ရွှေဘိုမြို့အဝင်ရှိ တပ်မတော်လုံခြုံရေးဂိတ်ကို PDF အဖွဲ့ ပစ်/ပြေးမှုဖြစ်ပွား

1959
NP News - မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အဝင်ရှိ တပ်မတော်လုံခြုံရေးဂိတ်ကို ယနေ့ (မေလ ၃၁ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၅ဝ မိနစ်အချိန်ခန့်က PDF အဖွဲ့ လာရောက်ပစ်ခတ်ရာ အထိနာကာပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အထက်ပါ ရွှေဘိုမြို့အဝင်ဂိတ်သို့ လာရောက်ပစ်ခတ်ရာတွင် ထိတွေ့တိုက်ပွဲ မိနစ်(၄၀)ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
“၁၂ နာရီ ၅၀ လောက်မှာ ထိတွေ့မှုရှိတယ်။ ၁၂ နာရီ ၅၀ ကနေ ၁ နာရီခွဲ အထိဖြစ်တာ။ မြို့အဝင် မုဒ်ပေါက်မှာဖြစ်တာပါ။ ရွှေဘိုမြို့အဝင်အထွက် ကြိုဆိုပါ၏ မုဒ်ပေါက်မှာပါ။ PDF ကနေ စတင်ပစ်တာမှာ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်ဘက်ကပြန်ပစ်တာ။ သူတို့ဘက်ကတော့ အထိအခိုက်ရှိတယ်လို့ပြောတယ်။ ကင်းစခန်းကိုလာတိုက်တာ” ဟု ၎င်းက ဆက်ပြောသည်
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် PDF အဖွဲ့ဘက်မှာ အထိနာကာပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိတွင် တပ်မတော်မှ လုံခြုံရေးဆောင်ရွက်မှုများကို ယခင်အတိုင်းဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Zawgyi Version:
ေ႐ႊဘိုၿမိဳ႕အဝင္ရွိ တပ္မေတာ္လုံၿခဳံေရးဂိတ္ကို PDF အဖြဲ႕က ပစ္/ေျပးမႈျဖစ္ပြား
NP News - ေမ ၃၁
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕အဝင္ရွိ တပ္မေတာ္လုံၿခဳံေရးဂိတ္ကို ယေန႔ (ေမလ ၃၁ ရက္)၊ မြန္းလြဲ ၁၂ နာရီ ၅ဝ မိနစ္အခ်ိန္ခန႔္က PDF အဖြဲ႕ လာေရာက္ပစ္ခတ္ရာ အထိနာကာျပန္လည္ထြက္ေျပးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
အထက္ပါ ေ႐ႊဘိုၿမိဳ႕အဝင္ဂိတ္သို႔ လာေရာက္ပစ္ခတ္ရာတြင္ ထိေတြ႕တိုက္ပြဲ မိနစ္(၄၀)ခန႔္ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။
“၁၂ နာရီ ၅၀ ေလာက္မွာ ထိေတြ႕မႈရွိတယ္။ ၁၂ နာရီ ၅၀ ကေန ၁ နာရီခြဲ အထိျဖစ္တာ။ ၿမိဳ႕အဝင္ မုဒ္ေပါက္မွာျဖစ္တာပါ။ ေ႐ႊဘိုၿမိဳ႕အဝင္အထြက္ ႀကိဳဆိုပါ၏ မုဒ္ေပါက္မွာပါ။ PDF ကေန စတင္ပစ္တာမွာ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ဘက္ကျပန္ပစ္တာ။ သူတို႔ဘက္ကေတာ့ အထိအခိုက္ရွိတယ္လို႔ေျပာတယ္။ ကင္းစခန္းကိုလာတိုက္တာ” ဟု ၎က ဆက္ေျပာသည္
ထိုသို႔ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ PDF အဖြဲ႕ဘက္မွာ အထိနာကာျပန္လည္ဆုတ္ခြာသြားခဲ့ၿပီး လက္ရွိတြင္ တပ္မေတာ္မွ လုံၿခဳံေရးေဆာင္႐ြက္မႈမ်ားကို ယခင္အတိုင္းဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။