ကျွန်းစုမြို့နယ်က ဧရိယာဧက (၂၃၀၀၀)ကျော်ကို ဒီရေတောကြိုးပြင်ကာကွယ်တော အဖြစ်သတ်မှတ်

237

စော (NP News) - ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ဧရိယာအကျယ်အဝန်း (၂၃၃၇၀) ဧက ရှိနေသာ နယ်မြေကို “ခိုကျွန်းဒီရေတောကြိုးပြင် ကာကွယ်တော” အဖြစ်သတ်မှတ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် (၂၀၁၈) ခုနှစ်တွင် ပြဋ္ဌာန်းထားသော သစ်တောဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးကာ ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်မှစ၍ သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဒမ၊ ပင်လယ်အုန်း စသည့် သစ်မျိုးများ နှင့် သရော၊ နှံဗြူး(ငှက်)နှင့် ဓနိပင် စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်ခြင်းနှင့် ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုတ်ငှက်၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံး ငှက် စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြင့် သား၊ ငါး၊ ကဏန်း၊ ပုစွန်များရှင်သန်ပေါက်ပွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ် တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟ စနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည် တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်၊လေမုန်တိုင်း ဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန်စသောရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲ နိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ကြၽန္းစုၿမိဳ႕နယ္က ဧရိယာဧက (၂၃၀၀၀)ေက်ာ္ကို ဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ အျဖစ္သတ္မွတ္
ေစာ (NP News) - ဇူလိုင္ ၂၆
တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္ရွိ ဧရိယာအက်ယ္အဝန္း (၂၃၃၇၀) ဧက ရွိေနသာ နယ္ေျမကို “ခိုကြၽန္းဒီေရေတာႀကိဳးျပင္ ကာကြယ္ေတာ” အျဖစ္သတ္မွတ္ခဲ့ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဝန္ႀကီးဌာနအေနျဖင့္ (၂၀၁၈) ခုႏွစ္တြင္ ျပ႒ာန္းထားေသာ သစ္ေတာဥပေဒ ပုဒ္မ (၆)၊ ပုဒ္မခြဲ(င)အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္မ်ားကိုက်င့္သုံးကာ ၿပီးခဲ့သည့္ ဇူလိုင္ ၂၂ ရက္မွစ၍ သတ္မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔သတ္မွတ္ျခင္းျဖင့္ ဒီေရေတာအဓိကသစ္မ်ိဳးမ်ားျဖစ္သည့္ ျဗဴးေျခေထာက္၊ ျဗဴးအုပ္ေဆာင္း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ က်န၊ မဒမ၊ ပင္လယ္အုန္း စသည့္ သစ္မ်ိဳးမ်ား ႏွင့္ သေရာ၊ ႏွံျဗဴး(ငွက္)ႏွင့္ ဓနိပင္ စသည့္ ေဒသမ်ိဳးရင္း ဒီေရေတာသစ္မ်ိဳးမ်ားအား ထိန္းသိမ္းႏိုင္ျခင္းႏွင့္ ဗ်ိဳင္း၊ ဗ်ိဳင္းေအာက္၊ စြန္၊ သိမ္းငွက္၊ ပန္းဇင္ငွက္၊ ခ႐ုစုတ္ငွက္၊ ေရေညႇာင့္ႏႈတ္ဝိုင္းငွက္၊ တင္ႀကီးငွက္၊ ငွက္တုံး ငွက္ စသည့္ငွက္မ်ိဳးမ်ား၏ ေနရင္းေဒသအား ထိန္းသိမ္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ယခုကဲ့သို႔ သတ္မွတ္လိုက္ျခင္းျဖင့္ သား၊ ငါး၊ ကဏန္း၊ ပုစြန္မ်ားရွင္သန္ေပါက္ပြားရာ ေဂဟစနစ္ ပိုမိုေကာင္းမြန္လာေစျခင္း၊ ဒီေရေတာမ်ားသည္ အဏၰဝါေဂဟစနစ္ တည္ၿငိမ္မႈအတြက္ အေရးပါသည့္ ေဂဟ စနစ္တစ္ခုျဖစ္ျခင္းႏွင့္ သဘာဝေဘးအႏၲရာယ္မွ ကာကြယ္ေပးႏိုင္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္မည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနသည္ ဒီေရေတာေဂဟစနစ္ ေရရွည္ တည္တံ့ေစရန္၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေပါႂကြယ္ဝေစရန္၊ လႈိင္းဒဏ္၊ေလမုန္တိုင္း ဒဏ္ခံစားရမႈမ်ားကို သဘာဝတံတိုင္းႀကီးမ်ားသဖြယ္ ကာကြယ္ရန္၊ ေဒသခံျပည္သူမ်ားအတြက္ သား၊ ငါး၊ ကဏန္း၊ ပုစြန္စေသာေရသယံဇာတမ်ား စဥ္ဆက္မျပတ္ထုတ္ယူသုံးစြဲ ႏိုင္ရန္ႏွင့္ ဒီေရေတာေဂဟစနစ္ စီမံအုပ္ခ်ဳပ္မႈ ပိုမိုေကာင္းမြန္လာေစရန္ရည္႐ြယ္၍ ဒီေရေတာႀကိဳးဝိုင္း၊ ႀကိဳးျပင္ကာကြယ္ေတာမ်ား ဖြဲ႕စည္းသတ္မွတ္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။