကြွမှုမှု၊ အပြန်အလှန် အကျိုးရှိမှုကိုဦးစားပေးတဲ့ အုပ်ချုပ်မှုစနစ်ကို လက်ခံ ထားသူဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်ဖို့ New Kazakhstan အမြင်ကို တင်ပြခဲ့သူလည်းဖြစ် ပါတယ်။ တိုးကာရာ့ဖ်ဟာ (၂၀၁၉) ခုနှစ် မတ် (၂၀) ရက်မှာ ယခင်သမ္မတ ကြမျကူအညေ ြဖေမေဘပေနလ နုတ်ထွက်ခဲ့ပြီးနောက် ယာယီသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကာဇက်စတန်နိုင်ငံမှာ (၂၀၁၉)ခုနှစ်က သမ္မတရာထူးကနုတ်ထွက်ခဲ့ပြီး နောက် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ခဲ့ရာ (၂၀၁၉)ခု နှစ် ဇွန်လအတွင်းကျင်းပတဲ့သမ္မတရွေးကောက်ပွဲမှာ တိုးကာရာဖ့်က မဲရလဒ် စုစုပေါင်းရဲ့ (၇၁)ရာခိုင်နှုန်းကို လက်ခံရရှိကာ သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရပါတယ်။
(၂၀၂၂)ခုနှစ် နိုဝင်ဘာလမှာကျင်းပတဲ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာလည်း ၎င်းဟာ ဆန္ဒမဲစုစုပေါင်း (၈၁)ရာခိုင် နှုန်းရရှိကာ သမ္မတအဖြစ်ထပ်မံအ နိုင်ရခဲ့တယ်လို့ သိရပါတယ်။ ကာဇက်စတန် သမ္မတဟာ ပြုပြင်ပြောင်းလဲ ရေးသမား တစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမူရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်း လဲဖို့ ကြိုးပမ်းခဲ့သူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ကာဇက် စတန်နိုင်ငံမှာ (၂၀၂၂)ခုနှစ် ဇန်နဝါရီက ဆန္ဒပြပွဲ တွေဖြစ်လာခဲ့ပြီးနောက် သမ္မတတိုးကာရာ့ဖ်ဟာ New Kazakhstan ကို တင်ပြခဲ့ဖူးသူဖြစ်ပါတယ်။ New Kazakhstan စာတမ်းထဲမှာ ကာဇက်တန် နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်မယ့် အချက်တွေ ပါဝင်နေပါတယ်။ တိုးကာရာ့ဖ် ဟာ ကာဇက်စတန်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများ သမ္မတရဲ့လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ်ခြင်း၊ ပါတီစနစ်ကို ပြုပြင်ခြင်း၊နဲ့ အစိုးရအဖွဲ့များ၏ တာဝန်ခံမှုကို တိုးမြှင့်ခြင်းတို့ကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ တိုးကာရာဖ့်ဟာ ကာဇက်စတန်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်၊ သမ္မတ အဖြစ်တာဝန်ယူချိန်အတွင်း သေဒဏ် အပြစ်ပေးမှုစနစ်ကို ဖျက်သိမ်းဖို့ကြိုးပမ်းခဲ့ပြီး ၎င်းရဲ့ကြိုးပမ်းမှုတွေကြောင့် ကာဇက်စတန်နိုင်ငံမှာ သေဒဏ်အပြစ်ပေးမှု ကိုဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်။ ကာဇက် စတန်နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာလည်း တန်းတူညီမျှလုပ်ကိုင်ခွင့်၊ နိုင်ငံသားတွေ ဝင်ငွေမျှတစွာရရှိရေးကိုတိုးကာရာ့ဖ်ဟာ အဓိကဦး စားပေးဆောင်ရွက်ခဲ့သူဖြစ် တယ်လို့ ဆိုကြပါတယ်။ တိုးကာရာဖ့်ဟာ Listening State သဘောတရား ကိုအဆိုပြုကြိုးပမ်းခဲ့သူဖြစ်ပြီး အဲဒီ သဘောတရား တွေထဲမှာ နိုင်ငံအတွက် နိုင်ငံသားဖြစ်လာတာမျိုး မဟုတ်ဘဲ နိုင်ငံသားတွေအတွက် နိုင်ငံဖြစ်လာတယ် ဆိုတဲ့အယူအဆကို အဓိကထားပါတယ်။ တိုးကာရာ့ဖ် ဟာကာဇက်စတန်သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း လူအဖွဲ့ စည်းအတွင်း အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုဖန်တီးဖို့ ပြည်သူတွေကြား တစ်ဦးနဲ့တစ်ဦးကြား တစ်ဖက်သားရဲ့ပြောစကားကို နားထောင်တတ်တဲ့ အလေ့အကျင့်မျိုးဖြစ်လာစေဖို့ ကြိုးပမ်းခဲ့သူလို့ဆိုကြပါတယ်။ တိုးကာရာ့ဖ်ဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ရုရှား၊ တရုတ်နိုင်ငံတို့အပြင် အမေရိကန်နိုင်ငံရဲ့သံတမန် ဆက်ဆံ ရေးကိုလည်း ပိုမိုကောင်းမွန်အောင်တည်ဆောက် နိုင်ခဲ့သလို တခြားကမ္ဘာ့နိုင်ငံတွေရဲ့သံတမန်ဆက် ဆံရေးကို ဟန်ချက်ညီအောင်ထိန်းသိမ်းနိုင်ခဲ့သူဖြစ်သူဖြစ်ပါတယ်။ နိုင်ငံတကာမီဒီယာတွေက တိုးကာရာဖ့်ကို ပြည်တွင်းနဲ့ နိုင်ငံ တကာ နိုင်ငံရေးအတွေ့ အကြုံရင့်ကျက်တဲ့ ခေတ်မီတဲ့ ကွန်ဆာဗေးတစ်တစ်ဦး အဖြစ်သတ်မှတ် ပြောဆိုကြပါ တယ်။ တိုးကာရာ့ဖ်ဟာ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း နိုင်ငံပြုပြင် ပြောင်းလဲနိုင်ရေးကို လုပ်ဆောင်ဖို့ လိုလားသူ တစ်ဦး ဖြစ်ရာ လက်ရှိအချိန်အထိ သမ္မတအဖြစ်အားပေး ထောက်ခံသူရရှိနေသူဖြစ်ပါတယ်။ တိုးကာရာဖ့်ဟာ ကာဇက် စတန်နိုင်ငံ ရေးလောကကို စတင်ဝင်ရောက် ချိန်တုန်းက Amanat ပါတီကနေ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပေမယ့် လက်ရှိ အချိန်မှာ တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ကာဇက်စတန်သမ္မတ ရွေးကောက်ပွဲကိုပါဝင် ယှဉ်ပြိုင်ချိန်မှာ လည်းတစ်သီးပုဂ္ဂလအဖြစ်ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကာဇက်စတန်ဟာ (၁၉၉၀)ပြည့်နှစ်မှာ ဆိုဗီ ယက်ပြည်ထောင်စုကနေ ခွဲထွက်ခဲ့ပြီးနောက် နိုင်ငံအဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်ရာ ကာဇက်စတန် သမ္မတသမိုင်းမှာ သမ္မတနှစ်ဦးသာ တာဝန်ယူခွင့် ရခဲ့ပါတယ်။ လူဦးရေ သန်း (၂၀)ကျော်ရှိနေတဲ့ ကာဇက်စတန်နိုင်ငံဟာ တိုးကာရာ့ဖ် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ နိုင်ငံရေးတည်ငြိမ်ခဲ့သလို စီးပွားရေးလည်းယခင်ထက် ပိုမိုဖွံ့ဖြိုးလာတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဂျန်ဇက်

Zawgyi Version:
ကာဇက္စတန္ သမၼတအေၾကာင္း တေစ့တေစာင္း

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ (၂၀၂၅) ခုႏွစ္ ေမလဒုတိယသီတင္းပတ္အတြင္း ႐ုရွားႏိုင္ငံမွာ က်င္းပျပဳလုပ္တဲ့ (၁၉၄၁-၁၉၄၅) မဟာမ်ိဳးခ်စ္စစ္ပြဲႀကီးေအာင္ပြဲ ႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားကို တက္ေရာက္ခ်ိန္အတြင္း ေမလ(၈)ရက္က ကာဇက္စတန္ ဝန္ႀကီးခ်ဳပ္ မစၥတာကတ္ခ္ဆန္ဂ်ိဳးမာ့တ္တိုးကာ ရာ့ဖ္နဲ႔ ေမာ္စကိုၿမိဳ႕ Ritz Carlton ဟိုတယ္မွာ ေတြ႕ဆုံေဆြး ေႏြးခဲ့ပါ တယ္။ အဲဒီေတြ႕ဆုံေဆြးေႏြးမႈအတြင္း ကာဇက္စတန္သမၼတဟာ ျမန္မာႏိုင္ငံမွာ မႏၲေလးငလ်င္ႀကီးျဖစ္ေပၚခဲ့တာ ေၾကာင့္ ထိခိုက္ပ်က္စီး ဆုံးရႈံးခဲ့ရမႈေတြအေပၚ ျမန္မာႏိုင္ငံအစိုးရ၊ ျပည္သူ လူထုတို႔နဲ႔ထပ္တူ စိတ္မေကာင္းျဖစ္ရတယ္ ဆိုတဲ့အခ်က္ကို ထည့္သြင္းေျပာဆိုခဲ့သလို ထိခိုက္ဆုံးရႈံးခဲ့ရမႈေတြကို ႏိုင္ငံေတာ္အစိုးရနဲ႔ ျပည္သူတို႔လက္တြဲၿပီး ျပန္လည္ ထူေထာင္ေရးနဲ႔ ျပည္လည္တည္ေဆာက္ ေရးလုပ္ငန္းေတြကို အေကာင္းဆုံးေဆာင္႐ြက္ၿပီး ေက်ာ္ျဖတ္သြားႏိုင္မယ္ဆိုတဲ့ အခ်က္ကိုလည္းေျပာ ဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံဟာ ကာဇက္စတန္ႏိုင္ငံနဲ႔ သံတမန္တည္ေထာင္မႈ (၂၅)ႏွစ္ေက်ာ္လာၿပီး ႏွစ္ႏိုင္ငံၾကားသံတမန္ဆက္ဆံေရးေကာင္းမြန္လ်က္ရွိေနပါတယ္။ ကာဇက္စတန္ႏိုင္ငံရဲ႕ လက္ရွိသမၼတျဖစ္သူ Kassym-Jomart Tokayev (တိုးကာရာ့ဖ္)ဟာ ႏိုင္ငံေရး၊ ဥပေဒနဲ႔ ႏိုင္ငံတကာဆက္ဆံေရးက႑ေတြမွာ အေတြ႕အႀကဳံမ်ားစြာရွိတဲ့ ႏိုင္ငံေရးသမား တစ္ဦးျဖစ္ပါတယ္။ တိုးကာရာ့ဖ္ကို ကာဇက္စတန္ႏိုင္ငံ အာလ္မာတီၿမိဳ႕မွာ(၁၉၅၃)ခုႏွစ္ ေမလ (၁၇)ရက္ကေမြးဖြားခဲ့တယ္လို႔ သိရပါတယ္။ တိုးကာရာ့ဖ္ရဲ႕ဖခင္ျဖစ္သူ ကာမယ္တိုးကာရာဖ့္ဟာ ဒုတိယကမာၻစစ္ျပန္ ႀကီးတစ္ဦးျဖစ္သလို ကာဇက္စတန္မွာ လူသိမ်ားထင္ရွားတဲ့ စာေရးဆရာတစ္ဦးျဖစ္ကာ မိခင္ျဖစ္သူ ရွာဘာဘရီဗာဟာ အာလ္မာတီ ႏိုင္ငံျခား ဘာသာစကားမ်ား သင္ၾကားေရးအင္စတီက်ဳတြင္ အလုပ္လုပ္ကိုင္သူျဖစ္ပါတယ္။ ၎ဟာငယ္ စဥ္ကတည္းက စာဖတ္ျခင္းနဲ႔ ကမာၻ႔ေရးရာအေၾကာင္းအရာေတြကို စိတ္ဝင္စားသူတစ္ဦးျဖစ္ၿပီး အထက္တန္း ေက်ာင္း သားဘဝကတည္းက စားပြဲတင္တင္းနစ္ (table tennis) ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈရရွိခဲ့ သူျဖစ္ကာ တကၠသိုလ္ေက်ာင္း သားအျဖစ္ Candidate Master of Sports ခ်ီးျမႇင့္ခံခဲ့ရဖူး သူျဖစ္ပါတယ္။ တိုးကာရာဖ့္ဟာ လက္ရွိအခ်ိန္မွာ ကာဇက္စတန္သမၼတအျဖစ္ တာဝန္ယူေနေပမယ့္ စားပြဲတင္တင္းနစ္ပြဲကို ဆက္လက္ကစားေနဆဲျဖစ္တယ္လို႔သိရ ပါတယ္။ (၁၉၇၀) ျပည့္ႏွစ္က ေမာ္စကိုႏိုင္ငံတကာဆက္ဆံေရးအင္စတီက်ဳ (MGIMO) မွာ တက္ေရာက္ခဲ့သူ တိုး ကာရာ့ဖ္ဟာ (၁၉၇၅) ခုႏွစ္မွာ ဘြဲ႕ရရွိခဲ့ၿပီး တကၠသိုလ္တတိယႏွစ္မွာ တ႐ုတ္ႏိုင္ငံရွိ ဆိုဗီယက္သံ႐ုံးမွာ ေျခာက္လအၾကာ ေလ့က်င့္ေရးလုပ္ကိုင္ခဲ့ၿပီး (၁၉၇၅)ခုႏွစ္မွာ ဘြဲ႕ရရွိခဲ့ပါတယ္။ သူဟာ တ႐ုတ္ဘာသာစကားကို အထူးျပဳေလ့လာခဲ့ၿပီး၊ တ႐ုတ္ႏိုင္ငံရွိ ဆိုဗီယက္သံ႐ုံးမွာ ေျခာက္လအၾကာ ေလ့က်င့္ေရးလုပ္ကိုင္ခဲ့ၿပီးေနာက္ ကာဇက္၊ ႐ုရွား၊ အဂၤလိပ္၊ တ႐ုတ္နဲ႔ ျပင္သစ္ဘာသာစကားေတြကို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္သူတစ္ဦးျဖစ္ပါတယ္။ တိုးကာရာ့ဖ္ဟာ (၁၉၇၅) ခုႏွစ္မွာ ဘြဲ႕ရရွိခဲ့ၿပီးေနာက္ ဆိုဗီယက္ျပည္ေထာင္စု ႏိုင္ငံျခားေရးဝန္ႀကီးဌာန မွာစတင္ဝင္ေရာက္ခဲ့ၿပီး စင္ကာပူႏိုင္ငံရွိ ဆိုဗီယက္ သံ႐ုံးမွာ ကနဦးတာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ စင္ကာ ပူႏိုင္ငံဆိုင္ရာ ဆိုဗီယက္သံ႐ုံးမွာတာဝန္ယူခဲ့ၿပီး ေနာက္ တိုးကာရာ့ဖ္ဟာ (၁၉၈၅) ခုႏွစ္ကေန (၁၉၉၁) ခုႏွစ္အထိ တ႐ုတ္ႏိုင္ငံရွိ ဆိုဗီယက္သံ႐ုံးမွာ ဒုတိယအတြင္းေရးမႉး၊ ပထမ အတြင္းေရးမႉးႏွင့္ အႀကံေပးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ (၁၉၉၁) ခုႏွစ္မွာ ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲၿပီး ေနာက္၊ တိုကာရာဖ့္ဟာ ကာဇက္စတန္ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ ဒုတိယဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ ပါတယ္။ တိုးကာရာ့ဖ္ဟာ ကာဇက္စတန္ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနဒုတိယ ဝန္ႀကီးအျဖစ္တာဝန္ယူၿပီးေနာက္ ႏွစ္အနည္းငယ္ အၾကာမွာပဲ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ရ ပါတယ္။ သူဟာ ကာဇက္စတန္ႏိုင္ငံျခား ေရးဝန္ႀကီးအျဖစ္ (၁၉၉၄) ခုႏွစ္ကေန (၁၉၉၉)ခုႏွစ္အထိ တာဝန္ယူခဲ့ၿပီး ကာဇက္စတန္ဝန္ႀကီးခ်ဳပ္အျဖစ္ (၁၉၉၉) ခုႏွစ္ကေနမွ (၂၀ဝ၂)ခုႏွစ္အထိ တာဝန္ ထမ္းေဆာင္ခြင့္ရရွိခဲ့ပါတယ္။ တိုးကာရာ့ဖ္ဟာ ထူးခြၽန္သူတစ္ဦးျဖစ္တဲ့အတြက္ ကာဇက္စတန္ အစိုးရအဖြဲ႕မွာတာဝန္ယူခြင့္ရသလို ကာဇက္စတန္လႊတ္ ေတာ္မွာလည္း တာဝန္ယူခြင့္ရရွိခဲ့သူျဖစ္ပါ တယ္။ တိုးကာရာ့ဖ္ဟာ အထက္လႊတ္ေတာ္ဥကၠ႒အျဖစ္ (၂၀ဝ၇) ခုႏွစ္ကေန (၂၀၁၁) ခုႏွစ္နဲ႔ (၂၀၁၃)ခုႏွစ္ ကေန (၂၀၁၉)ခုႏွစ္အထိ အထက္လႊတ္ေတာ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။ သူဟာ ကုလသမဂၢ႐ုံးမွာလည္းတာဝန္ ထမ္းေဆာင္ခဲ့ဖူးၿပီး (၂၀၁၁) ခုႏွစ္ကေန (၂၀၁၃)ခုႏွစ္အထိ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕ရွိ ကုလသမဂၢ႐ုံးမွာ ၫြန္ၾကား ေရးမႉးခ်ဳပ္ အျဖစ္ (၂၀၁၁) ခုႏွစ္ကေန (၂၀၁၃) ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးပါတယ္။ ကာဇက္စတန္သမၼတဟာ စနစ္ႀကီး သူတစ္ဦးျဖစ္သလို တိက်မႈနဲ႔ တာဝန္ယူမႈကို ဦးစားေပးတဲ့ စိတ္ေနသေဘာထားရွိပါတယ္။ သူဟာ ႏိုင္ငံေရးအလုပ္ အကိုင္ေတြမွာ တာဝန္ယူမႈနဲ႔ စနစ္တက်ေဆာင္႐ြက္မႈကို အထူးအေလးေပးေဆာင္႐ြက္ သူျဖစ္သလို အက်င့္ပ်က္ လာဘ္စားမႈတိုက္ဖ်က္ေရးကို တင္းၾကပ္စြာတိုက္ဖ်က္ဖို႔ႀကိဳးပမ္းခဲ့ၿပီး၊ အစိုးရအဖြဲ႕ေတြရဲ႕ တာဝန္ခံမႈကို တိုးျမႇင့္ဖို႔ ဥပေဒျပဳျပင္ ေျပာင္းလဲမႈေတြကို ေဆာင္႐ြက္ခဲ့ပါတယ္။ သူရဲ႕ စိတ္ ေနသေဘာထားဟာ တက္ႂကြမႈမႈ၊ အျပန္အလွန္ အက်ိဳးရွိမႈကိုဦးစားေပးတဲ့ အုပ္ခ်ဳပ္မႈစနစ္ကို လက္ခံ ထားသူျဖစ္ၿပီး ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈေရးက႑ေတြမွာ ျပဳျပင္ေျပာင္းလဲမႈေတြကိုေဆာင္႐ြက္ဖို႔ New Kazakhstan အျမင္ကို တင္ျပခဲ့သူလည္းျဖစ္ ပါတယ္။ တိုးကာရာ့ဖ္ဟာ (၂၀၁၉) ခုႏွစ္ မတ္ (၂၀) ရက္မွာ ယခင္သမၼတ ၾကမ်ကူအေည ျေဖေမဘေပနလ ႏုတ္ထြက္ခဲ့ၿပီးေနာက္ ယာယီသမၼတ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ကာဇက္စတန္ႏိုင္ငံမွာ (၂၀၁၉)ခုႏွစ္က သမၼတရာထူးကႏုတ္ထြက္ခဲ့ၿပီး ေနာက္ ေ႐ြးေကာက္ပြဲက်င္းပဖို႔ စီစဥ္ခဲ့ရာ (၂၀၁၉)ခု ႏွစ္ ဇြန္လအတြင္းက်င္းပတဲ့သမၼတေ႐ြးေကာက္ပြဲမွာ တိုးကာရာဖ့္က မဲရလဒ္ စုစုေပါင္းရဲ႕ (၇၁)ရာခိုင္ႏႈန္းကို လက္ခံရရွိကာ သမၼတအျဖစ္ေ႐ြးေကာက္ခံခဲ့ရပါတယ္။
(၂၀၂၂)ခုႏွစ္ ႏိုဝင္ဘာလမွာက်င္းပတဲ့ ျပဳလုပ္တဲ့ ေ႐ြးေကာက္ပြဲမွာလည္း ၎ဟာ ဆႏၵမဲစုစုေပါင္း (၈၁)ရာခိုင္ ႏႈန္းရရွိကာ သမၼတအျဖစ္ထပ္မံအ ႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။ ကာဇက္စတန္ သမၼတဟာ ျပဳျပင္ေျပာင္းလဲ ေရးသမား တစ္ဦးျဖစ္ၿပီး ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမူေရးလုပ္ငန္းေတြကို ျပဳျပင္ေျပာင္း လဲဖို႔ ႀကိဳးပမ္းခဲ့သူတစ္ဦးလို႔ ဆိုႏိုင္ပါတယ္။ ကာဇက္ စတန္ႏိုင္ငံမွာ (၂၀၂၂)ခုႏွစ္ ဇန္နဝါရီက ဆႏၵျပပြဲ ေတြျဖစ္လာခဲ့ၿပီးေနာက္ သမၼတတိုးကာရာ့ဖ္ဟာ New Kazakhstan ကို တင္ျပခဲ့ဖူးသူျဖစ္ပါတယ္။ New Kazakhstan စာတမ္းထဲမွာ ကာဇက္တန္ ႏိုင္ငံအတြင္း ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈေရးက႑ေတြမွာ ျပဳျပင္ေျပာင္းလဲမႈေတြ ေဆာင္႐ြက္မယ့္ အခ်က္ေတြ ပါဝင္ေနပါတယ္။ တိုးကာရာ့ဖ္ ဟာ ကာဇက္စတန္သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ဖြဲ႕စည္းပုံျပဳျပင္ေျပာင္းလဲမႈမ်ား သမၼတရဲ႕လုပ္ပိုင္ခြင့္ အာဏာကို ကန႔္သတ္ျခင္း၊ ပါတီစနစ္ကို ျပဳျပင္ျခင္း၊နဲ႔ အစိုးရအဖြဲ႕မ်ား၏ တာဝန္ခံမႈကို တိုးျမႇင့္ျခင္းတို႔ကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ တိုးကာရာဖ့္ဟာ ကာဇက္စတန္အစိုးရအဖြဲ႕မွာ ဝန္ႀကီးခ်ဳပ္၊ သမၼတ အျဖစ္တာဝန္ယူခ်ိန္အတြင္း ေသဒဏ္ အျပစ္ေပးမႈစနစ္ကို ဖ်က္သိမ္းဖို႔ႀကိဳးပမ္းခဲ့ၿပီး ၎ရဲ႕ႀကိဳးပမ္းမႈေတြေၾကာင့္ ကာဇက္စတန္ႏိုင္ငံမွာ ေသဒဏ္အျပစ္ေပးမႈ ကိုဖ်က္သိမ္းခဲ့တယ္လို႔သိရပါတယ္။ ကာဇက္ စတန္ႏိုင္ငံအတြင္း စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ရာမွာလည္း တန္းတူညီမွ်လုပ္ကိုင္ခြင့္၊ ႏိုင္ငံသားေတြ ဝင္ေငြမွ်တစြာရရွိေရးကိုတိုးကာရာ့ဖ္ဟာ အဓိကဦး စားေပးေဆာင္႐ြက္ခဲ့သူျဖစ္ တယ္လို႔ ဆိုၾကပါတယ္။ တိုးကာရာဖ့္ဟာ Listening State သေဘာတရား ကိုအဆိုျပဳႀကိဳးပမ္းခဲ့သူျဖစ္ၿပီး အဲဒီ သေဘာတရား ေတြထဲမွာ ႏိုင္ငံအတြက္ ႏိုင္ငံသားျဖစ္လာတာမ်ိဳး မဟုတ္ဘဲ ႏိုင္ငံသားေတြအတြက္ ႏိုင္ငံျဖစ္လာတယ္ ဆိုတဲ့အယူအဆကို အဓိကထားပါတယ္။ တိုးကာရာ့ဖ္ ဟာကာဇက္စတန္သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း လူအဖြဲ႕ စည္းအတြင္း အျပဳသေဘာေဆာင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈေတြကိုဖန္တီးဖို႔ ျပည္သူေတြၾကား တစ္ဦးနဲ႔တစ္ဦးၾကား တစ္ဖက္သားရဲ႕ေျပာစကားကို နားေထာင္တတ္တဲ့ အေလ့အက်င့္မ်ိဳးျဖစ္လာေစဖို႔ ႀကိဳးပမ္းခဲ့သူလို႔ဆိုၾကပါတယ္။ တိုးကာရာ့ဖ္ဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ႐ုရွား၊ တ႐ုတ္ႏိုင္ငံတို႔အျပင္ အေမရိကန္ႏိုင္ငံရဲ႕သံတမန္ ဆက္ဆံ ေရးကိုလည္း ပိုမိုေကာင္းမြန္ေအာင္တည္ေဆာက္ ႏိုင္ခဲ့သလို တျခားကမာၻ႔ႏိုင္ငံေတြရဲ႕သံတမန္ဆက္ ဆံေရးကို ဟန္ခ်က္ညီေအာင္ထိန္းသိမ္းႏိုင္ခဲ့သူျဖစ္သူျဖစ္ပါတယ္။ ႏိုင္ငံတကာမီဒီယာေတြက တိုးကာရာဖ့္ကို ျပည္တြင္းနဲ႔ ႏိုင္ငံ တကာ ႏိုင္ငံေရးအေတြ႕ အႀကဳံရင့္က်က္တဲ့ ေခတ္မီတဲ့ ကြန္ဆာေဗးတစ္တစ္ဦး အျဖစ္သတ္မွတ္ ေျပာဆိုၾကပါ တယ္။ တိုးကာရာ့ဖ္ဟာ သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံျပဳျပင္ ေျပာင္းလဲႏိုင္ေရးကို လုပ္ေဆာင္ဖို႔ လိုလားသူ တစ္ဦး ျဖစ္ရာ လက္ရွိအခ်ိန္အထိ သမၼတအျဖစ္အားေပး ေထာက္ခံသူရရွိေနသူျဖစ္ပါတယ္။ တိုးကာရာဖ့္ဟာ ကာဇက္ စတန္ႏိုင္ငံ ေရးေလာကကို စတင္ဝင္ေရာက္ ခ်ိန္တုန္းက Amanat ပါတီကေန ဝင္ေရာက္ယွဥ္ ၿပိဳင္ခဲ့ေပမယ့္ လက္ရွိ အခ်ိန္မွာ တစ္သီးပုဂၢလအျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္။ ကာဇက္စတန္သမၼတ ေ႐ြးေကာက္ပြဲကိုပါဝင္ ယွဥ္ၿပိဳင္ခ်ိန္မွာ လည္းတစ္သီးပုဂၢလအျဖစ္ပါဝင္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ကာဇက္စတန္ဟာ (၁၉၉၀)ျပည့္ႏွစ္မွာ ဆိုဗီ ယက္ျပည္ေထာင္စုကေန ခြဲထြက္ခဲ့ၿပီးေနာက္ ႏိုင္ငံအျဖစ္တည္ေထာင္ခဲ့ျခင္းျဖစ္ရာ ကာဇက္စတန္ သမၼတသမိုင္းမွာ သမၼတႏွစ္ဦးသာ တာဝန္ယူခြင့္ ရခဲ့ပါတယ္။ လူဦးေရ သန္း (၂၀)ေက်ာ္ရွိေနတဲ့ ကာဇက္စတန္ႏိုင္ငံဟာ တိုးကာရာ့ဖ္ သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္းမွာ ႏိုင္ငံေရးတည္ၿငိမ္ခဲ့သလို စီးပြားေရးလည္းယခင္ထက္ ပိုမိုဖြံ႕ၿဖိဳးလာတဲ့ႏိုင္ငံ တစ္ႏိုင္ငံျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။
ဂ်န္ဇက္

Related news

© 2021. All rights reserved.