ခရီးသွားဆွဲဆောင်မှုတစ်ခုအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တစုတစည်းတည်းပြသနိုင်မည့်နေရာ လိုအပ်နေ

 85

ချယ်ရီ (NP News) - စက်တင်ဘာလ ၁၁
ခရီးသွားဆွဲဆောင်မှုတစ်ခုအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တစုတစည်းတည်းပြ သနိုင်မည့်နေရာလိုအပ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနောင်း နောင်းဟန်က NP News သို့ အကြံပြုပြောကြားချက်အရ သိရသည်။
ပြည်တွင်း၌ ဟိုတယ်များစွာရှိနေသော် လည်း မြန်မာပြည်သို့လာရောက်သော ပြည်ပခရီးသွား များအတွက် ယဉ်ကျေးမှုနှင့်ပတ်သက်၍ မှန်စွာပြသ နိုင်မည့်ဆွဲဆောင်မှုများ နည်းပါးလျက်ရှိနေရာ ပြင် ဆင်ထားစရာ များစွာရှိနေသေးကြောင်း သိရသည်။
" အခု ဟိုတယ်တွေက ရှိတော့ရှိတယ်ပေါ့ နော်။ ယဉ်ကျေးမှုအမွေနှစ်အဆောက်အအုံတွေရှိ တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာမရှိသေးဘူးလဲ ဆိုတော့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး တကယ်ပြသနိုင် မယ့်ဆွဲဆောင်မှုတွေက နည်းနေပါသေးတယ်။ ဥပမာ အားဖြင့် ရန်ကုန်မှာ မြန်မာ့ရိုးရာအကကိုကြည့်ချင် တယ်ဆိုရင် သူတို့ ဘယ်နေရာမှာသွားကြည့်ရမလဲမသိ ဘူး။ ရုပ်သေးလိုဟာမျိုး ဘယ်နေရာမှာသွားကြည့်ရ မလဲမသိဘူးပေါ့နော် အဲဒီလိုပေါ့ " ဟု ဦးနောင်း နောင်းဟန်ကဆိုသည်။
ဆက်လက်၍ ၎င်းက " နောက် လက်မှုလုပ် ငန်းတွေဖြစ်တဲ့ ယွန်းထည်လုပ်တာတို့ဘာတို့ဆို လက်ဆောင်ပစ္စည်းက ရန်ကုန်မှာတင်ဆို ဝယ်သွားရ တာတွေလည်းရှိတယ်ပေါ့နော်။ တကယ့်လက်မှုလုပ် ငန်းတွေကတော့ သူတို့ ကြည့်လို့မရဘူးပေါ့နော်။ ကြည့်ချင်ရင် ပုဂံအထိသွားရမယ်ဆို မဖြစ်ဘူးဆိုတော့ အဲဒီလိုဟာမျိုးတွေလိုသေးတယ်ပေါ့နော်။ အဓိက ကျွန်တော်တို့အနေနဲ့ ဒါကို ဘယ်လိုခေါ်လဲဆိုတော့ Tourist Attraction လို့ခေါ်ပါတယ်။ ခရီးသည်တွေ က မြန်မာပြည်ထဲရောက်လာပြီး ဟိုတယ်မှာတည်းပြီး တော့ ညအိပ်ပြီးပြန်ကြတာမဟုတ်ဘူးလေ။ သူတို့ စိတ်ဝင်စားစရာနေရာတွေကို သွားဖို့ဆို ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ဖော်ထုတ်ပေးဖို့လိုတယ်၊ ဖန်တီးပေးဖို့ လိုတယ်။ အားနည်းချက်တော့ မဟုတ်ဘူးပေါ့နော်။ လိုအပ်ချက်ရှိနေသေးတယ်ပေါ့}ဟုပြောသည်။ ထိုသို့ ရက်အနည်းငယ်ကြာ လာရောက်လည်ပတ်လေ့လာသူခရီးသွားများအတွက် မြန်မာ့ အငွေ့အသက်များကို တစ်နေရာတည်း၌ပင် လေ့လာ ခံစားကြည့်ရှုနိုင်ခြင်းဖြင့် ခရီးသွားများ ပိုမိုဝင်ရောက် လာနိုင်ကြောင်း ၎င်းကဆိုသည်။
“ရန်ကုန်မှာ လေး၊ ငါးရက်နေမယ်ဆိုရင် လေး၊ ငါးရက်ပဲ လာရောက်လည်ပတ်တဲ့သူအတွက် ယွန်းထည်ဘယ်လိုလုပ်တာလဲဆိုတာ သူတို့ ကြည့်ခွင့် မရှိတော့ဘူး။ ရက်ကန်းဘယ်လိုရက်တာလဲဆိုတာ တွေကအစ အဲဒါမျိုးတွေကို ရန်ကုန်လိုနေရာမှာ ပြသ နိုင်မယ်ဆိုရင် ရန်ကုန်မှာ ခရီးသည်တွေ ပိုပြီးတော့ အများကြီးဝင်လာနိုင်တယ်ပေါ့နော်။ တခြားနေရာတွေ မသွားဘူးဆိုတာတောင်မှ ဥပမာ ပုဂံဆိုရင် လေယာဉ် နဲ့မှ တစ်ဆင့်သွားနိုင်တယ်။ လေယာဉ်က တစ်ပတ်မှ နှစ်ရက်ပဲရှိတယ်ဆိုတော့ အဲဒီရက်နဲ့ကိုက်ပြီး ဧည့် သည်ရောက်ဖို့ဆိုတာ တော်တော်လေး ခက်သွားတယ် ပေါ့နော်။ အဲဒီတော့ လက်ရှိ ရှိနေတဲ့အခက်အခဲအ ပေါ်မှာ ဧည့်သည်ဝင်ရောက်မှုနည်းနေသေးတာ လည်းပါတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
ထို့ပြင် ပြည်ပခရီးသွားများကို ပြည်တွင်း ရှိ အထင်ကရဘုရားများ၊ သဘာဝ တောတောင်ရှုခင်း များအပြင် ရိုးရာအမွေအနှစ်၊ ယဉ်ကျေးမှု၊ အကအလှ၊ ဂီတဖျော်ဖြေမှု စသည့် ရွေးချယ်စရာများစွာဖြင့် ဧည့် သည်စိတ်ဝင်စားစေသောဖန်တီးမှုများကိုပါ လုပ် ဆောင်ပေးခြင်းဖြင့်လည်း ခရီးသွားပိုမိုတိုးပွားလာ စေနိုင်ကြောင်း ၎င်းကဆိုသည်။ ယင်းကဲ့သို့ လိုအပ် ချက်များကို ၎င်းတို့ဘက်ကဖန်တီးပြီး နိုင်ငံတော်ကဦး ဆောင်၍ လုပ်ငန်းရှင်များဖြင့် ဆောင်ရွက်ပေးမည်ဆို ပါက ခရီးသွားလုပ်ငန်းများ များစွာဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း ဦးနောင်းနောင်းဟန်က အကြံပြုပြော ကြားသည်။
“ဒါတွေကိုတော့ လိုအပ်ချက်အနေနဲ့ရှိ တယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ လက်ရှိမှာ မဖြည့်ဆည်းပေးနိုင်သေးဘူးပေါ့နော်။ နိုင်ငံတော်က နေဦးဆောင်ပြီတော့ လုပ်ငန်းရှင်တွေနဲ့ဆောင်ရွက် ပေးမယ်ဆိုရင်တော့ ဒါက ဖြစ်လာနိုင်တဲ့ကိစ္စတွေပါ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုကို သိန်းပေါင်း သောင်းနဲ့ချီပြီး ကုန်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ၊ ဒေါ်လာ သန်းနဲ့ချီပြီး ကုန်ကျမှုမျိုးတွေတော့မဟုတ်ဘူးပေါ့နော်။ ဒါမျိုးတွေ ကို ကျွန်တော်တို့ဘက်ကဖန်တီးပေးတယ်။ သူတို့ လည်း အားပေးတယ်ဆိုလို့ရှိရင် ဒါ နောက်ပိုင်းမှာ ဒီထက်အများကြီး ဖွံ့ဖြိုးလာမယ်ပေါ့နော်။ အခုက ရန် ကုန်ရောက်ရင် နိုင်ငံခြားသားလူငယ်ခရီးသွားတွေ ကိုဆွဲဆောင်နိုင်ဖို့က မြန်မာပြည်မှာ နည်းနေပါ တယ်” ဟု ၎င်းကဆိုသည်။

Zawgyi Version:
ခရီးသြားဆြဲေဆာင္မႈတစ္ခုအျဖစ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ားကို တစုတစည္းတည္းျပသႏိုင္မည့္ေနရာ လိုအပ္ေန
ခ်ယ္ရီ (NP News) - စက္တင္ဘာလ ၁၁
ခရီးသြားဆြဲေဆာင္မႈတစ္ခုအျဖစ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ားကို တစုတစည္းတည္းျပ သႏိုင္မည့္ေနရာလိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေနာင္း ေနာင္းဟန္က NP News သို႔ အႀကံျပဳေျပာၾကားခ်က္အရ သိရသည္။
ျပည္တြင္း၌ ဟိုတယ္မ်ားစြာရွိေနေသာ္ လည္း ျမန္မာျပည္သို႔လာေရာက္ေသာ ျပည္ပခရီးသြား မ်ားအတြက္ ယဥ္ေက်းမႈႏွင့္ပတ္သက္၍ မွန္စြာျပသ ႏိုင္မည့္ဆြဲေဆာင္မႈမ်ား နည္းပါးလ်က္ရွိေနရာ ျပင္ ဆင္ထားစရာ မ်ားစြာရွိေနေသးေၾကာင္း သိရသည္။
" အခု ဟိုတယ္ေတြက ရွိေတာ့ရွိတယ္ေပါ့ ေနာ္။ ယဥ္ေက်းမႈအေမြႏွစ္အေဆာက္အအုံေတြရွိ တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔မွာ ဘာမရွိေသးဘူးလဲ ဆိုေတာ့ ယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီး တကယ္ျပသႏိုင္ မယ့္ဆြဲေဆာင္မႈေတြက နည္းေနပါေသးတယ္။ ဥပမာ အားျဖင့္ ရန္ကုန္မွာ ျမန္မာ့႐ိုးရာအကကိုၾကည့္ခ်င္ တယ္ဆိုရင္ သူတို႔ ဘယ္ေနရာမွာသြားၾကည့္ရမလဲမသိ ဘူး။ ႐ုပ္ေသးလိုဟာမ်ိဳး ဘယ္ေနရာမွာသြားၾကည့္ရ မလဲမသိဘူးေပါ့ေနာ္ အဲဒီလိုေပါ့ " ဟု ဦးေနာင္း ေနာင္းဟန္ကဆိုသည္။
ဆက္လက္၍ ၎က " ေနာက္ လက္မႈလုပ္ ငန္းေတြျဖစ္တဲ့ ယြန္းထည္လုပ္တာတို႔ဘာတို႔ဆို လက္ေဆာင္ပစၥည္းက ရန္ကုန္မွာတင္ဆို ဝယ္သြားရ တာေတြလည္းရွိတယ္ေပါ့ေနာ္။ တကယ့္လက္မႈလုပ္ ငန္းေတြကေတာ့ သူတို႔ ၾကည့္လို႔မရဘူးေပါ့ေနာ္။ ၾကည့္ခ်င္ရင္ ပုဂံအထိသြားရမယ္ဆို မျဖစ္ဘူးဆိုေတာ့ အဲဒီလိုဟာမ်ိဳးေတြလိုေသးတယ္ေပါ့ေနာ္။ အဓိက ကြၽန္ေတာ္တို႔အေနနဲ႔ ဒါကို ဘယ္လိုေခၚလဲဆိုေတာ့ Tourist Attraction လို႔ေခၚပါတယ္။ ခရီးသည္ေတြ က ျမန္မာျပည္ထဲေရာက္လာၿပီး ဟိုတယ္မွာတည္းၿပီး ေတာ့ ညအိပ္ၿပီးျပန္ၾကတာမဟုတ္ဘူးေလ။ သူတို႔ စိတ္ဝင္စားစရာေနရာေတြကို သြားဖို႔ဆို ကြၽန္ေတာ္တို႔ ယဥ္ေက်းမႈနဲ႔ေဖာ္ထုတ္ေပးဖို႔လိုတယ္၊ ဖန္တီးေပးဖို႔ လိုတယ္။ အားနည္းခ်က္ေတာ့ မဟုတ္ဘူးေပါ့ေနာ္။ လိုအပ္ခ်က္ရွိေနေသးတယ္ေပါ့}ဟုေျပာသည္။ ထိုသို႔ ရက္အနည္းငယ္ၾကာ လာေရာက္လည္ပတ္ေလ့လာသူခရီးသြားမ်ားအတြက္ ျမန္မာ့ အေငြ႕အသက္မ်ားကို တစ္ေနရာတည္း၌ပင္ ေလ့လာ ခံစားၾကည့္ရႈႏိုင္ျခင္းျဖင့္ ခရီးသြားမ်ား ပိုမိုဝင္ေရာက္ လာႏိုင္ေၾကာင္း ၎ကဆိုသည္။
“ရန္ကုန္မွာ ေလး၊ ငါးရက္ေနမယ္ဆိုရင္ ေလး၊ ငါးရက္ပဲ လာေရာက္လည္ပတ္တဲ့သူအတြက္ ယြန္းထည္ဘယ္လိုလုပ္တာလဲဆိုတာ သူတို႔ ၾကည့္ခြင့္ မရွိေတာ့ဘူး။ ရက္ကန္းဘယ္လိုရက္တာလဲဆိုတာ ေတြကအစ အဲဒါမ်ိဳးေတြကို ရန္ကုန္လိုေနရာမွာ ျပသ ႏိုင္မယ္ဆိုရင္ ရန္ကုန္မွာ ခရီးသည္ေတြ ပိုၿပီးေတာ့ အမ်ားႀကီးဝင္လာႏိုင္တယ္ေပါ့ေနာ္။ တျခားေနရာေတြ မသြားဘူးဆိုတာေတာင္မွ ဥပမာ ပုဂံဆိုရင္ ေလယာဥ္ နဲ႔မွ တစ္ဆင့္သြားႏိုင္တယ္။ ေလယာဥ္က တစ္ပတ္မွ ႏွစ္ရက္ပဲရွိတယ္ဆိုေတာ့ အဲဒီရက္နဲ႔ကိုက္ၿပီး ဧည့္ သည္ေရာက္ဖို႔ဆိုတာ ေတာ္ေတာ္ေလး ခက္သြားတယ္ ေပါ့ေနာ္။ အဲဒီေတာ့ လက္ရွိ ရွိေနတဲ့အခက္အခဲအ ေပၚမွာ ဧည့္သည္ဝင္ေရာက္မႈနည္းေနေသးတာ လည္းပါတယ္” ဟု ၎က ထပ္မံေျပာၾကားသည္။
ထို႔ျပင္ ျပည္ပခရီးသြားမ်ားကို ျပည္တြင္း ရွိ အထင္ကရဘုရားမ်ား၊ သဘာဝ ေတာေတာင္ရႈခင္း မ်ားအျပင္ ႐ိုးရာအေမြအႏွစ္၊ ယဥ္ေက်းမႈ၊ အကအလွ၊ ဂီတေဖ်ာ္ေျဖမႈ စသည့္ ေ႐ြးခ်ယ္စရာမ်ားစြာျဖင့္ ဧည့္ သည္စိတ္ဝင္စားေစေသာဖန္တီးမႈမ်ားကိုပါ လုပ္ ေဆာင္ေပးျခင္းျဖင့္လည္း ခရီးသြားပိုမိုတိုးပြားလာ ေစႏိုင္ေၾကာင္း ၎ကဆိုသည္။ ယင္းကဲ့သို႔ လိုအပ္ ခ်က္မ်ားကို ၎တို႔ဘက္ကဖန္တီးၿပီး ႏိုင္ငံေတာ္ကဦး ေဆာင္၍ လုပ္ငန္းရွင္မ်ားျဖင့္ ေဆာင္႐ြက္ေပးမည္ဆို ပါက ခရီးသြားလုပ္ငန္းမ်ား မ်ားစြာဖြံ႕ၿဖိဳးလာႏိုင္မည္ျဖစ္ေၾကာင္း ဦးေနာင္းေနာင္းဟန္က အႀကံျပဳေျပာ ၾကားသည္။
“ဒါေတြကိုေတာ့ လိုအပ္ခ်က္အေနနဲ႔ရွိ တယ္ဆိုတာေတာ့ သိတယ္။ ဒါေပမဲ့ လက္ရွိမွာ မျဖည့္ဆည္းေပးႏိုင္ေသးဘူးေပါ့ေနာ္။ ႏိုင္ငံေတာ္က ေနဦးေဆာင္ၿပီေတာ့ လုပ္ငန္းရွင္ေတြနဲ႔ေဆာင္႐ြက္ ေပးမယ္ဆိုရင္ေတာ့ ဒါက ျဖစ္လာႏိုင္တဲ့ကိစၥေတြပါ။ ၿပီးေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈကို သိန္းေပါင္း ေသာင္းနဲ႔ခ်ီၿပီး ကုန္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳးေတြ၊ ေဒၚလာ သန္းနဲ႔ခ်ီၿပီး ကုန္က်မႈမ်ိဳးေတြေတာ့မဟုတ္ဘူးေပါ့ေနာ္။ ဒါမ်ိဳးေတြ ကို ကြၽန္ေတာ္တို႔ဘက္ကဖန္တီးေပးတယ္။ သူတို႔ လည္း အားေပးတယ္ဆိုလို႔ရွိရင္ ဒါ ေနာက္ပိုင္းမွာ ဒီထက္အမ်ားႀကီး ဖြံ႕ၿဖိဳးလာမယ္ေပါ့ေနာ္။ အခုက ရန္ ကုန္ေရာက္ရင္ ႏိုင္ငံျခားသားလူငယ္ခရီးသြားေတြ ကိုဆြဲေဆာင္ႏိုင္ဖို႔က ျမန္မာျပည္မွာ နည္းေနပါ တယ္” ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.