တိုင်ကြားစာနှင့် ရာဇဝတ်ကြောင်းအရ အရေးယူခံရသည့် ရှေ့နေ (၇၀)နီးပါးရှိ

 9

စော (NP News) - ဇွန် ၃ဝ
ပြီးခဲ့သော (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တိုင်ကြားစာနှင့်ရာဇဝတ်ကြောင်း အရ အရေးယူခံရသည့် နိုတြီပဗ္ဗလစ် အပါအဝင် တရားလွှတ်တော်ရှေ့နေ၊ အထက်တန်းရှေ့နေ စုစုပေါင်း (၇၀)နီးပါးရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် (Union Supreme Court) ၏ အချက် အလက်များအရ သိရသည်။
အဆိုပါအရေးယူခံရသည့်ရှေ့နေများမှာ အထက်တန်း‌ရှေ့နေဦးရေ (၂၀)ဦး၊ တရားလွှတ်တော် ရှေ့နေဦးရေ (၄၈)ဦးနှင့် နိုတြီပဗ္ဗလစ်ဦးရေတစ်ဦး စုစုပေါင်း (၆၉)ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့အရေးယူဆောင်ရွက်ရာတွင် ရှေ့နေရှေ့ရပ်လုပ်ငန်းနှင့်စပ်လျဉ်းသည့် ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်ခြင်း ကြောင့် ရပ်ဆိုင်းခံရသူ (၇)ဦးနှင့် ထုတ်ပယ်ခံရသူ တစ်ဦး(နိုတြီပဗ္ဗလစ်)ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အမှုသည်များနှင့်ပတ်သက်သည့် ကျင့်ဝတ်သိက္ခာဖောက်ဖျက်ခြင်းကြောင့် ရပ်ဆိုင်းခံရသူ (၆)ဦး၊ တရားရုံးများ အပေါ် မထီမဲ့မြင်ပြုလုပ်ခြင်းကြောင့် ရပ်ဆိုင်းခံရသူ(၁)ဦး၊ ရာဇဝတ် ကြောင်းအရ ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် သတိပေးခံရသူ (၁)ဦး၊ ရပ်ဆိုင်းခံရသူ (၉)ဦးနှင့် ထုတ်ပယ်ခံရသူ (၄၄)ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုတြီပဗ္ဗလစ်အပါအဝင် တရားလွှတ်တော် ရှေ့နေ၊ အထက်တန်းရှေ့နေများကို ဌာနများသို့ တိုင်ကြား သော တိုင်စာစုစုပေါင်း (၁၈၄)စောင်ရှိခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်ရန် အကြောင်းမ ပေါ်ပေါက်၍ ပိတ်သိမ်းလိုက်သောတိုင်စာ (၇၆)စောင်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အလားတူ (၂၀၂၄)ခုနှစ်အတွင်း ဥပဒေ နယ်ပယ်အတွင်း၌ ပြစ်ဒဏ်ချမှတ်အရေးယူခံရသော အရာထမ်းဦးရေ စုစုပေါင်း (၈၄)ဦးရှိခဲ့သည့်အပြင် အမှုထမ်း ဦးရေ စုစုပေါင်း (၆၅)ဦးရှိခဲ့ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကဆိုသည်။
ထို့ပြင် အလုပ်သင်‌ရှေ့နေအဖြစ် စာရင်း တင်သွင်းခွင့်ပြုသည့်ဦးရေ (၇၈၄)ဦး၊ အထက်တန်း ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုသည့်ဦးရေ (၆၃၇)ဦးနှင့် တရားလွှတ်တော်ရှေ့နေအဖြစ်စာရင်းတင်သွင်းခွင့်ပြုသည့်ဦးရေ (၆၂၇)ဦးရှိခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထား သည်။

Zawgyi Version:
တိုင္ၾကားစာႏွင့္ ရာဇဝတ္ေၾကာင္းအရ အေရးယူခံရသည့္ ေရွ႕ေန (၇၀)နီးပါးရွိ
ေစာ (NP News) - ဇြန္ ၃ဝ
ၿပီးခဲ့ေသာ (၂၀၂၄) ခုႏွစ္၊ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ တိုင္ၾကားစာႏွင့္ရာဇဝတ္ေၾကာင္း အရ အေရးယူခံရသည့္ ႏိုႀတီပဗၺလစ္ အပါအဝင္ တရားလႊတ္ေတာ္ေရွ႕ေန၊ အထက္တန္းေရွ႕ေန စုစုေပါင္း (၇၀)နီးပါးရွိေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ (Union Supreme Court) ၏ အခ်က္ အလက္မ်ားအရ သိရသည္။
အဆိုပါအေရးယူခံရသည့္ေရွ႕ေနမ်ားမွာ အထက္တန္း‌ေရွ႕ေနဦးေရ (၂၀)ဦး၊ တရားလႊတ္ေတာ္ ေရွ႕ေနဦးေရ (၄၈)ဦးႏွင့္ ႏိုႀတီပဗၺလစ္ဦးေရတစ္ဦး စုစုေပါင္း (၆၉)ဦးရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ ထိုသို႔အေရးယူေဆာင္႐ြက္ရာတြင္ ေရွ႕ေနေရွ႕ရပ္လုပ္ငန္းႏွင့္စပ္လ်ဥ္းသည့္ က်င့္ဝတ္သိကၡာ ေဖာက္ဖ်က္ျခင္း ေၾကာင့္ ရပ္ဆိုင္းခံရသူ (၇)ဦးႏွင့္ ထုတ္ပယ္ခံရသူ တစ္ဦး(ႏိုႀတီပဗၺလစ္)ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ ထို႔ျပင္ အမႈသည္မ်ားႏွင့္ပတ္သက္သည့္ က်င့္ဝတ္သိကၡာေဖာက္ဖ်က္ျခင္းေၾကာင့္ ရပ္ဆိုင္းခံရသူ (၆)ဦး၊ တရား႐ုံးမ်ား အေပၚ မထီမဲ့ျမင္ျပဳလုပ္ျခင္းေၾကာင့္ ရပ္ဆိုင္းခံရသူ(၁)ဦး၊ ရာဇဝတ္ ေၾကာင္းအရ ျပစ္ဒဏ္ခ်မွတ္ခံရျခင္းေၾကာင့္ သတိေပးခံရသူ (၁)ဦး၊ ရပ္ဆိုင္းခံရသူ (၉)ဦးႏွင့္ ထုတ္ပယ္ခံရသူ (၄၄)ဦးရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုႀတီပဗၺလစ္အပါအဝင္ တရားလႊတ္ေတာ္ ေရွ႕ေန၊ အထက္တန္းေရွ႕ေနမ်ားကို ဌာနမ်ားသို႔ တိုင္ၾကား ေသာ တိုင္စာစုစုေပါင္း (၁၈၄)ေစာင္ရွိခဲ့ၿပီး ဆက္လက္အေရးယူေဆာင္႐ြက္ရန္ အေၾကာင္းမ ေပၚေပါက္၍ ပိတ္သိမ္းလိုက္ေသာတိုင္စာ (၇၆)ေစာင္ရွိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။ အလားတူ (၂၀၂၄)ခုႏွစ္အတြင္း ဥပေဒ နယ္ပယ္အတြင္း၌ ျပစ္ဒဏ္ခ်မွတ္အေရးယူခံရေသာ အရာထမ္းဦးေရ စုစုေပါင္း (၈၄)ဦးရွိခဲ့သည့္အျပင္ အမႈထမ္း ဦးေရ စုစုေပါင္း (၆၅)ဦးရွိခဲ့ေၾကာင္း ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ကဆိုသည္။
ထို႔ျပင္ အလုပ္သင္‌ေရွ႕ေနအျဖစ္ စာရင္း တင္သြင္းခြင့္ျပဳသည့္ဦးေရ (၇၈၄)ဦး၊ အထက္တန္း ေရွ႕ေနအျဖစ္ စာရင္းတင္သြင္းခြင့္ျပဳသည့္ဦးေရ (၆၃၇)ဦးႏွင့္ တရားလႊတ္ေတာ္ေရွ႕ေနအျဖစ္စာရင္းတင္သြင္းခြင့္ျပဳသည့္ဦးေရ (၆၂၇)ဦးရွိခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ထုတ္ျပန္ထား သည္။

© 2021. All rights reserved.