ကိုယ်ဝန်ရှိနေပြီလို့ သတင်းထွက်နေတဲ့ ဟွန်းအာ

 1009

ရောင်နီ (NP News) - ဇူလိုင် ၆
တောင်ကိုရီးယားအဆိုတော် ဟွန်းအာ ဟာ ခင်ပွန်းဖြစ်သူ ယောင်းဂျန်ဟျောင့် နဲ့လက်ထပ်ပြီး ကိုးလ အကြာမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။
ဇူလိုင်လ ၃ ရက်မှာ ဟွန်းအာ က သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာ အကောင့်မှာ ဓာတ်ပုံတွေ မျှဝေခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံတွေမှာ သူမက ကလေးဖိနပ်ပုံစံ သေးငယ်တဲ့ ဖိနပ်ပုံ ပေါင်မုန့်ကို ရိုက်ကူးပြီး တင်ထားသလို သူမရဲ့ပုံတွေမှာလည်း ဗိုက်ကို ညွှန်ပြနေသယောင် pose ပေးထားတာကြောင့် ပရိသတ်တွေက ကိုယ်ဝန်ရှိနေပြီလို့ အရိတ်အမြတ်ပြတာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဟွန်းအာဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ခင်ပွန်းဖြစ်သူ ယောင်းဂျန်ဟျောင့်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ခင်ပွန်းဖြစ်သူ ယောင်းဂျန်ဟျောင့်ဟာ ဆေးမှု၊ လိင်ပိုင်းဆိုင်ရာအမြက်ထုတ်မှုတွေပြုလုပ်နေတဲ့ "Burning Sun Gate" ဂိုဏ်းအဖွဲ့ဝင်ဟောင်းအဖြစ် လူသိများ တာကြောင့် သူတို့နှစ်ယောက် လက်ထပ်သတင်းအတွက် ပြစ်တင်ရှုံ့ချမှုတွေ ရှိခဲ့ပါတယ်။
ဟွန်းအာ မှာ ကိုယ်ဝန်ရှိတယ်ဆိုတဲ့သတင်းထွက်တာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူမလက်မထပ်ခင်ကလည်း စတိတ်စင်ပေါ်မှာ သူမရဲ့အသွင်အပြင် ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် အလားတူ ထင်ကြေးပေးမှုတွေ ရှိခဲ့ဖူးပါတယ်။

Zawgyi Version:
ကိုယ္ဝန္ရွိေနၿပီလို႔ သတင္းထြက္ေနတဲ့ ဟြန္းအာ
ေရာင္နီ (NP News) - ဇူလိုင္ ၆
ေတာင္ကိုရီးယားအဆိုေတာ္ ဟြန္းအာ ဟာ ခင္ပြန္းျဖစ္သူ ေယာင္းဂ်န္ေဟ်ာင့္ နဲ႔လက္ထပ္ၿပီး ကိုးလ အၾကာမွာ ကိုယ္ဝန္ရွိေနၿပီဆိုတဲ့ သတင္းထြက္ေပၚလာပါတယ္။
ဇူလိုင္လ ၃ ရက္မွာ ဟြန္းအာ က သူ႔ရဲ႕ကိုယ္ပိုင္ဆိုရွယ္မီဒီယာ အေကာင့္မွာ ဓာတ္ပုံေတြ မွ်ေဝခဲ့ပါတယ္။ ဒါေပမယ့္ ဓာတ္ပုံေတြမွာ သူမက ကေလးဖိနပ္ပုံစံ ေသးငယ္တဲ့ ဖိနပ္ပုံ ေပါင္မုန႔္ကို ႐ိုက္ကူးၿပီး တင္ထားသလို သူမရဲ႕ပုံေတြမွာလည္း ဗိုက္ကို ၫႊန္ျပေနသေယာင္ pose ေပးထားတာေၾကာင့္ ပရိသတ္ေတြက ကိုယ္ဝန္ရွိေနၿပီလို႔ အရိတ္အျမတ္ျပတာျဖစ္ႏိုင္တယ္လို႔ ယူဆၾကပါတယ္။ ဟြန္းအာဟာ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာမွာ ခင္ပြန္းျဖစ္သူ ေယာင္းဂ်န္ေဟ်ာင့္နဲ႔လက္ထပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ခင္ပြန္းျဖစ္သူ ေယာင္းဂ်န္ေဟ်ာင့္ဟာ ေဆးမႈ၊ လိင္ပိုင္းဆိုင္ရာအျမက္ထုတ္မႈေတြျပဳလုပ္ေနတဲ့ "Burning Sun Gate" ဂိုဏ္းအဖြဲ႕ဝင္ေဟာင္းအျဖစ္ လူသိမ်ား တာေၾကာင့္ သူတို႔ႏွစ္ေယာက္ လက္ထပ္သတင္းအတြက္ ျပစ္တင္ရႈံ႕ခ်မႈေတြ ရွိခဲ့ပါတယ္။
ဟြန္းအာ မွာ ကိုယ္ဝန္ရွိတယ္ဆိုတဲ့သတင္းထြက္တာ ဒါက ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ သူမလက္မထပ္ခင္ကလည္း စတိတ္စင္ေပၚမွာ သူမရဲ႕အသြင္အျပင္ ႐ုတ္တရက္ေျပာင္းလဲသြားျခင္းေၾကာင့္ အလားတူ ထင္ေၾကးေပးမႈေတြ ရွိခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.