အီရန်ဒုံးကျည်တွေကို ပစ်ချရာမှာ အစ္စရေးကို အမေရိကန် ကူညီပေးနေ

 505

Pika (NP News) - ဇွန် ၁၅

အမေရိကန်စစ်တပ်ဟာ အစ္စရေးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အီရန်ဒုံးကျည်တွေကို ပစ်ချရာမှာ အစ္စရေးကို ကူညီပေးနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပဲ့ထိန်းဒုံးကျည်တွေနဲ့ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိလာနိုင်မှုနဲ့အတူ အမေရိကန်စစ်တပ်ရဲ့စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုတွေကို အရှေ့ပိုင်းမြေထဲ ပင်လယ်အနီးကို ရွှေ့ပြောင်းခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။
အမေရိကန်ရေတပ်နဲ့ကြည်းတပ်တို့ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အီရန်ဒုံးကျည်တွေကို ပစ်ချရာမှာ အသုံးပြုနေတယ်လို့ အမေရိကန်အရာရှိတွေက အစောပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေမတိုင်ခင်တည်းက အမေရိကန်စစ်တပ်ဟာ ဖျက်သင်္ဘောတွေအပါအဝင် အချို့ အဓိကစစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုတွေကို အစ္စရေးရဲ့အနီးကို စတင်ရွှေ့ပြောင်းနေခဲ့တာဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။
အမေရိကန်စွမ်းအင်ဝန်ကြီးခရစ္စဝရိုက်က ၎င်းဟာ အီရန်နဲ့အစ္စရေးကြား တိုက်ခိုက်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုအပေါ် အလားအလာရှိတဲ့ အကျိုးသက်ရောက်မှုတွေကို စောင့်ကြည့်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ခရစ္စဝရိုက်က”ကံကောင်းစွာနဲ့ပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ စွမ်းအင်ဩဇာလွှမ်းမိုးမှု အစီအစဉ်ဟာ အမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေရဲ့စွမ်းအင်လုံခြုံရေးကို အားကောင်းစေခဲ့ပါတယ်” လို့ ပြောခဲ့ပါ တယ်။

Zawgyi Version:
အီရန္ဒုံးက်ည္ေတြကို ပစ္ခ်ရာမွာ အစၥေရးကို အေမရိကန္ ကူညီေပးေန
Pika (NP News) - ဇြန္ ၁၅

အေမရိကန္စစ္တပ္ဟာ အစၥေရးကို ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့ အီရန္ဒုံးက်ည္ေတြကို ပစ္ခ်ရာမွာ အစၥေရးကို ကူညီေပးေနတယ္လို႔ အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ပဲ့ထိန္းဒုံးက်ည္ေတြနဲ႔ပစ္ခတ္ တိုက္ခိုက္မႈေတြ ရွိလာႏိုင္မႈနဲ႔အတူ အေမရိကန္စစ္တပ္ရဲ႕စစ္လက္နက္ပစၥည္းပိုင္ဆိုင္မႈေတြကို အေရွ႕ပိုင္းေျမထဲ ပင္လယ္အနီးကို ေ႐ႊ႕ေျပာင္းခဲ့တယ္လို႔ အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေရတပ္နဲ႔ၾကည္းတပ္တို႔ရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို အီရန္ဒုံးက်ည္ေတြကို ပစ္ခ်ရာမွာ အသုံးျပဳေနတယ္လို႔ အေမရိကန္အရာရွိေတြက အေစာပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အီရန္ရဲ႕ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြမတိုင္ခင္တည္းက အေမရိကန္စစ္တပ္ဟာ ဖ်က္သေဘၤာေတြအပါအဝင္ အခ်ိဳ႕ အဓိကစစ္လက္နက္ပစၥည္းပိုင္ဆိုင္မႈေတြကို အစၥေရးရဲ႕အနီးကို စတင္ေ႐ႊ႕ေျပာင္းေနခဲ့တာျဖစ္တယ္လို႔ အေမရိကန္ အရာရွိတစ္ဦးကေျပာၾကားခဲ့ပါတယ္။
အေမရိကန္စြမ္းအင္ဝန္ႀကီးခရစၥဝ႐ိုက္က ၎ဟာ အီရန္နဲ႔အစၥေရးၾကား တိုက္ခိုက္မႈေတြနဲ႔ ကမာၻလုံးဆိုင္ရာ စြမ္းအင္ေထာက္ပံ့မႈအေပၚ အလားအလာရွိတဲ့ အက်ိဳးသက္ေရာက္မႈေတြကို ေစာင့္ၾကည့္ေနတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။ ခရစၥဝ႐ိုက္က”ကံေကာင္းစြာနဲ႔ပဲ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ စြမ္းအင္ဩဇာလႊမ္းမိုးမႈ အစီအစဥ္ဟာ အေမရိကန္နဲ႔မိတ္ဖက္ႏိုင္ငံေတြရဲ႕စြမ္းအင္လုံၿခဳံေရးကို အားေကာင္းေစခဲ့ပါတယ္” လို႔ ေျပာခဲ့ပါ တယ္။

Related news

© 2021. All rights reserved.