အီရန်ပြည်သူများအနေနဲ့ အီရန်အစိုးရကို ဖြုတ်ချဖို့ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟု တောင်းဆို

122

ဂျန်ဇက် (NP News) - ဇွန် ၁၄
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အီရန်ပြည်သူများအနေနဲ့ ၎င်းတို့ရဲ့ ရန်လိုတဲ့ အီရန်အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။ အီရန်အစိုးရအဖွဲ့ကြောင့် အီရန် နဲ့ အစ္စရေးနိုငံကြား ရန်လိုမှု တွေ ပျံ့နှံ့လာခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးတိုက်လေယာဉ်များဟာ အီရန် နျူကလီးယားအဆောက်အဦးများနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦး များကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယားပညာရှင်များအပြင် အီရန်စစ်ဗိုလ်ချုပ်များ သေဆုံးခဲ့ရာ နှစ်နိုင်ငံကြားစစ်ရေးတင်းမာမှု အမြင့်ဆုံး ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ”အီရန်ပြည်သူတွေအနေနဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ လွှတ်မြောက်ရေး အတွက် ရပ်တည်ပြီး နိုင်ငံအလံနဲ့ သမိုင်းဝင် အမွေအနှစ်တွေကို စည်းစည်းလုံးလုံး စည်းလုံးဖို့ အချိန်ရောက်လာပြီ။ ဒါဟာ ဘယ်တုန်းကမှ မပျော့ညံ့ခဲ့ဘူး’’ လို့ ပြောပါတယ်။
အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့ခြင်းဟာ Operation Rising Lion, အမည်ရှိ စစ်ဆင်ရေးရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံကို နျူကလီးယားဗုံး၊ ပဲ့ထိန်းဒုံးကျည်များနဲ့တိုက်ခိုက်ဖို့ ရည်ရွယ်ချက်အားလုံးကို ဖျက်ဆီးမယ့် စစ်ဆင်ရေးဖြစ်တယ်လို့ ဝန်ကြီးချုပ်နေတန်ရာဟုက ပြောပါတယ်။အီရန်အစိုးရကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ ရန်လိုတဲ့လုပ်ရပ်ဖြစ်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမယ်လို့ ဆိုပါတယ်။ အီရန်စစ်တပ်ကလည်း အစ္စရေးနိုင်ငံကို ဒရုန်းများ၊ ဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း အစ္စရေးကို ဒုံးကျည် အစင်းပေါင်း ၂၀၀၀ ခန့် နဲ့ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version:
အီရန္ျပည္သူမ်ားအေနနဲ႔ အီရန္အစိုးရကို ျဖဳတ္ခ်ဖို႔ အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၁၄
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အီရန္ျပည္သူမ်ားအေနနဲ႔ ၎တို႔ရဲ႕ ရန္လိုတဲ့ အီရန္အစိုးရအဖြဲ႕ကို ျဖဳတ္ခ်ဖို႔ တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။ အီရန္အစိုးရအဖြဲ႕ေၾကာင့္ အီရန္ နဲ႔ အစၥေရးႏိုငံၾကား ရန္လိုမႈ ေတြ ပ်ံ႕ႏွံ႔လာခဲ့တယ္လို႔ ဆိုပါတယ္။
အစၥေရးတိုက္ေလယာဥ္မ်ားဟာ အီရန္ န်ဴကလီးယားအေဆာက္အဦးမ်ားနဲ႔ စစ္ဘက္ဆိုင္ရာအေဆာက္အဦး မ်ားကို ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီးေနာက္ အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ပါတယ္။ အစၥေရးရဲ႕တိုက္ခိုက္မႈေၾကာင့္ အီရန္ရဲ႕ န်ဴကလီးယားပညာရွင္မ်ားအျပင္ အီရန္စစ္ဗိုလ္ခ်ဳပ္မ်ား ေသဆုံးခဲ့ရာ ႏွစ္ႏိုင္ငံၾကားစစ္ေရးတင္းမာမႈ အျမင့္ဆုံး ကို ေရာက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ”အီရန္ျပည္သူေတြအေနနဲ႔ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈကေန လႊတ္ေျမာက္ေရး အတြက္ ရပ္တည္ၿပီး ႏိုင္ငံအလံနဲ႔ သမိုင္းဝင္ အေမြအႏွစ္ေတြကို စည္းစည္းလုံးလုံး စည္းလုံးဖို႔ အခ်ိန္ေရာက္လာၿပီ။ ဒါဟာ ဘယ္တုန္းကမွ မေပ်ာ့ညံ့ခဲ့ဘူး’’ လို႔ ေျပာပါတယ္။
အီရန္ႏိုင္ငံကိုတိုက္ခိုက္ခဲ့ျခင္းဟာ Operation Rising Lion, အမည္ရွိ စစ္ဆင္ေရးရဲ႕အစိတ္အပိုင္းျဖစ္တယ္လို႔ ဆိုပါတယ္။ အစၥေရးႏိုင္ငံကို န်ဴကလီးယားဗုံး၊ ပဲ့ထိန္းဒုံးက်ည္မ်ားနဲ႔တိုက္ခိုက္ဖို႔ ရည္႐ြယ္ခ်က္အားလုံးကို ဖ်က္ဆီးမယ့္ စစ္ဆင္ေရးျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေျပာပါတယ္။အီရန္အစိုးရကေတာ့ အစၥေရးရဲ႕ တိုက္ခိုက္မႈေတြဟာ ရန္လိုတဲ့လုပ္ရပ္ျဖစ္ၿပီး ျပင္းထန္တဲ့ ျပစ္ဒဏ္ေပးမယ္လို႔ ဆိုပါတယ္။ အီရန္စစ္တပ္ကလည္း အစၥေရးႏိုင္ငံကို ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး လာမယ့္ရက္ပိုင္းအတြင္း အစၥေရးကို ဒုံးက်ည္ အစင္းေပါင္း ၂၀၀၀ ခန႔္ နဲ႔ပစ္ခတ္တိုက္ခိုက္ဖို႔ စီစဥ္ခဲ့ေၾကာင္း သိရပါတယ္။