Golden Dome စနစ် ဘာလဲ၊ ဘယ်လဲ

334

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်ဒေါ်လာ (၁၇၅) ဘီလျံကုန်ကျနိုင်သည်ဟု ခန့်မှန်းထား သည့် Golden Dome မစ်ဆိုင်းကာ ကွယ်ရေးစနစ်တစ်ရပ် တည်ဆောက်သွားမည် ဖြစ်ကြောင်း (၂၀၂၅) ခုနှစ် မေလ (၂၀) ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါစီမံချက်သည် တိုက်ချင်းပစ်ဒုံးကျည်များ၊ ဟိုက်ပါဆိုးနစ် ဒုံးကျည် များဖြင့် တိုက်ခိုက်လာနိုင်သည့် ခြိမ်းခြောက်မှုများ၊ ယုတ်စွအဆုံး အာကာသမှတိုက်ခိုက်လာနိုင်မှုများကိုပင် ကြားဖြတ်ပစ်ချ နိုင်ရန်အတွက် ရည်ရွယ်တည် ဆောက်ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါစီမံချက်အတွက် ကနဦးကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ (၂၅) ဘီလျံ ခန့်မှန်းထားပြီး သူ၏ လက်ရှိ သက်တမ်း (၂၀၂၉)မကုန်မီအပြီး တည်ဆောက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။ Golden Dome စနစ် အပြည့်အဝတည် ဆောက်ပြီးပါက ကမ္ဘာ့အခြားနေရာများ သို့မဟုတ် အာကာသမှပစ်လွှတ်သည့်တိုင်အောင် မစ်ဆိုင်းဒုံး ကျည်များကို ကြားဖြတ်ပစ်ချနိုင်မည်ဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုထားသည်။ ယခုစီမံချက်ကို အမေရိကန်အာကာသတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး Michael Guetlein က ဦးဆောင်ပြီး တိုးတက်မှုအခြေအနေကို ကြီးကြပ် သွားမည်ဖြစ်သည်။ ယခုမစ်ဆိုင်းကာကွယ်ရေးစနစ်သည် အမေရိကန်နိုင်ငံကို အခြားနိုင်ငံခြားတိုင်းပြည်များ၏ မစ်ဆိုင်း ဖြင့် တိုက်ခိုက်ခြင်းမှ အကာအကွယ်ပေးနိုင်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်သူများကို ကတိပြုပြော ကြားထားသည်။ အဆိုပါစီမံချက်တွင် အာကာသအခြေပြု ကြားဖြတ်တိုက်ခိုက်နိုင် သည့်စနစ်နှင့် ဆင်ဆာစနစ်များ ပါဝင်သည့်အတွက် တိုက်ချင်းပစ်ဒုံးကျည်များ၊ ဟိုက်ပါဆိုးနစ်မစ်ဆိုင်းများနှင့် အဆင့်မြင့် ခရုဇ်မစ်ဆိုင်းများကို ကြားဖြတ်ပစ် ချနိုင်ခြင်းဖြစ်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က ထုတ် ဖော်ပြောဆိုခဲ့သည်။
သို့သော် သမ္မတဒေါ်နယ်ထရမ့်သည် စီမံချက်နှင့်ပတ်သက်၍ ယနေ့အထိ အသေးစိတ်ထုတ် ပြန်ခြင်း မရှိသေးပါ ။ အဆိုပါစနစ်ကို အမေရိကန်နိုင်ငံ အတွင်း ပြုလုပ်မည်ဆိုသော်လည်း မည်သည့်ကုမ္ပဏီ များ ပါဝင်မည်ဆိုသည်ကိုလည်း ထုတ်ပြောခြင်း မရှိသေးပါ။ အာကာသအခြေပြုသည့် ကာကွယ်ရေးစနစ်ကို အမေရိကန်သမ္မတ ရော်နယ် ရီဂင်က (၁၉၈၁-၁၉၈၉) တွင် ပထမဆုံးစတင်ခဲ့ခြင်းဖြစ်သည်။ သမ္မတရော်နယ်ရီဂင်သည် စစ်အေးကာလအတွင်း မဟာဗျူဟာ မြောက် ကာကွယ်ရေးအစီအစဉ် သို့မဟုတ် ကြယ်တာရာစီမံချက်၏ အစိတ်အပိုင်းအဖြစ် အာကာသအခြေပြု နည်း ပညာပါဝင်သည့် နျူကလီးယားလက်နက်တားဆီးရေး အစီအစဉ်တစ်ရပ် ကိုတင်ပြခဲ့ခြင်းဖြစ်သည်။ အမိမြေ အမေရိ ကန်ကို မစ်ဆိုင်းခြိမ်းခြောက်မှု အမြဲတမ်းအဆုံးသတ်စေရေး လွန်ခဲ့သည့် နှစ်(၄၀)က သမ္မတရော်နယ်ရီဂင် စတင်ခဲ့သည့် အလုပ်တစ်ခုကို အပြီးသတ်ဆောင်ရွက် သွားမည်ဟုလည်း သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ သည်။
ဒုတိယကြယ်တာရာစစ်ပွဲ
(Star war 2.0)
အာကာသအခြေစိုက် ဒုံးကျည်ကာကွယ် ရေးစနစ်သည် အာကာသဂြိုဟ်ပတ် လမ်းကြောင်းပေါ်တွင် တည် ဆောက်သွားမည့် ဒုံးကျည်ကာကွယ်ရေး စနစ်ဖြစ်ပြီး ယင်းအယူအဆကို စစ်အေးခေတ်ကာလ ကတည်းက အဆိုပြုခဲ့ပြီး ဖြစ်ကာ ရော်နယ်ရေဂင် ကာလက “Star Wars” အစီအစဉ်အဖြစ် အကောင် အထည်ဖော်ခဲ့သည်။ “Star Wars” အစီ အစဉ်ကို နည်းပညာအရ စွန့်လွှတ်ခဲ့ပြီးဖြစ်သော်လည်း သမ္မတဒေါ်နယ်ထရမ့်က ဒုတိယသက်တမ်း စတင်တာဝန် ထမ်းဆောင်ပြီး တစ်ပတ်အကြာ၌ “Iron Dome” ကာကွယ်ရေးစနစ် တည်ဆောက်မည့်အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက အဆိုပါစနစ်ကို “Golden Dome” အဖြစ် အမည်ပြောင်းခဲ့ ခြင်းဖြစ်သည်။ ယင်းကို “Star Wars 2.0’’ အစီအစဉ်ဟုလည်း မီဒီယာအချို့တွင် ခေါ်ဆိုမှုများလည်းရှိသည်။ “Golden Dome’’ စနစ် သည် အမေရိကန်မီဒီယာနှင့် ပညာရှင်အများ အပြား၏ သံသယဝင်ခြင်းခံရပြီး အဆိုပါစနစ်သည် နည်းပညာသုတေ သနပြုမှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ကြီးမားသော စိန်ခေါ်မှုများရှိနေဆဲ ဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် သတ်မှတ်ထား သည့် အချိန်ကာလအတွင်း စီမံကိန်းအကောင်အထည်ဖော်ရန်မှာ အခက်အခဲများစွာရှိသည်။ “Golden Dome” စနစ် သည် အာကာသလက်နက်ပြင်ဆင်ရေး ယှဉ်ပြိုင်မှုကို ပြင်းထန်လာစေနိုင်သည်ဟု ပညာရှင်အချို့၏ သတိပေးချက်များ လည်းရှိသည်။
နည်းပညာကျွမ်းကျင်သူများကမူ စီမံချက်၏ အချိန်ကာလ၊ ဘတ်ဂျက်နှင့်ပတ်သက်၍ မေးခွန်း ထုတ်နေကြ သည်။ စီမံချက်အတွက် လုံလောက်သည့် ရန်ပုံငွေမှာလည်း ယခုအထိ မရှိသေးဟု ထောက်ပြ ကြသည်။ သမ္မတဒေါ်နယ် ထရမ့်နှင့်နီးစပ်သည့် အမည်မဖော်လိုသည့်အစိုးရအရာတစ်ဦးကမူ စီမံချက်အတွက် “အလယ်အလတ်” “အမြင့်”နှင့် “အလွန်အမြင့်”ဟူ၍ ဗားရှင်းသုံးမျိုးရှိသည်ဟု ဆိုသည်။ အဆိုပါဗားရှင်းသုံးမျိုးတွင် ဂြိုဟ်တုများ၊ ဆင်ဆာများနှင့် ကြားဖြတ်စနစ်များကို အာကာသအတွင်း ဖြန့်ကြက်ချထားမည့်အစီအစဉ်များ ပါဝင်မည်ဟုဆိုသည်။ AP သတင်းတစ်ရပ် တွင် သမ္မတဒေါ်နယ်ထရမ့်သည် အမြင့်ဗားရှင်းကိုရွေးချယ်ထားပြီး ကနဦးကုန် ကျငွေမှာ အမေရိကန်ဒေါ်လာ (၃၀) ဘီလျံနှင့် (၁၀ဝ) ဘီလျံကြားတွင်ရှိမည်ဟုဆိုသည်။
စီမံချက်အတွက် စုစုပေါင်းခန့်မှန်းကုန်ကျ ငွေမှာ အမေရိကန်ဒေါ်လာ (၁၇၅) ဘီလျံရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် အချိန်ကာလမှာမူ (၁၀) နှစ်ခန့်ကြာနိုင်သည်ဟု Center for Strategic and International Studies (CSIS)၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာနမှ အကြီးတန်းသုတေသီတစ်ဦးဖြစ်သည့် Tom Karako က ရိုက်တာသတင်းဌာနကို ထုတ် ဖော်ပြောဆိုထားသည်။ အမေရိကန်ကွန်ဂရက် ဒီမိုကရက်အမတ် (၄၂) ဦးကမူ အဆိုပါ စီမံချက်တွင် အီလွန်မက်စ်၏ SpaceX ပါဝင်ခြင်းရှိမရှိ မေးမြန်း ထားသည်ဟု သတင်းထွက် လာသည်လည်းရှိသည်။ အမေရိကန်ထိပ်တန်းနည်းပညာ ကုမ္ပဏီများသည် Golden Dome ၏ အရေးကြီးအစိတ်အပိုင်းများ တည်ဆောက်ရေးတွင် ပါဝင်နိုင်ရေး ကြိုးပမ်းနေကြ သည်ဟုလည်း ဆိုသည်။
အမေရိကန်နိုင်ငံသည် အဓိကပြိုင်ဘက်များဖြစ်သည့် တရုတ်နှင့် ရုရှားနိုင်ငံတို့ထံမှ ခြိမ်း ခြောက်မှု မြင့်မားလာ သည်ဟု ရှုမြင်ထားသည်။ တရုတ်နိုင်ငံသည်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းက တိုက်ချင်းပစ်မစ်ဆိုင်းဒုံး ကျည်နှင့် ဟိုက်ပါဆိုးနစ်မစ်ဆိုင်း နည်းပညာတို့တွင် သိသိသာသာတိုး တက်လာခဲ့သည်။ ရုရှားနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး တိုက်ချင်းပစ်မစ်ဆိုင်းဒုံးကျည် များထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် ကမ္ဘာပေါ်တွင် နျူကလီးယားထိပ်ဖူးအများဆုံး တပ်ဆင်ထားသည့် နိုင်ငံများဖြစ် သည်။ ထို့ပြင် နှစ်နိုင်ငံလုံးသည် မောင်း သူမဲ့ဒရုန်း နည်းပညာတွင်လည်း များစွာတိုးတက်နေကြသည့်နိုင်ငံများဖြစ်သည်။ တရုတ်နိုင်ငံသည် သမ္မတဒေါ်နယ်ထရမ့်၏ Golden Dome စီမံချက်သည် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပြီး လက်နက်ပြိုင်ပွဲကို အရှိန်မြှင့်ပေးသည့် အစီအစဉ် တစ်ရပ်သာ ဖြစ်သည်ဟု တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချထား သည်။ အမေရိကန်နိုင်ငံ၏ ယခုအစီအစဉ်သည် အာကာသကို စစ်မြေပြင်ဖြစ်အောင် ပြုလုပ်နေခြင်းဖြစ်ပြီး လက်နက် ပြိုင်ပွဲကို လောင်စာထိုးပေးခြင်းဖြစ်ကာ နိုင်ငံတကာလုံခြုံရေးကို အားနည်းစေသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ Golden Dome မစ်ဆိုင်းကာကွယ်ရေး အစီအစဉ်သည် အမေရိကန်နိုင်ငံအတွက် အချုပ်အခြာအာဏာကိစ္စဖြစ်ကြောင်း ရုရှားအစိုးရဘက်ကလည်း တုံ့ပြန်ထား သည်။ အမေရိကန်နိုင်ငံအနေနှင့် မစ်ဆိုင်းခြိမ်းခြောက် မှုရှိသည်ဟုယုံကြည်ပါက မစ်ဆိုင်းကာကွယ်ရေးစနစ်ကို ဖွံ့ဖြိုး အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအားလုံးကလည်း အလားတူလုပ်ဆောင် ကြမည်သာဖြစ်ကြောင်း၊ မဝေးလှတော့သည့် အနာဂတ်တွင် မဟာဗျူဟာမြောက် တည်ငြိမ်မှုရရှိစေရန်အတွက် ဆက်သွယ်မှုများ ပြန်လည် စတင်ရန်လိုအပ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က သတင်းထောက်များကို ပြောဆိုခဲ့သည်။
Iron Dome နှင့် Golden Dome
အစ္စရေးတို့၏ Iron Dome သည် တာတို၊ တာလတ်ပစ်ရော့ကက်များနှင့် လက်နက်ကြီးများကို ကြားဖြတ်ပစ်ချ ရန်အတွက်ဖြစ်သည်။ အမေရိကန်တို့၏ Golden Dome မှာလည်း အစ္စရေးတို့၏ Iron Dome ကို မော်ဒယ်ယူထား ခြင်းဖြစ်သည်။ အစ္စရေးတို့၏ Iron Dome စနစ်ကို (၂၀၁၁) ခုနှစ် မတ်လမှ စ၍ အသုံးပြုခဲ့ခြင်းဖြစ်သည်။ Iron Dome စနစ်တွင် ရေဒါယူနစ်၊ ထိန်းချုပ်ရေးစင်တာနှင့် မစ်ဆိုင်း လောင်ချာတို့ပါဝင်သည်။ Iron Dome နှင့်မတူ သည့်အချက်မှာ Iron Dome သည် နယ်မြေကျဉ်း ကျဉ်းလေးတစ်ခုကို ကာကွယ်ရန်အတွက်သာ ဒီဇိုင်း ထုတ်ထားခြင်းဖြစ်သည်။ သို့သော် မိုဘိုင်းစနစ်တစ်ခုဖြစ်သည့်အတွက် နေရာများစွာ ဖြန့်ကြက်ချထားနိုင်သည်။ Golden Dome ဗားရှင်းသည် နျူကလီး ယားလက်နက်များပါဝင်သည့် တိုက်ချင်းပစ်မစ်ဆိုင်းဒုံး ကျည်များကို ကာကွယ် နိုင်စွမ်းရှိသည်။
ဘယ်ကိုဦးတည်လဲ
အမေရိကန်၏ ယခုအရွေ့သည် တရုတ်နှင့် ရုရှားတို့၏ မဟာဗျူဟာ မြောက် ကြိုတင်ဟန့်တား ရေးကို အားနည်း အောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့သော် အမေရိကန်တို့ ကြိုးပမ်းမှုသည် တင်းမာမှုများအား လျော့နည်းအောင် ပြုလုပ် နိုင် မည်မဟုတ်သကဲ့သို့ မဟာဗျူဟာရပ်ဝန်းတွင် အခြေအနေအရပ်ရပ်ကို တိုးတက်အောင်လည်း ပြုလုပ်နိုင်မည်မဟုတ် ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က မှတ်ချက်ပေးထားသည်။ တရုတ်နိုင်ငံ၏ သဘောထားမှာ လက်နက်ပြိုင်ပွဲသစ်များ ဖြစ်လာမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ၏သဘောထားမှာ အမေရိကန် တို့၏ အစီအစဉ်ကို အသေးစိတ်မသိရသေး၍ လတ်တလောအားဖြင့် အချုပ်အခြာအာဏာကိစ္စအဖြစ် မှတ်ယူထား သည်ကို တွေ့ရသည်။ သမ္မတဒေါ်နယ်ထရမ့်ကလည်း Golden Dome အစီအစဉ်ကို လက်တွေ့ အကောင်အထည် ဖော်မည်လား သို့မဟုတ် သမ္မတရော်နယ်ရီဂင်က ကြယ်တာရာစစ်ပွဲအမည်ဖြင့် ဆိုဗီယက်ရုရှားကို လှည့်ဖြားခဲ့သကဲ့သို့ Golden Dome အမည်ဖြင့် ရုရှားနှင့်တရုတ်နိုင်ငံကို လှည့်ဖြားရန် ကြိုးပမ်းနေခြင်းလား ဆိုသည်မှာမူ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ Golden Dome ဘာလဲ၊ ဘယ်လဲဟု မေးလျှင် ငွေရောင်ပိတ်ကားပေါ်တွင် စောင့်ကြည့်ရမည် ဟူ၍သာ။
သန်းထိုက်စိုး

Zawgyi Version:
Golden Dome စနစ္ ဘာလဲ၊ ဘယ္လဲ
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ အေမရိကန္ေဒၚလာ (၁၇၅) ဘီလ်ံကုန္က်ႏိုင္သည္ဟု ခန႔္မွန္းထား သည့္ Golden Dome မစ္ဆိုင္းကာ ကြယ္ေရးစနစ္တစ္ရပ္ တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း (၂၀၂၅) ခုႏွစ္ ေမလ (၂၀) ရက္တြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။ အဆိုပါစီမံခ်က္သည္ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ား၊ ဟိုက္ပါဆိုးနစ္ ဒုံးက်ည္ မ်ားျဖင့္ တိုက္ခိုက္လာႏိုင္သည့္ ၿခိမ္းေျခာက္မႈမ်ား၊ ယုတ္စြအဆုံး အာကာသမွတိုက္ခိုက္လာႏိုင္မႈမ်ားကိုပင္ ၾကားျဖတ္ပစ္ခ် ႏိုင္ရန္အတြက္ ရည္႐ြယ္တည္ ေဆာက္ျခင္းျဖစ္သည္ဟုဆိုသည္။
အဆိုပါစီမံခ်က္အတြက္ ကနဦးကုန္က်ေငြမွာ အေမရိကန္ေဒၚလာ (၂၅) ဘီလ်ံ ခန႔္မွန္းထားၿပီး သူ၏ လက္ရွိ သက္တမ္း (၂၀၂၉)မကုန္မီအၿပီး တည္ေဆာက္မည္ဟု သမၼတေဒၚနယ္ထရမ့္က ေၾကညာခဲ့သည္။ Golden Dome စနစ္ အျပည့္အဝတည္ ေဆာက္ၿပီးပါက ကမာၻ႔အျခားေနရာမ်ား သို႔မဟုတ္ အာကာသမွပစ္လႊတ္သည့္တိုင္ေအာင္ မစ္ဆိုင္းဒုံး က်ည္မ်ားကို ၾကားျဖတ္ပစ္ခ်ႏိုင္မည္ျဖစ္သည္ဟု သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုထားသည္။ ယခုစီမံခ်က္ကို အေမရိကန္အာကာသတပ္ဖြဲ႕ ဗိုလ္ခ်ဳပ္ႀကီး Michael Guetlein က ဦးေဆာင္ၿပီး တိုးတက္မႈအေျခအေနကို ႀကီးၾကပ္ သြားမည္ျဖစ္သည္။ ယခုမစ္ဆိုင္းကာကြယ္ေရးစနစ္သည္ အေမရိကန္ႏိုင္ငံကို အျခားႏိုင္ငံျခားတိုင္းျပည္မ်ား၏ မစ္ဆိုင္း ျဖင့္ တိုက္ခိုက္ျခင္းမွ အကာအကြယ္ေပးႏိုင္မည္ဟု သမၼတ ေဒၚနယ္ထရမ့္က အေမရိကန္ျပည္သူမ်ားကို ကတိျပဳေျပာ ၾကားထားသည္။ အဆိုပါစီမံခ်က္တြင္ အာကာသအေျချပဳ ၾကားျဖတ္တိုက္ခိုက္ႏိုင္ သည့္စနစ္ႏွင့္ ဆင္ဆာစနစ္မ်ား ပါဝင္သည့္အတြက္ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ား၊ ဟိုက္ပါဆိုးနစ္မစ္ဆိုင္းမ်ားႏွင့္ အဆင့္ျမင့္ ခ႐ုဇ္မစ္ဆိုင္းမ်ားကို ၾကားျဖတ္ပစ္ ခ်ႏိုင္ျခင္းျဖစ္သည္ဟု သမၼတေဒၚနယ္ထရမ့္က ထုတ္ ေဖာ္ေျပာဆိုခဲ့သည္။
သို႔ေသာ္ သမၼတေဒၚနယ္ထရမ့္သည္ စီမံခ်က္ႏွင့္ပတ္သက္၍ ယေန႔အထိ အေသးစိတ္ထုတ္ ျပန္ျခင္း မရွိေသးပါ ။ အဆိုပါစနစ္ကို အေမရိကန္ႏိုင္ငံ အတြင္း ျပဳလုပ္မည္ဆိုေသာ္လည္း မည္သည့္ကုမၸဏီ မ်ား ပါဝင္မည္ဆိုသည္ကိုလည္း ထုတ္ေျပာျခင္း မရွိေသးပါ။ အာကာသအေျချပဳသည့္ ကာကြယ္ေရးစနစ္ကို အေမရိကန္သမၼတ ေရာ္နယ္ ရီဂင္က (၁၉၈၁-၁၉၈၉) တြင္ ပထမဆုံးစတင္ခဲ့ျခင္းျဖစ္သည္။ သမၼတေရာ္နယ္ရီဂင္သည္ စစ္ေအးကာလအတြင္း မဟာဗ်ဴဟာ ေျမာက္ ကာကြယ္ေရးအစီအစဥ္ သို႔မဟုတ္ ၾကယ္တာရာစီမံခ်က္၏ အစိတ္အပိုင္းအျဖစ္ အာကာသအေျချပဳ နည္း ပညာပါဝင္သည့္ န်ဴကလီးယားလက္နက္တားဆီးေရး အစီအစဥ္တစ္ရပ္ ကိုတင္ျပခဲ့ျခင္းျဖစ္သည္။ အမိေျမ အေမရိ ကန္ကို မစ္ဆိုင္းၿခိမ္းေျခာက္မႈ အၿမဲတမ္းအဆုံးသတ္ေစေရး လြန္ခဲ့သည့္ ႏွစ္(၄၀)က သမၼတေရာ္နယ္ရီဂင္ စတင္ခဲ့သည့္ အလုပ္တစ္ခုကို အၿပီးသတ္ေဆာင္႐ြက္ သြားမည္ဟုလည္း သမၼတေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ သည္။
ဒုတိယၾကယ္တာရာစစ္ပြဲ
(Star war 2.0)
အာကာသအေျခစိုက္ ဒုံးက်ည္ကာကြယ္ ေရးစနစ္သည္ အာကာသၿဂိဳဟ္ပတ္ လမ္းေၾကာင္းေပၚတြင္ တည္ ေဆာက္သြားမည့္ ဒုံးက်ည္ကာကြယ္ေရး စနစ္ျဖစ္ၿပီး ယင္းအယူအဆကို စစ္ေအးေခတ္ကာလ ကတည္းက အဆိုျပဳခဲ့ၿပီး ျဖစ္ကာ ေရာ္နယ္ေရဂင္ ကာလက “Star Wars” အစီအစဥ္အျဖစ္ အေကာင္ အထည္ေဖာ္ခဲ့သည္။ “Star Wars” အစီ အစဥ္ကို နည္းပညာအရ စြန႔္လႊတ္ခဲ့ၿပီးျဖစ္ေသာ္လည္း သမၼတေဒၚနယ္ထရမ့္က ဒုတိယသက္တမ္း စတင္တာဝန္ ထမ္းေဆာင္ၿပီး တစ္ပတ္အၾကာ၌ “Iron Dome” ကာကြယ္ေရးစနစ္ တည္ေဆာက္မည့္အမိန႔္တစ္ရပ္ ထုတ္ျပန္ခဲ့သည္။ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ဌာနက အဆိုပါစနစ္ကို “Golden Dome” အျဖစ္ အမည္ေျပာင္းခဲ့ ျခင္းျဖစ္သည္။ ယင္းကို “Star Wars 2.0’’ အစီအစဥ္ဟုလည္း မီဒီယာအခ်ိဳ႕တြင္ ေခၚဆိုမႈမ်ားလည္းရွိသည္။ “Golden Dome’’ စနစ္ သည္ အေမရိကန္မီဒီယာႏွင့္ ပညာရွင္အမ်ား အျပား၏ သံသယဝင္ျခင္းခံရၿပီး အဆိုပါစနစ္သည္ နည္းပညာသုေတ သနျပဳမႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ ႀကီးမားေသာ စိန္ေခၚမႈမ်ားရွိေနဆဲ ျဖစ္သည္။ သမၼတ ေဒၚနယ္ထရမ့္ သတ္မွတ္ထား သည့္ အခ်ိန္ကာလအတြင္း စီမံကိန္းအေကာင္အထည္ေဖာ္ရန္မွာ အခက္အခဲမ်ားစြာရွိသည္။ “Golden Dome” စနစ္ သည္ အာကာသလက္နက္ျပင္ဆင္ေရး ယွဥ္ၿပိဳင္မႈကို ျပင္းထန္လာေစႏိုင္သည္ဟု ပညာရွင္အခ်ိဳ႕၏ သတိေပးခ်က္မ်ား လည္းရွိသည္။
နည္းပညာကြၽမ္းက်င္သူမ်ားကမူ စီမံခ်က္၏ အခ်ိန္ကာလ၊ ဘတ္ဂ်က္ႏွင့္ပတ္သက္၍ ေမးခြန္း ထုတ္ေနၾက သည္။ စီမံခ်က္အတြက္ လုံေလာက္သည့္ ရန္ပုံေငြမွာလည္း ယခုအထိ မရွိေသးဟု ေထာက္ျပ ၾကသည္။ သမၼတေဒၚနယ္ ထရမ့္ႏွင့္နီးစပ္သည့္ အမည္မေဖာ္လိုသည့္အစိုးရအရာတစ္ဦးကမူ စီမံခ်က္အတြက္ “အလယ္အလတ္” “အျမင့္”ႏွင့္ “အလြန္အျမင့္”ဟူ၍ ဗားရွင္းသုံးမ်ိဳးရွိသည္ဟု ဆိုသည္။ အဆိုပါဗားရွင္းသုံးမ်ိဳးတြင္ ၿဂိဳဟ္တုမ်ား၊ ဆင္ဆာမ်ားႏွင့္ ၾကားျဖတ္စနစ္မ်ားကို အာကာသအတြင္း ျဖန႔္ၾကက္ခ်ထားမည့္အစီအစဥ္မ်ား ပါဝင္မည္ဟုဆိုသည္။ AP သတင္းတစ္ရပ္ တြင္ သမၼတေဒၚနယ္ထရမ့္သည္ အျမင့္ဗားရွင္းကိုေ႐ြးခ်ယ္ထားၿပီး ကနဦးကုန္ က်ေငြမွာ အေမရိကန္ေဒၚလာ (၃၀) ဘီလ်ံႏွင့္ (၁၀ဝ) ဘီလ်ံၾကားတြင္ရွိမည္ဟုဆိုသည္။
စီမံခ်က္အတြက္ စုစုေပါင္းခန႔္မွန္းကုန္က် ေငြမွာ အေမရိကန္ေဒၚလာ (၁၇၅) ဘီလ်ံရွိမည္ဟု ခန႔္မွန္းထားသည္။ သို႔ေသာ္ အခ်ိန္ကာလမွာမူ (၁၀) ႏွစ္ခန႔္ၾကာႏိုင္သည္ဟု Center for Strategic and International Studies (CSIS)၊ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဌာနမွ အႀကီးတန္းသုေတသီတစ္ဦးျဖစ္သည့္ Tom Karako က ႐ိုက္တာသတင္းဌာနကို ထုတ္ ေဖာ္ေျပာဆိုထားသည္။ အေမရိကန္ကြန္ဂရက္ ဒီမိုကရက္အမတ္ (၄၂) ဦးကမူ အဆိုပါ စီမံခ်က္တြင္ အီလြန္မက္စ္၏ SpaceX ပါဝင္ျခင္းရွိမရွိ ေမးျမန္း ထားသည္ဟု သတင္းထြက္ လာသည္လည္းရွိသည္။ အေမရိကန္ထိပ္တန္းနည္းပညာ ကုမၸဏီမ်ားသည္ Golden Dome ၏ အေရးႀကီးအစိတ္အပိုင္းမ်ား တည္ေဆာက္ေရးတြင္ ပါဝင္ႏိုင္ေရး ႀကိဳးပမ္းေနၾက သည္ဟုလည္း ဆိုသည္။
အေမရိကန္ႏိုင္ငံသည္ အဓိကၿပိဳင္ဘက္မ်ားျဖစ္သည့္ တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔ထံမွ ၿခိမ္း ေျခာက္မႈ ျမင့္မားလာ သည္ဟု ရႈျမင္ထားသည္။ တ႐ုတ္ႏိုင္ငံသည္လည္း လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ား အတြင္းက တိုက္ခ်င္းပစ္မစ္ဆိုင္းဒုံး က်ည္ႏွင့္ ဟိုက္ပါဆိုးနစ္မစ္ဆိုင္း နည္းပညာတို႔တြင္ သိသိသာသာတိုး တက္လာခဲ့သည္။ ႐ုရွားႏိုင္ငံသည္လည္း ကမာၻေပၚတြင္ အဆင့္ျမင့္ဆုံး တိုက္ခ်င္းပစ္မစ္ဆိုင္းဒုံးက်ည္ မ်ားထုတ္လုပ္ႏိုင္သည့္ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္သည္။ အေမရိကန္ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ကမာၻေပၚတြင္ န်ဴကလီးယားထိပ္ဖူးအမ်ားဆုံး တပ္ဆင္ထားသည့္ ႏိုင္ငံမ်ားျဖစ္ သည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံလုံးသည္ ေမာင္း သူမဲ့ဒ႐ုန္း နည္းပညာတြင္လည္း မ်ားစြာတိုးတက္ေနၾကသည့္ႏိုင္ငံမ်ားျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ သမၼတေဒၚနယ္ထရမ့္၏ Golden Dome စီမံခ်က္သည္ ႏိုင္ငံတကာလုံၿခဳံေရးကို ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္ၿပီး လက္နက္ၿပိဳင္ပြဲကို အရွိန္ျမႇင့္ေပးသည့္ အစီအစဥ္ တစ္ရပ္သာ ျဖစ္သည္ဟု တ႐ုတ္ႏိုင္ငံက ျပစ္တင္ရႈတ္ခ်ထား သည္။ အေမရိကန္ႏိုင္ငံ၏ ယခုအစီအစဥ္သည္ အာကာသကို စစ္ေျမျပင္ျဖစ္ေအာင္ ျပဳလုပ္ေနျခင္းျဖစ္ၿပီး လက္နက္ ၿပိဳင္ပြဲကို ေလာင္စာထိုးေပးျခင္းျဖစ္ကာ ႏိုင္ငံတကာလုံၿခဳံေရးကို အားနည္းေစသည္ဟု တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Mao Ning က ပုံမွန္သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။ Golden Dome မစ္ဆိုင္းကာကြယ္ေရး အစီအစဥ္သည္ အေမရိကန္ႏိုင္ငံအတြက္ အခ်ဳပ္အျခာအာဏာကိစၥျဖစ္ေၾကာင္း ႐ုရွားအစိုးရဘက္ကလည္း တုံ႔ျပန္ထား သည္။ အေမရိကန္ႏိုင္ငံအေနႏွင့္ မစ္ဆိုင္းၿခိမ္းေျခာက္ မႈရွိသည္ဟုယုံၾကည္ပါက မစ္ဆိုင္းကာကြယ္ေရးစနစ္ကို ဖြံ႕ၿဖိဳး ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ သို႔ေသာ္ ႏိုင္ငံအားလုံးကလည္း အလားတူလုပ္ေဆာင္ ၾကမည္သာျဖစ္ေၾကာင္း၊ မေဝးလွေတာ့သည့္ အနာဂတ္တြင္ မဟာဗ်ဴဟာေျမာက္ တည္ၿငိမ္မႈရရွိေစရန္အတြက္ ဆက္သြယ္မႈမ်ား ျပန္လည္ စတင္ရန္လိုအပ္ေၾကာင္း ႐ုရွားအစိုးရ ေျပာခြင့္ရပုဂၢိဳလ္ Dmitry Peskov က သတင္းေထာက္မ်ားကို ေျပာဆိုခဲ့သည္။
Iron Dome ႏွင့္ Golden Dome
အစၥေရးတို႔၏ Iron Dome သည္ တာတို၊ တာလတ္ပစ္ေရာ့ကက္မ်ားႏွင့္ လက္နက္ႀကီးမ်ားကို ၾကားျဖတ္ပစ္ခ် ရန္အတြက္ျဖစ္သည္။ အေမရိကန္တို႔၏ Golden Dome မွာလည္း အစၥေရးတို႔၏ Iron Dome ကို ေမာ္ဒယ္ယူထား ျခင္းျဖစ္သည္။ အစၥေရးတို႔၏ Iron Dome စနစ္ကို (၂၀၁၁) ခုႏွစ္ မတ္လမွ စ၍ အသုံးျပဳခဲ့ျခင္းျဖစ္သည္။ Iron Dome စနစ္တြင္ ေရဒါယူနစ္၊ ထိန္းခ်ဳပ္ေရးစင္တာႏွင့္ မစ္ဆိုင္း ေလာင္ခ်ာတို႔ပါဝင္သည္။ Iron Dome ႏွင့္မတူ သည့္အခ်က္မွာ Iron Dome သည္ နယ္ေျမက်ဥ္း က်ဥ္းေလးတစ္ခုကို ကာကြယ္ရန္အတြက္သာ ဒီဇိုင္း ထုတ္ထားျခင္းျဖစ္သည္။ သို႔ေသာ္ မိုဘိုင္းစနစ္တစ္ခုျဖစ္သည့္အတြက္ ေနရာမ်ားစြာ ျဖန႔္ၾကက္ခ်ထားႏိုင္သည္။ Golden Dome ဗားရွင္းသည္ န်ဴကလီး ယားလက္နက္မ်ားပါဝင္သည့္ တိုက္ခ်င္းပစ္မစ္ဆိုင္းဒုံး က်ည္မ်ားကို ကာကြယ္ ႏိုင္စြမ္းရွိသည္။
ဘယ္ကိုဦးတည္လဲ
အေမရိကန္၏ ယခုအေ႐ြ႕သည္ တ႐ုတ္ႏွင့္ ႐ုရွားတို႔၏ မဟာဗ်ဴဟာ ေျမာက္ ႀကိဳတင္ဟန႔္တား ေရးကို အားနည္း ေအာင္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း၊ သို႔ေသာ္ အေမရိကန္တို႔ ႀကိဳးပမ္းမႈသည္ တင္းမာမႈမ်ားအား ေလ်ာ့နည္းေအာင္ ျပဳလုပ္ ႏိုင္ မည္မဟုတ္သကဲ့သို႔ မဟာဗ်ဴဟာရပ္ဝန္းတြင္ အေျခအေနအရပ္ရပ္ကို တိုးတက္ေအာင္လည္း ျပဳလုပ္ႏိုင္မည္မဟုတ္ ေၾကာင္း ႐ုရွားႏိုင္ငံျခား ေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Maria Zakharova က မွတ္ခ်က္ေပးထားသည္။ တ႐ုတ္ႏိုင္ငံ၏ သေဘာထားမွာ လက္နက္ၿပိဳင္ပြဲသစ္မ်ား ျဖစ္လာမည္ကို စိုးရိမ္ျခင္းျဖစ္သည္။ ႐ုရွားႏိုင္ငံ၏သေဘာထားမွာ အေမရိကန္ တို႔၏ အစီအစဥ္ကို အေသးစိတ္မသိရေသး၍ လတ္တေလာအားျဖင့္ အခ်ဳပ္အျခာအာဏာကိစၥအျဖစ္ မွတ္ယူထား သည္ကို ေတြ႕ရသည္။ သမၼတေဒၚနယ္ထရမ့္ကလည္း Golden Dome အစီအစဥ္ကို လက္ေတြ႕ အေကာင္အထည္ ေဖာ္မည္လား သို႔မဟုတ္ သမၼတေရာ္နယ္ရီဂင္က ၾကယ္တာရာစစ္ပြဲအမည္ျဖင့္ ဆိုဗီယက္႐ုရွားကို လွည့္ျဖားခဲ့သကဲ့သို႔ Golden Dome အမည္ျဖင့္ ႐ုရွားႏွင့္တ႐ုတ္ႏိုင္ငံကို လွည့္ျဖားရန္ ႀကိဳးပမ္းေနျခင္းလား ဆိုသည္မွာမူ စိတ္ဝင္စားဖြယ္ ေကာင္းလွသည္။ Golden Dome ဘာလဲ၊ ဘယ္လဲဟု ေမးလွ်င္ ေငြေရာင္ပိတ္ကားေပၚတြင္ ေစာင့္ၾကည့္ရမည္ ဟူ၍သာ။
သန္းထိုက္စိုး