စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ခွင့်ရခဲ့သည့် Astro အဖွဲ့ခေါင်းဆောင်ဂျင်ဂျင်

 309

Pika (NP News) - ဇွန် ၁ဝ

တောင်ကိုရီးယားအမျိုးသားအဆိုတော် အဖွဲ့ Astro ၏ခေါင်းဆောင်နှင့် ရက်ပ်ပါတစ်ဦးဖြစ်သူ ဂျင်ဂျင်သည် စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ခွင့်ရခဲ့ကြောင်း သိရသည်။ အဆိုပါသတင်းကို Astro အဖွဲ့ ၏အေဂျင်စီ Fantangio က တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် “ဂျင်ဂျင်ဟာ auto- immune အခြေအနေနဲ့ဆက်စပ်တဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် တောင်ကိုရီးယားစစ်တပ်ရဲ့အသေးစိတ်ဆေးစစ်မှုတွေအပြီးမှာ စစ်မှုထမ်းတာဝန် အတွက် မသင့်တော်ဘူးလို့ ဆုံးဖြတ်ခံခဲ့ရပါတယ်”|ဟု ရေးသားဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံ တွင် အသက် (၁၈) နှစ်ပြည့်ပြီးသည့် ယောကျာ်းလေးတိုင်းသည် အချိန် (၁၈) လမှ (၂၁) လအတွင်း စစ်မှု ထမ်း တာဝန်ကိုထမ်းဆောင်ရန် ဥပဒေထုတ်ပြန်ထား‌ကြောင်း သိရသည်။

Fantangio က “ဂျင်ဂျင်ရဲ့ လက်ရှိအခြေအနေတွေက သူရဲ့နေ့စဉ်ဘဝအတွက် အနှောင့်အယှက် မဖြစ်ပေမယ့် စစ်ဆေးမှုတွေနဲ့ ဆက်လက်စီမံကွပ်ကဲဖို့အတွက် ဆေးရုံကို ပုံမှန်သွားရောက်ဖို့တော့ လို အပ်ပါတယ်။ ဆေးဘက်ဆိုင်ရာ အမြင်တွေအရ ဒီလိုအခြေအနေမျိုးမှာ စစ်မှုထမ်းဖို့က သူ့အတွက် ခက်ခဲ လိမ့်မယ်လို့ ဆုံးဖြတ်မှုတွေရှိခဲ့ပြီး စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ ဂျင်ဂျင်ရဲ့ အနာ ဂတ်ကြိုးပမ်းမှုတွေကို ဆက်လက်အားပေးပြီး ချစ်ခင်ကြဖို့ အားလုံးကိုတောင်းဆိုပါတယ် ”ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ဂျင်ဂျင်၏ အဖွဲ့ဖော်တစ်ဦးဖြစ်သည့် ချာအွန်ဝူးသည် လာမည့်ဇူလိုင်လ (၂၈) ရက်တွင် စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ပြီး စစ်တပ်တီးဝိုင်းတွင် တာဝန်ထမ်းဆောင်သွားနိုင်ဖွယ် ရှိကြောင်းသတင်းများအရ သိရသည်။

zawgyi version
စစ္မႈထမ္းတာဝန္မွ ကင္းလြတ္ခြင့္ရခဲ့သည့္ Astro အဖြဲ႕ေခါင္းေဆာင္ဂ်င္ဂ်င္
Pika (NP News) - ဇြန္ ၁ဝ

ေတာင္ကိုရီးယားအမ်ိဳးသားအဆိုေတာ္ အဖြဲ႕ Astro ၏ေခါင္းေဆာင္ႏွင့္ ရက္ပ္ပါတစ္ဦးျဖစ္သူ ဂ်င္ဂ်င္သည္ စစ္မႈထမ္းတာဝန္မွ ကင္းလြတ္ခြင့္ရခဲ့ေၾကာင္း သိရသည္။ အဆိုပါသတင္းကို Astro အဖြဲ႕ ၏ေအဂ်င္စီ Fantangio က တရားဝင္ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုတ္ျပန္ခ်က္တြင္ “ဂ်င္ဂ်င္ဟာ auto- immune အေျခအေနနဲ႔ဆက္စပ္တဲ့ က်န္းမာေရး ျပႆနာေတြေၾကာင့္ ေတာင္ကိုရီးယားစစ္တပ္ရဲ႕အေသးစိတ္ေဆးစစ္မႈေတြအၿပီးမွာ စစ္မႈထမ္းတာဝန္ အတြက္ မသင့္ေတာ္ဘူးလို႔ ဆုံးျဖတ္ခံခဲ့ရပါတယ္”|ဟု ေရးသားေဖာ္ျပထားသည္။ ေတာင္ကိုရီးယားႏိုင္ငံ တြင္ အသက္ (၁၈) ႏွစ္ျပည့္ၿပီးသည့္ ေယာက်ာ္းေလးတိုင္းသည္ အခ်ိန္ (၁၈) လမွ (၂၁) လအတြင္း စစ္မႈ ထမ္း တာဝန္ကိုထမ္းေဆာင္ရန္ ဥပေဒထုတ္ျပန္ထား‌ေၾကာင္း သိရသည္။

Fantangio က “ဂ်င္ဂ်င္ရဲ႕ လက္ရွိအေျခအေနေတြက သူရဲ႕ေန႔စဥ္ဘဝအတြက္ အေႏွာင့္အယွက္ မျဖစ္ေပမယ့္ စစ္ေဆးမႈေတြနဲ႔ ဆက္လက္စီမံကြပ္ကဲဖို႔အတြက္ ေဆး႐ုံကို ပုံမွန္သြားေရာက္ဖို႔ေတာ့ လို အပ္ပါတယ္။ ေဆးဘက္ဆိုင္ရာ အျမင္ေတြအရ ဒီလိုအေျခအေနမ်ိဳးမွာ စစ္မႈထမ္းဖို႔က သူ႔အတြက္ ခက္ခဲ လိမ့္မယ္လို႔ ဆုံးျဖတ္မႈေတြရွိခဲ့ၿပီး စစ္မႈထမ္းတာဝန္ကေန ကင္းလြတ္ခြင့္ရခဲ့ပါတယ္။ ဂ်င္ဂ်င္ရဲ႕ အနာ ဂတ္ႀကိဳးပမ္းမႈေတြကို ဆက္လက္အားေပးၿပီး ခ်စ္ခင္ၾကဖို႔ အားလုံးကိုေတာင္းဆိုပါတယ္ ”ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ဂ်င္ဂ်င္၏ အဖြဲ႕ေဖာ္တစ္ဦးျဖစ္သည့္ ခ်ာအြန္ဝူးသည္ လာမည့္ဇူလိုင္လ (၂၈) ရက္တြင္ စစ္မႈထမ္းတာဝန္ကို စတင္ထမ္းေဆာင္မည္ျဖစ္ၿပီး စစ္တပ္တီးဝိုင္းတြင္ တာဝန္ထမ္းေဆာင္သြားႏိုင္ဖြယ္ ရွိေၾကာင္းသတင္းမ်ားအရ သိရသည္။

Related news

© 2021. All rights reserved.