ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးမှာ ဝက်ဝံတိုက်ခိုက်ခံရမှုကြောင့် လူ ၁ ဦးသေဆုံး

273

ရောင်နီ (NP News) - ဇူလိုင် ၂၃
ပြီးခဲ့တဲ့သီတင်းပတ်၊ ဇူလိုင် ၁၈ ရက်က ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး၊ ဖူကူရှီးမားရှိ လူနေရပ်ကွက်တစ်ခုမှာ အသက် ၅၂ နှစ်ရှိ သတင်းစာပေးပို့သူတစ်ဦး ဝက်ဝံတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဟော့ကိုင်းဒိုး စီရင်စုအစိုးရရဲ့အဆိုအရ အဲဒီဝက်ဝံဟာ လွန်ခဲ့တဲ့ လေးနှစ်က တောင်တန်းဒေသတစ်ခုမှာ အသက် ၇၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ခဲ့တဲ့ ဝက်ဝံနဲ့ DNA ဆင်တူတယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခဲ့ တဲ့ ဝက်ဝံဟာ အရှည် ၂၀၈ စင်တီမီတာ၊ အလေးချိန် ၂၁၈ ကီလိုဂရမ်ရှိပြီး အဲဒီဝက်ဝံကို အရှေ့တောင်ဘက် ၁ ကီလိုမီတာအကွာရှိ လူနေရပ်ကွက်တစ်ခုမှာ မုဆိုးတစ်ဦးက ပစ်သတ်နိုင်ခဲ့တယ်လို့ ဖူကူရှီးမားမြို့ အစိုးရနဲ့ စီရင်စု ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
စီရင်စုအစိုးရရဲ့အဆိုအရ၊ အဆိုပါ ဝက်ဝံရဲ့အမွှေးအမှင်တွေကနေ စစ်ဆေးတွေ့ရှိတဲ့ DNA ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ခဲ့တဲ့ ဝက်ဝံနဲ့ DNA တူတယ်လို့ ဆိုပါတယ်။ လူနေရပ်ကွက်နဲ့ တောင်တန်းဧရိယာဟာ ၃ ကီလိုမီတာခန့် ကွာခြားပြီး သေဆုံးသူ အမျိုးသားကို ဝက်ဝံက ဒရွတ်တိုက်ဆွဲခေါ်သွားပုံ ပေါ်တယ်လို့ ယူဆရပါတယ်။ "ဝက်ဝံက လူကို တစ်ကြိမ်တိုက်ခိုက်ခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် ထပ်လုပ်ဖို့လည်း အလားအလာရှိတယ်" လို့ ရာကူနိုဂါခွန် တက္ကသိုလ်မှ ပါမောက္ခယိုရှီကာဇူဆာတိုက ဆိုပါတယ်။
ဒီကိစ္စကိုဖြေရှင်းဖို့ ဒေသဆိုင်ရာ မုဆိုးအဖွဲ့ကလည်း တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမယ်လို့ ဟော့ကိုင်းဒိုးရိုရုကီမုဆိုးများအဖွဲ့ ခေါင်းဆောင် အက်ဆူရှီဟိုရီက ပြောကြားထားပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံ၊ ေဟာ့ကိုင္းဒိုးမွာ ဝက္ဝံတိုက္ခိုက္ခံရမႈေၾကာင့္ လူ ၁ ဦးေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၂၃
ၿပီးခဲ့တဲ့သီတင္းပတ္၊ ဇူလိုင္ ၁၈ ရက္က ဂ်ပန္ႏိုင္ငံ၊ ေဟာ့ကိုင္းဒိုး၊ ဖူကူရွီးမားရွိ လူေနရပ္ကြက္တစ္ခုမွာ အသက္ ၅၂ ႏွစ္ရွိ သတင္းစာေပးပို႔သူတစ္ဦး ဝက္ဝံတိုက္ခိုက္ခံရၿပီး ေသဆုံးခဲ့ပါတယ္။
ေဟာ့ကိုင္းဒိုး စီရင္စုအစိုးရရဲ႕အဆိုအရ အဲဒီဝက္ဝံဟာ လြန္ခဲ့တဲ့ ေလးႏွစ္က ေတာင္တန္းေဒသတစ္ခုမွာ အသက္ ၇၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို တိုက္ခိုက္ခဲ့တဲ့ ဝက္ဝံနဲ႔ DNA ဆင္တူတယ္လို႔ ဆိုပါတယ္။ တိုက္ခိုက္ခဲ့ တဲ့ ဝက္ဝံဟာ အရွည္ ၂၀၈ စင္တီမီတာ၊ အေလးခ်ိန္ ၂၁၈ ကီလိုဂရမ္ရွိၿပီး အဲဒီဝက္ဝံကို အေရွ႕ေတာင္ဘက္ ၁ ကီလိုမီတာအကြာရွိ လူေနရပ္ကြက္တစ္ခုမွာ မုဆိုးတစ္ဦးက ပစ္သတ္ႏိုင္ခဲ့တယ္လို႔ ဖူကူရွီးမားၿမိဳ႕ အစိုးရနဲ႔ စီရင္စု ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
စီရင္စုအစိုးရရဲ႕အဆိုအရ၊ အဆိုပါ ဝက္ဝံရဲ႕အေမႊးအမွင္ေတြကေန စစ္ေဆးေတြ႕ရွိတဲ့ DNA ဟာ ၂၀၂၁ ခုႏွစ္၊ ဇူလိုင္လက အမ်ိဳးသမီးတစ္ဦးကို တိုက္ခိုက္ခဲ့တဲ့ ဝက္ဝံနဲ႔ DNA တူတယ္လို႔ ဆိုပါတယ္။ လူေနရပ္ကြက္နဲ႔ ေတာင္တန္းဧရိယာဟာ ၃ ကီလိုမီတာခန႔္ ကြာျခားၿပီး ေသဆုံးသူ အမ်ိဳးသားကို ဝက္ဝံက ဒ႐ြတ္တိုက္ဆြဲေခၚသြားပုံ ေပၚတယ္လို႔ ယူဆရပါတယ္။ "ဝက္ဝံက လူကို တစ္ႀကိမ္တိုက္ခိုက္ခဲ့မယ္ဆိုရင္ ေနာက္တစ္ႀကိမ္ ထပ္လုပ္ဖို႔လည္း အလားအလာရွိတယ္" လို႔ ရာကူႏိုဂါခြန္ တကၠသိုလ္မွ ပါေမာကၡယိုရွီကာဇူဆာတိုက ဆိုပါတယ္။
ဒီကိစၥကိုေျဖရွင္းဖို႔ ေဒသဆိုင္ရာ မုဆိုးအဖြဲ႕ကလည္း တင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္သြားမယ္လို႔ ေဟာ့ကိုင္းဒိုး႐ို႐ုကီမုဆိုးမ်ားအဖြဲ႕ ေခါင္းေဆာင္ အက္ဆူရွီဟိုရီက ေျပာၾကားထားပါတယ္။