ခေါင်းဆောင်တွေကြား တွေ့ဆုံမှုကို ရုရှားနဲ့ယူကရိန်းတို့သဘောတူညီခဲ့တယ်လို့ တူရကီပြော

485

Pika (NP News) - ဇူလိုင် ၂၈
ရုရှားသမ္မပူတင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ဖို့အတွက် ရုရှားနဲ့ ယူကရိန်း တို့က သဘောတူညီခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဟာကန်ဖီဒန်က ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ကြား တူရကီလက်ခံကျင်းပပေးတဲ့ဆွေးနွေးညှိနှိုင်းပွဲတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ဟာကန် ဖီဒန်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲအတွင်း ရုရှားနဲ့ယူကရိန်းတို့ဟာ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို မရယူနိုင်ခဲ့ပေမယ့်လည်း စစ်သုံ့ပန်းအပြန်အလှန်လဲလှယ်ရေး သဘောတူညီချက် တွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေမှာ တိုးတက်မှုအချို့ကို လုပ်ဆောင်နိုင်ခဲ့တယ် လို့လည်း သိရပါတယ်။
ဟာကန်ဖီဒန်က “ဆွေးနွေးပွဲအတွင်း ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်တို့ကြား တွေ့ဆုံမှုလုပ်ဆောင်နိုင်မယ့် အခြေ အနေတွေကို ဆွေးနွေးခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲ တွေကို ပဋိပက္ခအဆုံးသတ်ရေးကိုဦးတည်သွားစေမယ့် နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ဟာကန်ဖီဒန်က ဖော်ပြ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဟာကန်ဖီဒန်က “အောင်မြင်မှုအသစ်စီတိုင်းဟာ နှစ်ဖက်စလုံးကို ငြိမ်းချမ်းရေးဆီသို့ ခြေတစ်လှမ်း ပိုမိုနီးကပ်လာစေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေခါင္းေဆာင္ေတြၾကား ေတြ႕ဆုံမႈကို ႐ုရွားနဲ႔ယူကရိန္းတို႔သေဘာတူညီခဲ့တယ္လို႔ တူရကီေျပာ
Pika (NP News) - ဇူလိုင္ ၂၈
႐ုရွားသမၼပူတင္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား ေတြ႕ဆုံေဆြးေႏြးမႈလုပ္ေဆာင္ဖို႔အတြက္ ႐ုရွားနဲ႔ ယူကရိန္း တို႔က သေဘာတူညီခဲ့တယ္လို႔ တူရကီႏိုင္ငံျခားေရးဝန္ႀကီးဟာကန္ဖီဒန္က ေျပာၾကားခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ၾကား တူရကီလက္ခံက်င္းပေပးတဲ့ေဆြးေႏြးညႇိႏႈိင္းပြဲတစ္ခုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ဟာကန္ ဖီဒန္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အဲဒီေဆြးေႏြးပြဲအတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အပစ္အခတ္ ရပ္စဲေရးသေဘာတူညီခ်က္ကို မရယူႏိုင္ခဲ့ေပမယ့္လည္း စစ္သုံ႔ပန္းအျပန္အလွန္လဲလွယ္ေရး သေဘာတူညီခ်က္ ေတြ အပါအဝင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကိစၥရပ္ေတြမွာ တိုးတက္မႈအခ်ိဳ႕ကို လုပ္ေဆာင္ႏိုင္ခဲ့တယ္ လို႔လည္း သိရပါတယ္။
ဟာကန္ဖီဒန္က “ေဆြးေႏြးပြဲအတြင္း ႐ုရွားနဲ႔ ယူကရိန္းေခါင္းေဆာင္တို႔ၾကား ေတြ႕ဆုံမႈလုပ္ေဆာင္ႏိုင္မယ့္ အေျခ အေနေတြကို ေဆြးေႏြးခဲ့ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲ ေတြကို ပဋိပကၡအဆုံးသတ္ေရးကိုဦးတည္သြားေစမယ့္ ေနာက္ထပ္ေျခလွမ္းတစ္ခုအျဖစ္ ဟာကန္ဖီဒန္က ေဖာ္ျပ ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဟာကန္ဖီဒန္က “ေအာင္ျမင္မႈအသစ္စီတိုင္းဟာ ႏွစ္ဖက္စလုံးကို ၿငိမ္းခ်မ္းေရးဆီသို႔ ေျခတစ္လွမ္း ပိုမိုနီးကပ္လာေစပါတယ္” လို႔ ေျပာခဲ့ပါတယ္။