သိန္နီမှ MNDAA များ ဩဂုတ်လအတွင်း ပြန်လည် ဆုတ်ခွာမည်ဟုသတင်းထွက်

396

Pearl(NP News)- ဇွန် ၁၅
သိန္နီမှ MNDAA များ ဩဂုတ်လအတွင်း ပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်း ထားသည့်အချက်အလက်များအရ သိရသည်။
MNDAA အဖွဲ့များအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အပါအဝင် ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများကို ယခုနှစ်ပိုင်းအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ ပြန်လည်လွှဲပြောင်း ကာ မူလကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအထိ ဆုတ်ခွာ ရမည်ဖြစ်ကြောင်း သတင်းထွက်ပေါ်နေလျက်ရှိသည်။
“သတင်းအတိအကျရပြီ။ (၈)လပိုင်း၊ အလွန်ဆုံး မြန်မာသီတင်းကျွတ်အလွန်ဆုံးပဲ။ လောက် ကိုင်အထိ ဆုတ်ဖို့က နည်းနည်းတော့စောင့်ရမယ်ပြော တယ်။ သူတို့က လောက်ကိုင်အထိဆုတ်သွားမှာ။ သိန္နီ ကနေကျတော့ (၈) လပိုင်း သို့မဟုတ် သီတင်းကျွတ် အလွန်ဆုံးပဲ။ အစိုးရပဲ ပြန်ဝင်မှာပေါ့။ သူတို့ချင်း အပေးအယူတွေတော့ရှိကြမှာပေါ့” ဟု ဒေသခံ တစ်ဦးက NP News သို့ပြောသည်။
သိန္နီမြို့မှ MNDAA အနေဖြင့် ကွန်ပျူတာများအပါအဝင် ရုံးပိုင်းဆိုင်ရာပစ္စည်းများကို ပြန် လည်ရွှေ့ပြောင်း နေသည်မှာ အချိန်အနည်းငယ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ထိုစဉ်ကပင် MNDAA တပ်များ ပြန်လည်ဆုတ်ခွာတော့မည်ဟု ဒေသခံများကြား ထင်မြင်ယူဆနေကြခြင်းဖြစ်ကာ ယခုအခါ ပိုသေချာ လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “MNDAA ရဲ့ ရုံးပိုင်းဆိုင်ရာ ကွန်ပျူတာတွေဘာတွေ ရွှေ့နေတာလဲ တစ်ပတ်၊ နှစ်ပတ်လောက်ရှိပြီ။ သူတို့ရဲ့အုပ်ချုပ်ရေး ဆိုင်ရာ ရုံးကိစ္စတွေဘာတွေ ကားနဲ့ ရွှေ့ပြောင်းနေတာတွေကတော့ တွေ့တာပေါ့လေ။ အဲဒါနဲ့ပတ်သက်ပြီး တော့ ပြန်ပေးနိုင် တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေက ထွက်တာတော့ကြာပြီ။ အခု သိန္နီကို ပြန်ပြီးတော့ လွှဲပေးမယ်ဆိုတဲ့ အကြောင်း ကြားတော့ကြားတယ်။ အခုလည်း ပိုပြီးကြားတယ်။ လားရှိုး ပြန်ဆုတ်တုန်းကလို ပစ္စည်းတွေသယ်နေတာမျိုးလည်း တွေ့တော့တွေ့ လာတယ်”ဟု အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ အဆမတန် ကြီးမြင့်နေ ကြောင်းလည်း ဒေသခံများထံမှသိရသည်။ “ပြန်ဆုတ်တယ်ဆိုရင် အကောင်းဆုံးကတော့ ဒေသခံ တိုင်းရင်းသားတွေ အဆင်ပြေသွား တယ်။ လားရှိုးနဲ့ သိန္နီက အလွန်ဆုံး (၄၅)မိနစ်လောက်ပဲ မောင်းရတာ။ အလွန်ဆုံးကလည်း။ အုပ်ချုပ်ရေးကိစ္စလည်း ပို ဆောင်ရွက်သွားနိုင်မယ်။ သိန္နီမှာလည်း ဆီဈေးတွေ၊ အခြေခံစားသောက်ကုန်ဈေးတွေကလည်း ကြီးနေ တာကိုး။ ဖုန်းလိုင်းကလည်း ရလိုက်မရလိုက်နဲ့။ လား ရှိုးနဲ့ ပူးတွဲပြီးတော့ အရင်လိုပြန်ပြီး အုပ်ချုပ်တော့မယ် ဆိုရင်တော့ ဘာပဲပြောပြော ဒေသခံပြည်သူတွေဘက် ကတော့ ကောင်းကျိုးတွေပါပဲ။ အားလုံးက အိမ်ပြန် ချင်ကြတာတွေချည်းပဲ” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
MNDAA ယာယီထိန်းချုပ်ခဲ့သည့် လားရှိုးမြို့ကို ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်က နစကထံ ပြန်လည်လွှဲပြောင်းခဲ့ပြီး လက်ရှိတွင် လားရှိုးမြို့ဆေးရုံ ကြီးအပါအဝင် အစိုးရဌာနဆိုင်ရာ ရုံးများစွာ ပြန်လည် လည်ပတ်နေပြီဖြစ်ကာ သိန္နီမြို့ နယ်နှင့် ကွမ်းလုံမြို့ နယ်များမှ ဒေသခံပြည်သူများအတွက် လဝက လုပ်ငန်းစဉ်များကိုပါ ဆောင်ရွက်ပေးနေပြီဖြစ် ကြောင်း သိရသည်။ ထို့ပြင် လားရှိုးမြို့ကို အစိုးရက ပြန်လည် ထိန်းချုပ်ပြီးနောက် TNLA, MNDAA, KIA ကြီးစိုးရာ ကွတ်ခိုင်မြို့၊ သီပေါမြို့၊ ကျောက်မဲမြို့နှင့် မန်တုံမြို့မှ ဒေသခံအများအပြား လာရောက် ပြောင်း ရွှေ့နေထိုင်ကြကြောင်း သိရသည်။

Zawgyi Version:
သိႏၷီမွ MNDAA မ်ား ဩဂုတ္လအတြင္း ျပန္လည္ ဆုတ္ခြာမည္ဟုသတင္းထြက္
Pearl(NP News)- ဇြန္ ၁၅
သိႏၷီမွ MNDAA မ်ား ဩဂုတ္လအတြင္း ျပန္လည္ဆုတ္ခြာမည္ျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္း ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
MNDAA အဖြဲ႕မ်ားအေနျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕အပါအဝင္ ၎တို႔ ထိန္းခ်ဳပ္ထားသည့္ ေဒသမ်ားကို ယခုႏွစ္ပိုင္းအတြင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီထံ ျပန္လည္လႊဲေျပာင္း ကာ မူလကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသအထိ ဆုတ္ခြာ ရမည္ျဖစ္ေၾကာင္း သတင္းထြက္ေပၚေနလ်က္ရွိသည္။
“သတင္းအတိအက်ရၿပီ။ (၈)လပိုင္း၊ အလြန္ဆုံး ျမန္မာသီတင္းကြၽတ္အလြန္ဆုံးပဲ။ ေလာက္ ကိုင္အထိ ဆုတ္ဖို႔က နည္းနည္းေတာ့ေစာင့္ရမယ္ေျပာ တယ္။ သူတို႔က ေလာက္ကိုင္အထိဆုတ္သြားမွာ။ သိႏၷီ ကေနက်ေတာ့ (၈) လပိုင္း သို႔မဟုတ္ သီတင္းကြၽတ္ အလြန္ဆုံးပဲ။ အစိုးရပဲ ျပန္ဝင္မွာေပါ့။ သူတို႔ခ်င္း အေပးအယူေတြေတာ့ရွိၾကမွာေပါ့” ဟု ေဒသခံ တစ္ဦးက NP News သို႔ေျပာသည္။
သိႏၷီၿမိဳ႕မွ MNDAA အေနျဖင့္ ကြန္ပ်ဴတာမ်ားအပါအဝင္ ႐ုံးပိုင္းဆိုင္ရာပစၥည္းမ်ားကို ျပန္ လည္ေ႐ႊ႕ေျပာင္း ေနသည္မွာ အခ်ိန္အနည္းငယ္ခန႔္ ၾကာျမင့္ေနၿပီျဖစ္ၿပီး ထိုစဥ္ကပင္ MNDAA တပ္မ်ား ျပန္လည္ဆုတ္ခြာေတာ့မည္ဟု ေဒသခံမ်ားၾကား ထင္ျမင္ယူဆေနၾကျခင္းျဖစ္ကာ ယခုအခါ ပိုေသခ်ာ လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “MNDAA ရဲ႕ ႐ုံးပိုင္းဆိုင္ရာ ကြန္ပ်ဴတာေတြဘာေတြ ေ႐ႊ႕ေနတာလဲ တစ္ပတ္၊ ႏွစ္ပတ္ေလာက္ရွိၿပီ။ သူတို႔ရဲ႕အုပ္ခ်ဳပ္ေရး ဆိုင္ရာ ႐ုံးကိစၥေတြဘာေတြ ကားနဲ႔ ေ႐ႊ႕ေျပာင္းေနတာေတြကေတာ့ ေတြ႕တာေပါ့ေလ။ အဲဒါနဲ႔ပတ္သက္ၿပီး ေတာ့ ျပန္ေပးႏိုင္ တယ္ဆိုတဲ့ ထင္ျမင္ယူဆခ်က္ေတြက ထြက္တာေတာ့ၾကာၿပီ။ အခု သိႏၷီကို ျပန္ၿပီးေတာ့ လႊဲေပးမယ္ဆိုတဲ့ အေၾကာင္း ၾကားေတာ့ၾကားတယ္။ အခုလည္း ပိုၿပီးၾကားတယ္။ လားရႈိး ျပန္ဆုတ္တုန္းကလို ပစၥည္းေတြသယ္ေနတာမ်ိဳးလည္း ေတြ႕ေတာ့ေတြ႕ လာတယ္”ဟု အျခားေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။ လက္ရွိတြင္ MNDAA ထိန္းခ်ဳပ္ထားသည့္ သိႏၷီၿမိဳ႕တြင္ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ား၊ စက္သုံးဆီေဈးႏႈန္းမ်ား အဆမတန္ ႀကီးျမင့္ေန ေၾကာင္းလည္း ေဒသခံမ်ားထံမွသိရသည္။ “ျပန္ဆုတ္တယ္ဆိုရင္ အေကာင္းဆုံးကေတာ့ ေဒသခံ တိုင္းရင္းသားေတြ အဆင္ေျပသြား တယ္။ လားရႈိးနဲ႔ သိႏၷီက အလြန္ဆုံး (၄၅)မိနစ္ေလာက္ပဲ ေမာင္းရတာ။ အလြန္ဆုံးကလည္း။ အုပ္ခ်ဳပ္ေရးကိစၥလည္း ပို ေဆာင္႐ြက္သြားႏိုင္မယ္။ သိႏၷီမွာလည္း ဆီေဈးေတြ၊ အေျခခံစားေသာက္ကုန္ေဈးေတြကလည္း ႀကီးေန တာကိုး။ ဖုန္းလိုင္းကလည္း ရလိုက္မရလိုက္နဲ႔။ လား ရႈိးနဲ႔ ပူးတြဲၿပီးေတာ့ အရင္လိုျပန္ၿပီး အုပ္ခ်ဳပ္ေတာ့မယ္ ဆိုရင္ေတာ့ ဘာပဲေျပာေျပာ ေဒသခံျပည္သူေတြဘက္ ကေတာ့ ေကာင္းက်ိဳးေတြပါပဲ။ အားလုံးက အိမ္ျပန္ ခ်င္ၾကတာေတြခ်ည္းပဲ” ဟု ေဒသခံအမ်ိဳးသား တစ္ဦးက ေျပာသည္။
MNDAA ယာယီထိန္းခ်ဳပ္ခဲ့သည့္ လားရႈိးၿမိဳ႕ကို ၿပီးခဲ့သည့္ ဧၿပီလ (၂၂) ရက္က နစကထံ ျပန္လည္လႊဲေျပာင္းခဲ့ၿပီး လက္ရွိတြင္ လားရႈိးၿမိဳ႕ေဆး႐ုံ ႀကီးအပါအဝင္ အစိုးရဌာနဆိုင္ရာ ႐ုံးမ်ားစြာ ျပန္လည္ လည္ပတ္ေနၿပီျဖစ္ကာ သိႏၷီၿမိဳ႕ နယ္ႏွင့္ ကြမ္းလုံၿမိဳ႕ နယ္မ်ားမွ ေဒသခံျပည္သူမ်ားအတြက္ လဝက လုပ္ငန္းစဥ္မ်ားကိုပါ ေဆာင္႐ြက္ေပးေနၿပီျဖစ္ ေၾကာင္း သိရသည္။ ထို႔ျပင္ လားရႈိးၿမိဳ႕ကို အစိုးရက ျပန္လည္ ထိန္းခ်ဳပ္ၿပီးေနာက္ TNLA, MNDAA, KIA ႀကီးစိုးရာ ကြတ္ခိုင္ၿမိဳ႕၊ သီေပါၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ႏွင့္ မန္တုံၿမိဳ႕မွ ေဒသခံအမ်ားအျပား လာေရာက္ ေျပာင္း ေ႐ႊ႕ေနထိုင္ၾကေၾကာင္း သိရသည္။