သပိတ်ကျင်းအပြီး နောက်ထပ်သိမ်းမည့်ဒေသ ဖြစ်နိုင်ခြေ ထွက်ပေါ်

 316

သုတကျော် (NP News)-ဇူလိုင် ၂၈
သပိတ်ကျင်းကို သိမ်းပိုက်ခြင်းသည် တပ်မတော်အတွက် စစ်ပွဲ အလှည့်အပြောင်းဖြစ်မည့် ပွိုင့် ကို ရရှိသွားခြင်းဖြစ်ကြောင်း NP News က စစ်ရေးသုံးသပ်လေ့လာသူအချို့ထံ ဆက်သွယ်မေးမြန်းထား သော အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်တွင် သပိတ်ကျင်းမြို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့သည် မိုးဗြဲ၊ နောင်ချိုမြို့အပြီး ယခုလအတွင်း တပ်မတော်မှ တတိယ မြောက် ပြန်လည်ရရှိခဲ့သောမြို့ဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့သည် မန္တလေးမြို့နှင့် ရေကြောင်းအားဖြင့် (၇၇) မိုင်ခန့်သာဝေးကွာကာ မန္တ လေး၊ ဗန်းမော်၊ မြစ်ကြီးနား အစုန် - အဆန် သွားလာ နေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့မှ သင်္ဘောကြီးများနှင့် မန္တလေးနှင့် သပိတ်ကျင်း အစုန် - အဆန် သွားလာနေသည့် ကူးတို့သင်္ဘောငယ်များ လည်းရှိသဖြင့် ရေကြောင်းသွားလာရေးနှင့် ကုန်သွယ်မှုကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။
ထို့ပြင် ကုန်းလမ်းကြောင်းအနေဖြင့် မိုး ကုတ်မြို့နှင့် မိုင် (၄၀) ခန့်၊ မန္တလေးမြို့နှင့် မိုင် (၆၀) ခန့် ဝေးပြီး ယင်းမှတစ်ဆင့် မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနား စသည့် ကချင်ပြည်နယ်ဘက်သို့လည်းကောင်း၊ ကျောက်မဲ၊ သီပေါစသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဆက်သွယ်သွားလာနိုင်သည့်အချက်အချာကျသော မြို့တစ်မြို့ဖြစ်ဖြစ်သည်။
သပိတ်ကျင်းမြို့ကို မိုးမိတ်၊ မိုးကုတ်မြို့ နယ်မှတစ်ဆင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက (၂၀၂၄) ခုနှစ်၊ ဩဂုတ် လ (၁၈) ရက်မှစ၍ သပိတ်ကျင်းမြို့နယ် အ တွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းများ၊ တပ် ရင်း/တပ်ဖွဲ့နှင့် မြို့/ရွာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံများမှာ တိမ်း ရှောင်ခဲ့ကြရသည်။
ထိုသို့ သာလွန်အင်အားဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ် အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံ ခြုံရေးတပ်ဖွဲ့ဝင်များက အပြင်းအထန်ခုခံခဲ့သော် လည်း ထိခိုက်ကျဆုံးဒဏ်ရာရရှိမှုများ များပြားလာခဲ့ကြောင်းသိရသည်။ ထို့နောက် ရန်သူကအင်အား အဆမတန် များပြားလာခြင်းကြောင့် ကြားခံစစ် အဆင့်ဆင့်ဖြင့် ဆုတ်ခွာခဲ့ပြီး (၇) မိုင်ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းဌာနချုပ်၌ မဆုတ်တမ်းခံစစ်အဖြစ် အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကို ခံစစ် ဆင်နွှဲ၍ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်အရှိန်ကို ရပ်တန့်စေခဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင် ရေး လိုအပ်သည့်စစ်ရေးပြင်ဆင်မှုဆိုင်ရာကိစ္စရပ်များကို လေကြောင်းထောက်ပံ့ပို့ဆောင်ရေးစနစ်ဖြင့် အချိန် ယူဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး လေကြောင်း ပစ် ကူအချို့နှင့် ရေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ပူးပေါင်းကာ မြေပြင်/ဝေဟင်/ရေပြင် ဟန် ချက်ညီပေါင်းစပ်ပြီး မြေပြင်သတင်း ဖော်ထုတ်၍ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက် သောင်း ကျန်းသူများထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ဖြင့် တပ်ရင်းဌာနချုပ်ပတ်ဝန်းကျင်၌ စတင်၍ နယ်မြေ ရှင်းလင်းခဲ့ပြီး တန်ပြန်တိုက်စစ်များ တစ်ဆင့်ပြီးတစ် ဆင့် ခြေကုပ်ယူတိုက်ခိုက်ခဲ့ရာ ဇွန်လ (၃၀) ရက်တွင် အကြမ်း ဖက်သောင်းကျန်းသူများ ထိန်းချုပ်ထား သည့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ (၆) မိုင်ကျေးရွာကို လည်း ကောင်း၊ ဇူလိုင်လ (၅) ရက်တွင် (၅) မိုင် ကျေးရွာကိုလည်းကောင်း၊ ဇူလိုင်လ (၁၇) ရက် တွင် (၄) မိုင် ကျေးရွာနှင့်အဆိုပါကျေးရွာအနီး တာဝါတိုင်ကုန်းကိုလည်းကောင်း အသီးသီး ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ (၂၃) ရက်တွင် သပိတ် ကျင်းမြို့ကို တပ်မတော်က အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။
သပိတ်ကျင်းမြို့ကိုတပ်မတော်က ရရှိသွားပြီးသည့်နောက် TNLA တို့ ထိန်းချုပ်ရာ မိုးကုတ် မြို့ နှင့် လက်တစ်ကမ်းသို့ ရောက်သည်သာမက မန္တလေးမြို့နှင့် သပိတ်ကျင်းမြို့ကြားက MDY – PDF တို့ ရှိရာ စဉ့်ကူးမြို့နယ် နှင့် မတ္တရာမြို့နယ်တို့ကိုလည်း ပိတ်ဆို့ပြီးအခြေအနေဖြစ်သည့်အပြင် နောင်ချိုကို ထိန်းချုပ်ထားပြီဖြစ်သော တပ်မတော်အနေဖြင့် တွဲဆက်မိမိတိုက်ပွဲဖော်ဆောင်မှုများ ပြုလုပ်နိုင်တော့ မည်ဖြစ်သည်။
PDF တို့ကို ရှေ့တန်းတင် အသေခံခိုင်းကာ အသုံးချနေပြီး စစ်လမ်းကြောင်းရှည်နေသော TNLA တို့အတွက်မူ သပိတ်ကျင်းကို ရသွားသော တပ်မတော်၏ထိုးစစ်ကို ရင်ဆိုင်ရန်အခက်ခဲများ ကြုံတွေ့ရ ဖွယ်ရှိပြီး လက်ရှိတွင်လည်း မဟာဗျူဟာအရလည်း ကောင်းစွာခြိမ်းခြောက်နိုင်ပြီဖြစ်သည်။
သပိတ်ကျင်းအောင်ပွဲနှင့် နယ်မြေစိုးမိုးနိုင်မှုက KIA နှင့် တိုက်ပွဲဖြစ်ပွားနေပြီး တပ်မတော်က အ သာစီးရနေသော ဗန်းမော်မြို့အထိ အားဖြစ်သွားမည့်အပြင် ဗန်းမော်မြို့နယ်ဘက်မှ မန္တလေးမြို့ အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ PDF တို့ အတွက်လည်း အိပ်မက်ဆိုး ဖြစ်လာနိုင်ဖွယ်ရှိသည်။
“မြေပြင် အနေအထားအရတော့ လမ်းတွေက ပွင့် သွားတာပေါ့။ လမ်းပွင့်နိုင်တဲ့ နေရာဒေသ အားလုံးက တော့ ခြိမ်းခြောက်မှုအောက်ရောက်သွားတာပဲ။ အ ချိန်မရွေးထိုးစစ်ဆင်လို့ရတဲ့အနေအထား ရောက် သွားတာပဲ။ ဒါက အားသာချက်ပေါ့။ ဘယ်အချိန် ဘယ်လိုဖြစ်မယ်ဆိုတာတော့ တိုက်ရိုက်ခန့်မှန်းနိုင်ဖို့ ခက်တယ်။ ဒါပေမဲ့ အဲဒီ အားသာချက်ကြီးက လက်ရှိ နစကရော တပ်မတော်လက်ထဲရောက်သွားပြီ ဖြစ် တဲ့အတွက် သူတို့စိတ်ကြိုက်ကစားလို့ရသွားတဲ့ အ နေအထားဖြစ်သွားတာပေါ့” ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှအမှုဆောင်ဒါရိုက်တာ ဦးသိန်း ထွန်းဦးက ဆိုသည်။
သပိတ်ကျင်းကို ရလိုက်ခြင်း၏ အကျိုး ဆက်အဖြစ် MDY – PDF နှင့် ၎င်းတို့၏ခေါင်းကိုင် ဖခင် TNLA တို့ ၏ ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်နိုင်မည့်အပြင် ယင်းအခြေအနေသည် ပိတ်ဆို့ခံအဖြစ် အသွင်ပြောင်းလာနေသော MDY – PDF အတွက်ထိုးနှက်ချက်တစ်ခု ထပ်မံဖြစ်ပေါ်လာ မည်ဖြစ်သည်။
“အလှည့်အပြောင်းဖြစ်မယ့် ပွိုင့်တစ်ခု သူ့လက်ထဲရောက်သွားတယ်။ ဒါ့ပြင်ကိုမှ ဒီဟာကို မူ တည်ပြီး ဘယ်လို စစ်ဆင်ရေးဆိုင်ရာ အစီအမံတွေ အပြောင်းအလဲလုပ်မလဲ။ ပြောရရင်တော့ နည်းဗျူ ဟာအရ အပြောင်းအလဲတွေအများကြီးဖြစ်သွားတယ်ပေါ့။ အားသာချက်က အဲဒီလိုပါ” ဟု ဦးသိန်း ထွန်းဦးက ဆိုသည်။
သပိတ်ကျင်းမြို့အောင်ပွဲသည် နေရာတစ် ခုမှနေ၍ရည်မှန်းချက်မျိုးစုံကို ခြိမ်းခြောက်နိုင် ခြင်း ဖြစ်ကြောင်း နပိုလီယံ၏ပြောစကားကို ကိုးကား၍ စစ်ရေးသုံးသပ်လေ့လာသူ တစ်ဦးဖြစ်သူ ဒေါက်တာ အောင်မျိုးက ဆိုသည်။ “မန္တလေးကထွက်လာရင် မတ္တရာလေ။ ဆည်တော်ကြီးလမ်းခွဲတို့ပြီးရင် ရွှေတွင်း တွေ ရှိတယ်လေ။ ဒါတွေကျော်သွားရင် သပိတ်ကျင်းပေါ့။ သပိတ်ကျင်းကျမှ အပေါ်တက်သွားရင် မိုး ကုတ် ပြီးရင် မိုးမိတ်ကိုးဗျ။ သပိတ်ကျင်းက By the Point ပေါ့။ သပိတ်ကျင်းကို ကိုင်လိုက်တာဟာ အားလုံးကို ခြိမ်းခြောက်ပြီးသား ဖြစ်သွားတာပေါ့။ နပိုလီယံ အပြောဆိုရင်တော့ နေရာတစ်နေရာ ကနေ ပြီးတော့ ရည်မှန်းချက်မျိုးစုံကို ခြိမ်းခြောက်နိုင်တာပေါ့” ဟု ဒေါက်တာ အောင်မျိုးက ဆိုသည်။
လက်ရှိ မိုးရာသီတွင် ယင်းမြို့ကို ရလိုက်ခြင်းမှာလည်း ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း အတွက် အသုံးဝင်မည့်နေရာဖြစ်သောကြောင်း တပ်မတော်အတွက် အောင်ပွဲဟုပြောရလိမ့်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။ တစ်ဖက်တွင်လည်း သပိတ်ကျင်းမြို့နယ်တွင် MDY – PDF တို ထိန်းချုပ်ထား သည့် ရွှေလုပ်ကွက်များရှိနေပြီး ယင်းလုပ်ကွက်များကို လက်ဝါးကြီးအုပ်ထားသည့်အပြင် မမျှတမှုများ ကြောင့် အဆိုပါအဖွဲ့အစည်းတို့ နာမည်ဆိုး ထွက်နေသည်။ သပိတ်ကျင်းမြို့ကို တပ်မတော်က ရပြီး နောက် MDY – PDF တို့အနေဖြင့် စိတ်ဓာတ်စစ်ဆင်ရေးများကို ပိုမိုလုပ်ဆောင်လာကြောင်း တွေ့မြင်နေ ရကာ အောင်ပွဲအတုအယောင် များဖြင့် ဝါဒဖြန့်ချိ မှုများ ပြုလုပ်လာကြကြောင်းလည်း တွေ့မြင်ရသည်။ MDY – PDF အတွက် အဓိက ထိခိုက်မှုဖြစ်သည့်အပြင် TNLA ကိုလည်း ချေမှုန်းနိုင်မည့်အနေအထားရှိ နေကြောင်း ဒေါက်တာ အောင်မျိုးက သုံးသပ်သည်။ “အဓိကတော့ MDY – PDF အတွက် အဓိကျတယ်။ TNLA ကတော့ သပိတ်ကျင်းတစ်ကြောနဲ့ ပြင်ဦးလွင် တစ်ကြောက ပိတ်လိုက်ရင် သူ့အနေအထားက ပဲခူးရိုးမ ပုံစံအနေအထားလေ။ ဖြတ်လေးဖြတ် လုပ်လို့ရတယ်။ ချေမှုန်းရေးလုပ်လို့ရတယ်” ဟု ဒေါက် တာ အောင်မျိုးကပြောသည်။

Zawgyi Version:
သပိတ္က်င္းအၿပီး ေနာက္ထပ္သိမ္းမည့္ေဒသ ျဖစ္ႏိုင္ေျခ ထြက္ေပၚ
သုတေက်ာ္ (NP News)-ဇူလိုင္ ၂၈
သပိတ္က်င္းကို သိမ္းပိုက္ျခင္းသည္ တပ္မေတာ္အတြက္ စစ္ပြဲ အလွည့္အေျပာင္းျဖစ္မည့္ ပြိဳင့္ ကို ရရွိသြားျခင္းျဖစ္ေၾကာင္း NP News က စစ္ေရးသုံးသပ္ေလ့လာသူအခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းထား ေသာ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၂၃)ရက္တြင္ သပိတ္က်င္းၿမိဳ႕ကို တပ္မေတာ္စစ္ေၾကာင္းမ်ားက ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ယင္းၿမိဳ႕သည္ မိုးၿဗဲ၊ ေနာင္ခ်ိဳၿမိဳ႕အၿပီး ယခုလအတြင္း တပ္မေတာ္မွ တတိယ ေျမာက္ ျပန္လည္ရရွိခဲ့ေသာၿမိဳ႕ျဖစ္ေၾကာင္း သိရသည္။
သပိတ္က်င္းၿမိဳ႕သည္ မႏၲေလးၿမိဳ႕ႏွင့္ ေရေၾကာင္းအားျဖင့္ (၇၇) မိုင္ခန႔္သာေဝးကြာကာ မႏၲ ေလး၊ ဗန္းေမာ္၊ ျမစ္ႀကီးနား အစုန္ - အဆန္ သြားလာ ေနသည့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးအဖြဲ႕မွ သေဘၤာႀကီးမ်ားႏွင့္ မႏၲေလးႏွင့္ သပိတ္က်င္း အစုန္ - အဆန္ သြားလာေနသည့္ ကူးတို႔သေဘၤာငယ္မ်ား လည္းရွိသျဖင့္ ေရေၾကာင္းသြားလာေရးႏွင့္ ကုန္သြယ္မႈေကာင္းမြန္သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။
ထို႔ျပင္ ကုန္းလမ္းေၾကာင္းအေနျဖင့္ မိုး ကုတ္ၿမိဳ႕ႏွင့္ မိုင္ (၄၀) ခန႔္၊ မႏၲေလးၿမိဳ႕ႏွင့္ မိုင္ (၆၀) ခန႔္ ေဝးၿပီး ယင္းမွတစ္ဆင့္ မိုးမိတ္၊ ဗန္းေမာ္၊ ျမစ္ႀကီးနား စသည့္ ကခ်င္ျပည္နယ္ဘက္သို႔လည္းေကာင္း၊ ေက်ာက္မဲ၊ သီေပါစသည့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)သို႔လည္းေကာင္း၊ မႏၲေလးၿမိဳ႕သို႔လည္းေကာင္း၊ ဆက္သြယ္သြားလာႏိုင္သည့္အခ်က္အခ်ာက်ေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ျဖစ္သည္။
သပိတ္က်င္းၿမိဳ႕ကို မိုးမိတ္၊ မိုးကုတ္ၿမိဳ႕ နယ္မွတစ္ဆင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားျဖစ္ေသာ TNLA အဖြဲ႕ႏွင့္ PDF အမည္ခံအၾကမ္းဖက္ ေသာင္းက်န္းသူ ပူးေပါင္းအဖြဲ႕မ်ားက (၂၀၂၄) ခုႏွစ္၊ ဩဂုတ္ လ (၁၈) ရက္မွစ၍ သပိတ္က်င္းၿမိဳ႕နယ္ အ တြင္း လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္စခန္းမ်ား၊ တပ္ ရင္း/တပ္ဖြဲ႕ႏွင့္ ၿမိဳ႕/႐ြာမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ေဒသခံမ်ားမွာ တိမ္း ေရွာင္ခဲ့ၾကရသည္။
ထိုသို႔ သာလြန္အင္အားျဖင့္ အလစ္အငိုက္ လာေရာက္တိုက္ခိုက္မႈေၾကာင့္ သပိတ္က်င္းၿမိဳ႕နယ္ အတြင္း နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနသည့္ လုံ ၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အျပင္းအထန္ခုခံခဲ့ေသာ္ လည္း ထိခိုက္က်ဆုံးဒဏ္ရာရရွိမႈမ်ား မ်ားျပားလာခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ ရန္သူကအင္အား အဆမတန္ မ်ားျပားလာျခင္းေၾကာင့္ ၾကားခံစစ္ အဆင့္ဆင့္ျဖင့္ ဆုတ္ခြာခဲ့ၿပီး (၇) မိုင္ေက်း႐ြာအနီးရွိ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္၌ မဆုတ္တမ္းခံစစ္အျဖစ္ အၾကမ္းဖက္အဖြဲ႕မ်ား၏ တိုက္ခိုက္မႈမ်ားကို ခံစစ္ ဆင္ႏႊဲ၍ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕မ်ား၏ ထိုးစစ္အရွိန္ကို ရပ္တန႔္ေစခဲ့ၿပီး တန္ျပန္တိုက္ခိုက္ႏိုင္ ေရး လိုအပ္သည့္စစ္ေရးျပင္ဆင္မႈဆိုင္ရာကိစၥရပ္မ်ားကို ေလေၾကာင္းေထာက္ပံ့ပို႔ေဆာင္ေရးစနစ္ျဖင့္ အခ်ိန္ ယူေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေနာက္ လိုအပ္သည့္ အုပ္ခ်ဳပ္ေထာက္ပံ့မႈမ်ားကို ျဖည့္တင္းေဆာင္႐ြက္ခဲ့ၿပီး ေလေၾကာင္း ပစ္ ကူအခ်ိဳ႕ႏွင့္ ေရေၾကာင္းပစ္ကူ၊ လက္နက္ႀကီး ပစ္ကူမ်ား ပူးေပါင္းကာ ေျမျပင္/ေဝဟင္/ေရျပင္ ဟန္ ခ်က္ညီေပါင္းစပ္ၿပီး ေျမျပင္သတင္း ေဖာ္ထုတ္၍ တပ္မေတာ္စစ္ေၾကာင္းမ်ားက အၾကမ္းဖက္ ေသာင္း က်န္းသူမ်ားထိန္းခ်ဳပ္ထားသည့္ သပိတ္က်င္းၿမိဳ႕နယ္အတြင္း အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရး (Counter-Terrorism Operation) ျဖင့္ တပ္ရင္းဌာနခ်ဳပ္ပတ္ဝန္းက်င္၌ စတင္၍ နယ္ေျမ ရွင္းလင္းခဲ့ၿပီး တန္ျပန္တိုက္စစ္မ်ား တစ္ဆင့္ၿပီးတစ္ ဆင့္ ေျခကုပ္ယူတိုက္ခိုက္ခဲ့ရာ ဇြန္လ (၃၀) ရက္တြင္ အၾကမ္း ဖက္ေသာင္းက်န္းသူမ်ား ထိန္းခ်ဳပ္ထား သည့္ သပိတ္က်င္းၿမိဳ႕နယ္အတြင္းရွိ (၆) မိုင္ေက်း႐ြာကို လည္း ေကာင္း၊ ဇူလိုင္လ (၅) ရက္တြင္ (၅) မိုင္ ေက်း႐ြာကိုလည္းေကာင္း၊ ဇူလိုင္လ (၁၇) ရက္ တြင္ (၄) မိုင္ ေက်း႐ြာႏွင့္အဆိုပါေက်း႐ြာအနီး တာဝါတိုင္ကုန္းကိုလည္းေကာင္း အသီးသီး ျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ၿပီး ဇူလိုင္လ (၂၃) ရက္တြင္ သပိတ္ က်င္းၿမိဳ႕ကို တပ္မေတာ္က အလုံးစုံ ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ ေၾကာင္း ေဖာ္ျပထားသည္။
သပိတ္က်င္းၿမိဳ႕ကိုတပ္မေတာ္က ရရွိသြားၿပီးသည့္ေနာက္ TNLA တို႔ ထိန္းခ်ဳပ္ရာ မိုးကုတ္ ၿမိဳ႕ ႏွင့္ လက္တစ္ကမ္းသို႔ ေရာက္သည္သာမက မႏၲေလးၿမိဳ႕ႏွင့္ သပိတ္က်င္းၿမိဳ႕ၾကားက MDY – PDF တို႔ ရွိရာ စဥ့္ကူးၿမိဳ႕နယ္ ႏွင့္ မတၱရာၿမိဳ႕နယ္တို႔ကိုလည္း ပိတ္ဆို႔ၿပီးအေျခအေနျဖစ္သည့္အျပင္ ေနာင္ခ်ိဳကို ထိန္းခ်ဳပ္ထားၿပီျဖစ္ေသာ တပ္မေတာ္အေနျဖင့္ တြဲဆက္မိမိတိုက္ပြဲေဖာ္ေဆာင္မႈမ်ား ျပဳလုပ္ႏိုင္ေတာ့ မည္ျဖစ္သည္။
PDF တို႔ကို ေရွ႕တန္းတင္ အေသခံခိုင္းကာ အသုံးခ်ေနၿပီး စစ္လမ္းေၾကာင္းရွည္ေနေသာ TNLA တို႔အတြက္မူ သပိတ္က်င္းကို ရသြားေသာ တပ္မေတာ္၏ထိုးစစ္ကို ရင္ဆိုင္ရန္အခက္ခဲမ်ား ႀကဳံေတြ႕ရ ဖြယ္ရွိၿပီး လက္ရွိတြင္လည္း မဟာဗ်ဴဟာအရလည္း ေကာင္းစြာၿခိမ္းေျခာက္ႏိုင္ၿပီျဖစ္သည္။
သပိတ္က်င္းေအာင္ပြဲႏွင့္ နယ္ေျမစိုးမိုးႏိုင္မႈက KIA ႏွင့္ တိုက္ပြဲျဖစ္ပြားေနၿပီး တပ္မေတာ္က အ သာစီးရေနေသာ ဗန္းေမာ္ၿမိဳ႕အထိ အားျဖစ္သြားမည့္အျပင္ ဗန္းေမာ္ၿမိဳ႕နယ္ဘက္မွ မႏၲေလးၿမိဳ႕ အထိ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ PDF တို႔ အတြက္လည္း အိပ္မက္ဆိုး ျဖစ္လာႏိုင္ဖြယ္ရွိသည္။
“ေျမျပင္ အေနအထားအရေတာ့ လမ္းေတြက ပြင့္ သြားတာေပါ့။ လမ္းပြင့္ႏိုင္တဲ့ ေနရာေဒသ အားလုံးက ေတာ့ ၿခိမ္းေျခာက္မႈေအာက္ေရာက္သြားတာပဲ။ အ ခ်ိန္မေ႐ြးထိုးစစ္ဆင္လို႔ရတဲ့အေနအထား ေရာက္ သြားတာပဲ။ ဒါက အားသာခ်က္ေပါ့။ ဘယ္အခ်ိန္ ဘယ္လိုျဖစ္မယ္ဆိုတာေတာ့ တိုက္႐ိုက္ခန႔္မွန္းႏိုင္ဖို႔ ခက္တယ္။ ဒါေပမဲ့ အဲဒီ အားသာခ်က္ႀကီးက လက္ရွိ နစကေရာ တပ္မေတာ္လက္ထဲေရာက္သြားၿပီ ျဖစ္ တဲ့အတြက္ သူတို႔စိတ္ႀကိဳက္ကစားလို႔ရသြားတဲ့ အ ေနအထားျဖစ္သြားတာေပါ့” ဟု ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွအမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္း ထြန္းဦးက ဆိုသည္။
သပိတ္က်င္းကို ရလိုက္ျခင္း၏ အက်ိဳး ဆက္အျဖစ္ MDY – PDF ႏွင့္ ၎တို႔၏ေခါင္းကိုင္ ဖခင္ TNLA တို႔ ၏ ဆက္သြယ္ေရး လမ္းေၾကာင္းကို ျဖတ္ေတာက္ႏိုင္မည့္အျပင္ ယင္းအေျခအေနသည္ ပိတ္ဆို႔ခံအျဖစ္ အသြင္ေျပာင္းလာေနေသာ MDY – PDF အတြက္ထိုးႏွက္ခ်က္တစ္ခု ထပ္မံျဖစ္ေပၚလာ မည္ျဖစ္သည္။
“အလွည့္အေျပာင္းျဖစ္မယ့္ ပြိဳင့္တစ္ခု သူ႔လက္ထဲေရာက္သြားတယ္။ ဒါ့ျပင္ကိုမွ ဒီဟာကို မူ တည္ၿပီး ဘယ္လို စစ္ဆင္ေရးဆိုင္ရာ အစီအမံေတြ အေျပာင္းအလဲလုပ္မလဲ။ ေျပာရရင္ေတာ့ နည္းဗ်ဴ ဟာအရ အေျပာင္းအလဲေတြအမ်ားႀကီးျဖစ္သြားတယ္ေပါ့။ အားသာခ်က္က အဲဒီလိုပါ” ဟု ဦးသိန္း ထြန္းဦးက ဆိုသည္။
သပိတ္က်င္းၿမိဳ႕ေအာင္ပြဲသည္ ေနရာတစ္ ခုမွေန၍ရည္မွန္းခ်က္မ်ိဳးစုံကို ၿခိမ္းေျခာက္ႏိုင္ ျခင္း ျဖစ္ေၾကာင္း နပိုလီယံ၏ေျပာစကားကို ကိုးကား၍ စစ္ေရးသုံးသပ္ေလ့လာသူ တစ္ဦးျဖစ္သူ ေဒါက္တာ ေအာင္မ်ိဳးက ဆိုသည္။ “မႏၲေလးကထြက္လာရင္ မတၱရာေလ။ ဆည္ေတာ္ႀကီးလမ္းခြဲတို႔ၿပီးရင္ ေ႐ႊတြင္း ေတြ ရွိတယ္ေလ။ ဒါေတြေက်ာ္သြားရင္ သပိတ္က်င္းေပါ့။ သပိတ္က်င္းက်မွ အေပၚတက္သြားရင္ မိုး ကုတ္ ၿပီးရင္ မိုးမိတ္ကိုးဗ်။ သပိတ္က်င္းက By the Point ေပါ့။ သပိတ္က်င္းကို ကိုင္လိုက္တာဟာ အားလုံးကို ၿခိမ္းေျခာက္ၿပီးသား ျဖစ္သြားတာေပါ့။ နပိုလီယံ အေျပာဆိုရင္ေတာ့ ေနရာတစ္ေနရာ ကေန ၿပီးေတာ့ ရည္မွန္းခ်က္မ်ိဳးစုံကို ၿခိမ္းေျခာက္ႏိုင္တာေပါ့” ဟု ေဒါက္တာ ေအာင္မ်ိဳးက ဆိုသည္။
လက္ရွိ မိုးရာသီတြင္ ယင္းၿမိဳ႕ကို ရလိုက္ျခင္းမွာလည္း ေထာက္ပံ့ပို႔ေဆာင္ေရးလမ္းေၾကာင္း အတြက္ အသုံးဝင္မည့္ေနရာျဖစ္ေသာေၾကာင္း တပ္မေတာ္အတြက္ ေအာင္ပြဲဟုေျပာရလိမ့္မည္ျဖစ္ ေၾကာင္း ၎ကဆိုသည္။ တစ္ဖက္တြင္လည္း သပိတ္က်င္းၿမိဳ႕နယ္တြင္ MDY – PDF တို ထိန္းခ်ဳပ္ထား သည့္ ေ႐ႊလုပ္ကြက္မ်ားရွိေနၿပီး ယင္းလုပ္ကြက္မ်ားကို လက္ဝါးႀကီးအုပ္ထားသည့္အျပင္ မမွ်တမႈမ်ား ေၾကာင့္ အဆိုပါအဖြဲ႕အစည္းတို႔ နာမည္ဆိုး ထြက္ေနသည္။ သပိတ္က်င္းၿမိဳ႕ကို တပ္မေတာ္က ရၿပီး ေနာက္ MDY – PDF တို႔အေနျဖင့္ စိတ္ဓာတ္စစ္ဆင္ေရးမ်ားကို ပိုမိုလုပ္ေဆာင္လာေၾကာင္း ေတြ႕ျမင္ေန ရကာ ေအာင္ပြဲအတုအေယာင္ မ်ားျဖင့္ ဝါဒျဖန႔္ခ်ိ မႈမ်ား ျပဳလုပ္လာၾကေၾကာင္းလည္း ေတြ႕ျမင္ရသည္။ MDY – PDF အတြက္ အဓိက ထိခိုက္မႈျဖစ္သည့္အျပင္ TNLA ကိုလည္း ေခ်မႈန္းႏိုင္မည့္အေနအထားရွိ ေနေၾကာင္း ေဒါက္တာ ေအာင္မ်ိဳးက သုံးသပ္သည္။ “အဓိကေတာ့ MDY – PDF အတြက္ အဓိက်တယ္။ TNLA ကေတာ့ သပိတ္က်င္းတစ္ေၾကာနဲ႔ ျပင္ဦးလြင္ တစ္ေၾကာက ပိတ္လိုက္ရင္ သူ႔အေနအထားက ပဲခူး႐ိုးမ ပုံစံအေနအထားေလ။ ျဖတ္ေလးျဖတ္ လုပ္လို႔ရတယ္။ ေခ်မႈန္းေရးလုပ္လို႔ရတယ္” ဟု ေဒါက္ တာ ေအာင္မ်ိဳးကေျပာသည္။

Related news

© 2021. All rights reserved.