မဟာဗန္ဓုလတံတားပေါ်တွင် အိမ်စီးကားတစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

 572

သန့်ဇင် (NP News) - ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလတံတားပေါ်တွင် အိမ်စီးကားတစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အောင်ရဲသူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂ဝ ရက်)၊ သန်းခေါင်ယံအချိန်က ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလတံတားပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဗိုလ်တစ်ထောင်ကနေ ဒေါပုံကိုသွားတာ။ ကျွန်တော်တို့သွားတဲ့အချိန်မှာ ကားက လဲနေတာ။ သူ့သူငယ်ချင်းပြောတာကတော့ ဘီယာဆိုင် ထိုင်တယ်။ (၃)ယောက်ထိုင်တယ်။ သူတို့ သူငယ်ချင်းထဲက တစ်ယောက်က နောက်ကျနေလို့ သူ့ကားကို‌ပေးလိုက်တာ။ သောက်ထားတဲ့အရှိန်နဲ့ အရှိန်လွန်ပြီး ပလက်ဖောင်းကိုကျော်ပြီး ဓာတ်တိုင်ကိုဝင်တိုက်တာ။ အဲဒီမှာ ကားကမှောက်ပြီး အပေါ်အမိုး ပွင့်သွားတာမှာ လူက ကားထဲက ထွက်ကျပြီးဆုံးသွားတာ” ဟု အောင်ရဲသူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အသက်(၂၅)နှစ်ဝန်းကျင်အရွယ် အမျိုသားတွင် ဦးခေါင်းနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားက တိုက်ပြီးမှောက်သွားတဲ့အချိန်မှာ လူကထွက်ကျပြီး လက်ကျိုးတယ်။ ခေါင်းကလည်း လမ်းနဲ့ရိုက်မိပြီးဆုံးသွားတယ်။ ခါးပတ် မပတ်လို့ လွှင့်ထွက်သွားတာ။ ဒီလိုမျိုးမဖြစ်အောင် မောင်းတဲ့လူတွေကိုပဲသတိပေးချင်ပေးတာပေါ့နော်။ ကား ဘယ်လောက် ရှင်းရှင်း ဖြည်းဖြည်း‌မောင်းစေချင်တယ်။ နောက်ပြီး မူးယစ်သောက်စားပြီးတော့ မောင်းတာလည်းရှောင်စေချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားကို ရှင်သန်ရေးလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
မဟာဗႏၶဳလတံတားေပၚတြင္ အိမ္စီးကားတစ္စီးအရွိန္လြန္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၁
ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ မဟာဗႏၶဳလတံတားေပၚတြင္ အိမ္စီးကားတစ္စီးအရွိန္လြန္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ေအာင္ရဲသူလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၂ဝ ရက္)၊ သန္းေခါင္ယံအခ်ိန္က ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ မဟာဗႏၶဳလတံတားေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဗိုလ္တစ္ေထာင္ကေန ေဒါပုံကိုသြားတာ။ ကြၽန္ေတာ္တို႔သြားတဲ့အခ်ိန္မွာ ကားက လဲေနတာ။ သူ႔သူငယ္ခ်င္းေျပာတာကေတာ့ ဘီယာဆိုင္ ထိုင္တယ္။ (၃)ေယာက္ထိုင္တယ္။ သူတို႔ သူငယ္ခ်င္းထဲက တစ္ေယာက္က ေနာက္က်ေနလို႔ သူ႔ကားကို‌ေပးလိုက္တာ။ ေသာက္ထားတဲ့အရွိန္နဲ႔ အရွိန္လြန္ၿပီး ပလက္ေဖာင္းကိုေက်ာ္ၿပီး ဓာတ္တိုင္ကိုဝင္တိုက္တာ။ အဲဒီမွာ ကားကေမွာက္ၿပီး အေပၚအမိုး ပြင့္သြားတာမွာ လူက ကားထဲက ထြက္က်ၿပီးဆုံးသြားတာ” ဟု ေအာင္ရဲသူလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ အသက္(၂၅)ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳသားတြင္ ဦးေခါင္းႏွင့္ လက္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ကားက တိုက္ၿပီးေမွာက္သြားတဲ့အခ်ိန္မွာ လူကထြက္က်ၿပီး လက္က်ိဳးတယ္။ ေခါင္းကလည္း လမ္းနဲ႔႐ိုက္မိၿပီးဆုံးသြားတယ္။ ခါးပတ္ မပတ္လို႔ လႊင့္ထြက္သြားတာ။ ဒီလိုမ်ိဳးမျဖစ္ေအာင္ ေမာင္းတဲ့လူေတြကိုပဲသတိေပးခ်င္ေပးတာေပါ့ေနာ္။ ကား ဘယ္ေလာက္ ရွင္းရွင္း ျဖည္းျဖည္း‌ေမာင္းေစခ်င္တယ္။ ေနာက္ၿပီး မူးယစ္ေသာက္စားၿပီးေတာ့ ေမာင္းတာလည္းေရွာင္ေစခ်င္တယ္”ဟု ၎က ဆက္ေျပာသည္။
ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသားကို ရွင္သန္ေရးလူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.