ပိုလန်နဲ့ တင့်ကားသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ တောင်ကိုရီးယား ပြော

 250

Pika (NP News) - ဇွန် ၁၁
တောင်ကိုရီးယားနိုင်ငံဟာ ပိုလန်နိုင်ငံကို K2 တင့်ကားတွေ ထောက်ပံ့ပေးဖို့အတွက် အဓိကသဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးဖို့ အလားအလာရှိတဲ့စေ့စပ်ညှိနှိုင်းမှုရဲ့နောက်ဆုံးအဆင့်မှာရှိနေတယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ တောင်ကိုရီးယားနဲ့ပိုလန်တို့ဟာ အမေရိကန်ဒေါ်လာ(၁၃ ဒသမ ၇) ဘီလျံတန်ဖိုးရှိ စစ်လက်နက် ပစ္စည်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာ ပိုလန် နိုင်ငံအတွက် K2 တင့်ကားတွေနဲ့တိုက်လေယာဉ်တွေ ထောက်ပံ့ပေးတာလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါပြင် အဲဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုတွေကို အပြီးသတ်ဖို့အတွက် နှစ်ဘက်စလုံးက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့လည်း တောင်ကိုရီးယားက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အရေအတွက်အတိအကျ ဘယ်လောက်ရှိတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုထားတာမျိုးမရှိပေမယ့်လည်း အဲဒီသဘောတူညီချက်ဟာ လက်နက်စနစ်တစ်ခုတည်းအပေါ် အခြေခံတဲ့အကြီးမားဆုံး သဘောတူညီချက်တစ်ခု ဖြစ်လိမ့်မယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ပိုလန္နဲ႔ တင့္ကားသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ ေနာက္ဆုံးအဆင့္ကိုေရာက္ေနၿပီလို႔ ေတာင္ကိုရီးယား ေျပာ
Pika (NP News) - ဇြန္ ၁၁
ေတာင္ကိုရီးယားႏိုင္ငံဟာ ပိုလန္ႏိုင္ငံကို K2 တင့္ကားေတြ ေထာက္ပံ့ေပးဖို႔အတြက္ အဓိကသေဘာတူညီခ်က္ တစ္ခုကို လက္မွတ္ေရးထိုးဖို႔ အလားအလာရွိတဲ့ေစ့စပ္ညႇိႏႈိင္းမႈရဲ႕ေနာက္ဆုံးအဆင့္မွာရွိေနတယ္လို႔ ေတာင္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
၂၀၂၂ ခုႏွစ္မွာ ေတာင္ကိုရီးယားနဲ႔ပိုလန္တို႔ဟာ အေမရိကန္ေဒၚလာ(၁၃ ဒသမ ၇) ဘီလ်ံတန္ဖိုးရွိ စစ္လက္နက္ ပစၥည္းသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီသေဘာတူညီခ်က္ထဲမွာ ပိုလန္ ႏိုင္ငံအတြက္ K2 တင့္ကားေတြနဲ႔တိုက္ေလယာဥ္ေတြ ေထာက္ပံ့ေပးတာလည္း ပါဝင္တယ္လို႔ သိရပါတယ္။
ဒါျပင္ အဲဒီသေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး ေစ့စပ္ညႇိႏႈိင္းမႈေတြကို အၿပီးသတ္ဖို႔အတြက္ ႏွစ္ဘက္စလုံးက အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔လည္း ေတာင္ကိုရီးယားက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အေရအတြက္အတိအက် ဘယ္ေလာက္ရွိတယ္ဆိုတာကို ထုတ္ေဖာ္ေျပာဆိုထားတာမ်ိဳးမရွိေပမယ့္လည္း အဲဒီသေဘာတူညီခ်က္ဟာ လက္နက္စနစ္တစ္ခုတည္းအေပၚ အေျခခံတဲ့အႀကီးမားဆုံး သေဘာတူညီခ်က္တစ္ခု ျဖစ္လိမ့္မယ္လို႔ ေတာင္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.