ရုရှားနဲ့ နျူကလီးယားဆွေးနွေးပွဲအသစ်တွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့် လိုလားနေ

 261

Pika (NP News) - ဇူလိုင် ၂၈
ရုရှားနိုင်ငံနဲ့ လက်ရှိနျူကလီးယားလက်နက်ဆိုင်ရာကန့်သတ်ချက်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့ စေ့စပ် ညှိနှိုင်းမှုတွေ ပြန်လည်စတင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
နျူကလီးယားထိပ်ဖူးအရေအတွက်နဲ့ပေးပို့မှုနည်းလမ်းတွေကို ကန့်သတ်ထားတဲ့ New START စာချုပ်ဟာ (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်မှာ သက်တမ်းကုန်ဆုံးမှာနဲ့အတူ ဒေါ်နယ်ထရမ့်က ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ဒါက သက်တမ်းကုန်ဆုံးသွားစေချင်တဲ့ သဘောတူညီချက်တစ်ခု မဟုတ်ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အလုပ်တွေ စလုပ်နေပါပြီ။ နျူကလီးယားကန့်သတ်ချက်တွေကို ဖယ်ရှားလိုက် မယ်ဆိုရင် ကြီးမားတဲ့ပြဿနာတွေရှိလာနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှားနဲ့ အမေရိကန်နိုင်ငံကြား နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲတွေဟာ မဟာဗျူဟာ မြောက်တည်ငြိမ်ရေးအတွက် လိုအပ်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ယခုနှစ် အစောပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း (၂၀၂၂)ခုနှစ်မှာ အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်အစိုးရက ဖြတ်တောက်ထားခဲ့တဲ့ အပြန်အလှန်ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်ဖို့ လိုအပ်သင့်လျော်တဲ့ယုံကြည်မှုအဆင့်တစ်ခုရှိမှသာ ဆွေးနွေးပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ န်ဴကလီးယားေဆြးေႏြးပြဲအသစ္ေတြလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္ လိုလားေန
Pika (NP News) - ဇူလိုင္ ၂၈
႐ုရွားႏိုင္ငံနဲ႔ လက္ရွိန်ဴကလီးယားလက္နက္ဆိုင္ရာကန႔္သတ္ခ်က္ေတြကို ဆက္လက္ထိန္းသိမ္းထားဖို႔ ေစ့စပ္ ညႇိႏႈိင္းမႈေတြ ျပန္လည္စတင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
န်ဴကလီးယားထိပ္ဖူးအေရအတြက္နဲ႔ေပးပို႔မႈနည္းလမ္းေတြကို ကန႔္သတ္ထားတဲ့ New START စာခ်ဳပ္ဟာ (၂၀၂၆) ခုႏွစ္ ေဖေဖာ္ဝါရီလ(၅)ရက္မွာ သက္တမ္းကုန္ဆုံးမွာနဲ႔အတူ ေဒၚနယ္ထရမ့္က ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “ဒါက သက္တမ္းကုန္ဆုံးသြားေစခ်င္တဲ့ သေဘာတူညီခ်က္တစ္ခု မဟုတ္ပါဘူး။ အဲဒါနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔အလုပ္ေတြ စလုပ္ေနပါၿပီ။ န်ဴကလီးယားကန႔္သတ္ခ်က္ေတြကို ဖယ္ရွားလိုက္ မယ္ဆိုရင္ ႀကီးမားတဲ့ျပႆနာေတြရွိလာႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားနဲ႔ အေမရိကန္ႏိုင္ငံၾကား န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးဆိုင္ရာေဆြးေႏြးပြဲေတြဟာ မဟာဗ်ဴဟာ ေျမာက္တည္ၿငိမ္ေရးအတြက္ လိုအပ္တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ယခုႏွစ္ အေစာပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း (၂၀၂၂)ခုႏွစ္မွာ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္အစိုးရက ျဖတ္ေတာက္ထားခဲ့တဲ့ အျပန္အလွန္ဆက္ဆံေရးေတြ ပုံမွန္ျပန္ျဖစ္ဖို႔ လိုအပ္သင့္ေလ်ာ္တဲ့ယုံၾကည္မႈအဆင့္တစ္ခုရွိမွသာ ေဆြးေႏြးပြဲေတြ ျပန္ျဖစ္လာႏိုင္တယ္လို႔လည္း ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.