ဂါဇာကို လေကြောင်းကနေအကူအညီတွေချပေးမှုကို ချက်ချင်းပြန်လည်စတင်သွားမယ်လို့ ယူအေအီးအစိုးရ ပြော

 135

Pika (NP News) - ဇူလိုင် ၂၈
ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေချပေးမှုကို ပြန်လည်စတင်သွားမယ်လို့ ယူ‌အေအီးနိုင်ငံက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပိတ်ဆို့ခံထားရတဲ့ ဂါဇာ ကမ်းမြောင်ဒေသတွင်းမှာ အစုလိုက်အပြုံလိုက်ငတ်မွတ်ခေါင်းပါးမှုကို အကူအညီပေးရေးအဖွဲ့တွေက သတိပေးထားမှုနဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေ ပြင်းထန်လာမှုကို ကိုးကားပြီး ယူအေအီးနိုင်ငံက ယခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ယူအေအီးနိုင်ငံခြားရေးဝန်ကြီး Sheikh Abdullah bin Zayed Al Nahyan က “ဂါဇာကမ်းမြောင်ဒေသက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေဟာ စိုးရိမ်စရာဖြစ်ပြီး မကြုံစဖူးအဆင့်တစ်ခုကို ရောက်ရှိ သွားပါပြီ။ အဲဒါကြောင့်မလို့ ကုန်းမြေ၊ဝေဟင်နဲ့ ပင်လယ်တို့ကနေတစ်ဆင့် အကူအညီတွေလိုအပ်နေသူတွေဆီကို လိုအပ်တဲ့အကူအညီတွေ ရောက်ရှိသွားစေဖို့ သေချာအောင် ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ။ မကြာခင်အချိန် အတွင်းမှာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေအကူအညီတွေ ချပေးမှုကို ကျွန်တော်တို့ ချက်ချင်း ပြန်လည်စတင်တော့မှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ စားနပ်ရိက္ခာအကူအညီတွေချပေးဖို့အတွက် အစီအစဉ်တွေကို ရှေ့ဆက်လုပ်ဆောင်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာကလည်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဂါဇာကို ေလေၾကာင္းကေနအကူအညီေတြခ်ေပးမႈကို ခ်က္ခ်င္းျပန္လည္စတင္သြားမယ္လို႔ ယူေအအီးအစိုးရ ေျပာ
Pika (NP News) - ဇူလိုင္ ၂၈
ဂါဇာကမ္းေျမာင္ေဒသကို ေလေၾကာင္းကေန လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြခ်ေပးမႈကို ျပန္လည္စတင္သြားမယ္လို႔ ယူ‌ေအအီးႏိုင္ငံက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ပိတ္ဆို႔ခံထားရတဲ့ ဂါဇာ ကမ္းေျမာင္ေဒသတြင္းမွာ အစုလိုက္အၿပဳံလိုက္ငတ္မြတ္ေခါင္းပါးမႈကို အကူအညီေပးေရးအဖြဲ႕ေတြက သတိေပးထားမႈနဲ႔အတူ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအေျခအေနေတြ ျပင္းထန္လာမႈကို ကိုးကားၿပီး ယူေအအီးႏိုင္ငံက ယခုလိုထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
ယူေအအီးႏိုင္ငံျခားေရးဝန္ႀကီး Sheikh Abdullah bin Zayed Al Nahyan က “ဂါဇာကမ္းေျမာင္ေဒသက လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအေျခအေနေတြဟာ စိုးရိမ္စရာျဖစ္ၿပီး မႀကဳံစဖူးအဆင့္တစ္ခုကို ေရာက္ရွိ သြားပါၿပီ။ အဲဒါေၾကာင့္မလို႔ ကုန္းေျမ၊ေဝဟင္နဲ႔ ပင္လယ္တို႔ကေနတစ္ဆင့္ အကူအညီေတြလိုအပ္ေနသူေတြဆီကို လိုအပ္တဲ့အကူအညီေတြ ေရာက္ရွိသြားေစဖို႔ ေသခ်ာေအာင္ ကြၽန္ေတာ္တို႔လုပ္ေဆာင္သြားမွာပါ။ မၾကာခင္အခ်ိန္ အတြင္းမွာ ဂါဇာကမ္းေျမာင္ေဒသကို ေလေၾကာင္းကေနအကူအညီေတြ ခ်ေပးမႈကို ကြၽန္ေတာ္တို႔ ခ်က္ခ်င္း ျပန္လည္စတင္ေတာ့မွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသကို ေလေၾကာင္းကေန စားနပ္ရိကၡာအကူအညီေတြခ်ေပးဖို႔အတြက္ အစီအစဥ္ေတြကို ေရွ႕ဆက္လုပ္ေဆာင္ေနတယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီရာစတာမာကလည္း ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.