BLACKPINK က သီချင်းသစ်ကို The Deadline World Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ စတင်သီဆိုမည်

 0

ရောင်နီ (NSS) - ဇွန် ၂၄

BLACKPINK ဟာ လာမယ့်ဇူလိုင်လမှာ စတင်ပြုလုပ်မယ့် အဖွဲ့ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ The Deadline World Tour မှာ သီချင်းအသစ်ကို စတင် မိတ်ဆက်သီဆိုမယ်လို့ သိရပါတယ်။
ဇွန်လ ၂၃ ရက်က BLACKPINK ရဲ့ အေဂျင်စီ YG Entertainment ရဲ့ပြောကြားချက်အရ "ဇူလိုင်လ ၅ နဲ့ ၆ ရက်နေ့၊ Goyang Sports Complex Main Stadium မှာ ပြုလုပ်မယ့် BLACKPINK ရဲ့ The Deadline World Tour ဖျော်ဖြေပွဲမှာ သီချင်းအသစ်ကို ပထမဆုံးအကြိမ်ဖျော်ဖြေမှာဖြစ်တယ်" လို့ ဆိုပါတယ်။ ဒီသီချင်းဟာ BLACKPINK ရဲ့ ၂ နှစ်နဲ့ ၈ လအတွင်း ပထမဆုံးထွက်ရှိတဲ့ သီချင်းလည်းဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး YG က "သီချင်းသစ်ကို ဘယ်လိုထုတ်ရမလဲဆိုတာ ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ပြီး နောက်ဆုံး fandom နဲ့ ပြန်လည် ချိတ်ဆက်တဲ့ The Deadline World Tour ရဲ့ အစဖြစ်တဲ့ Goyang ဖျော်ဖြေပွဲမှာ ပထမဆုံးမိတ်ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
BLACKPINK ဟာ ဂျီဆိုး၊ ဂျင်းနီ၊ ရိုစ့်၊ လီဆာဆိုတဲ့ အဖွဲ့ဝင် ၄ ဦးနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့လိုက် အကောင်းဆုံးဆိုတဲ့ စံချိန်တွေ ချိုးခဲ့သလို တစ်ယောက်ချင်းစီဟာလည်း အောင်မြင်မှုကိုယ်စီ ရရှိထားပါတယ်။

Zawgyi Version:
BLACKPINK က သီခ်င္းသစ္ကို The Deadline World Tour ကမာၻလွည့္ေဖ်ာ္ေျဖပြဲမွာ စတင္သီဆိုမည္
ေရာင္နီ (NP News) - ဇြန္ ၂၄
BLACKPINK ဟာ လာမယ့္ဇူလိုင္လမွာ စတင္ျပဳလုပ္မယ့္ အဖြဲ႕ရဲ႕ကမာၻလွည့္ေဖ်ာ္ေျဖပြဲ The Deadline World Tour မွာ သီခ်င္းအသစ္ကို စတင္ မိတ္ဆက္သီဆိုမယ္လို႔ သိရပါတယ္။
ဇြန္လ ၂၃ ရက္က BLACKPINK ရဲ႕ ေအဂ်င္စီ YG Entertainment ရဲ႕ေျပာၾကားခ်က္အရ "ဇူလိုင္လ ၅ နဲ႔ ၆ ရက္ေန႔၊ Goyang Sports Complex Main Stadium မွာ ျပဳလုပ္မယ့္ BLACKPINK ရဲ႕ The Deadline World Tour ေဖ်ာ္ေျဖပြဲမွာ သီခ်င္းအသစ္ကို ပထမဆုံးအႀကိမ္ေဖ်ာ္ေျဖမွာျဖစ္တယ္" လို႔ ဆိုပါတယ္။ ဒီသီခ်င္းဟာ BLACKPINK ရဲ႕ ၂ ႏွစ္နဲ႔ ၈ လအတြင္း ပထမဆုံးထြက္ရွိတဲ့ သီခ်င္းလည္းျဖစ္ပါတယ္။ ဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး YG က "သီခ်င္းသစ္ကို ဘယ္လိုထုတ္ရမလဲဆိုတာ ေဆြးေႏြးမႈေတြ အမ်ားႀကီးလုပ္ခဲ့ၿပီး ေနာက္ဆုံး fandom နဲ႔ ျပန္လည္ ခ်ိတ္ဆက္တဲ့ The Deadline World Tour ရဲ႕ အစျဖစ္တဲ့ Goyang ေဖ်ာ္ေျဖပြဲမွာ ပထမဆုံးမိတ္ဆက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္" လို႔ ဆိုပါတယ္။
BLACKPINK ဟာ ဂ်ီဆိုး၊ ဂ်င္းနီ၊ ႐ိုစ့္၊ လီဆာဆိုတဲ့ အဖြဲ႕ဝင္ ၄ ဦးနဲ႔ ဖြဲ႕စည္းထားၿပီး အဖြဲ႕လိုက္ အေကာင္းဆုံးဆိုတဲ့ စံခ်ိန္ေတြ ခ်ိဳးခဲ့သလို တစ္ေယာက္ခ်င္းစီဟာလည္း ေအာင္ျမင္မႈကိုယ္စီ ရရွိထားပါတယ္။

Related news

© 2021. All rights reserved.