ထိုင်းနိုင်ငံမှာ အပူပိုင်းမုန်တိုင်း Wipha ကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံး

121

Pika (NP News) - သြဂုတ် ၄
ပြီးခဲ့တဲ့လတည်းကတိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Wipha ကြောင့် ဖြစ်ပေါ်လာတဲ့ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် ထိုင်းနိုင်ငံတစ်ဝှမ်းမှာ အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူပေါင်း (၂၃၀၀၀၀) ကျော် ရေဘေးသင့်ခဲ့တယ်လို့ ထိုင်းသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဇူလိုင်လ(၂၁)ရက်ကတည်းက စတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အများဆုံးရှိတဲ့ ပြည်နယ်(၁၂)ခု ရေနစ်မြုပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဝန်ကြီးဌာနက "အပူပိုင်းမုန်တိုင်း Wipha ရဲ့သက်ရောက်မှုတွေကို ကျွန်တော်တို့အနီးကပ်စောင့်ကြည့်နေပါတယ်။ ပြီးတော့ အကူအညီတွေလိုအပ်နေသူတွေကို ကူညီပေးဖို့အတွက် ရေဘေးသင့်ပြည်နယ်တွေရဲ့တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်" လို့ ပြောခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့နေတဲ့ဓါတ်ပုံတွေမှာ လမ်းမတွေရေမြုပ်နေပြီး သွားလာဖို့အတွက် ဒေသခံတွေက ပလက်စတစ်လှေတွေကို အသုံးပြုနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှု လျော့နည်းလာလိမ့်မယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ခန့်မှန်းပြောကြားခဲ့ပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံမွာ အပူပိုင္းမုန္တိုင္း Wipha ေၾကာင့္ အနည္းဆုံးလူ(၆)ဦးေသဆုံး
Pika (NP News) - ၾသဂုတ္ ၄
ၿပီးခဲ့တဲ့လတည္းကတိုက္ခတ္ခဲ့တဲ့ အပူပိုင္းမုန္တိုင္း Wipha ေၾကာင့္ ျဖစ္ေပၚလာတဲ့ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ ထိုင္းႏိုင္ငံတစ္ဝွမ္းမွာ အနည္းဆုံးလူ(၆)ဦးေသဆုံးခဲ့ၿပီး အျခားလူေပါင္း (၂၃၀၀၀၀) ေက်ာ္ ေရေဘးသင့္ခဲ့တယ္လို႔ ထိုင္းသဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။
ဇူလိုင္လ(၂၁)ရက္ကတည္းက စတင္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ ထိုင္းႏိုင္ငံေျမာက္ပိုင္းနဲ႔ အလယ္ပိုင္းေဒသေတြမွာ အမ်ားဆုံးရွိတဲ့ ျပည္နယ္(၁၂)ခု ေရနစ္ျမဳပ္ခဲ့တယ္လို႔ ထိုင္းႏိုင္ငံ သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးနဲ႔ ေလ်ာ့ပါးေရးဝန္ႀကီးဌာနရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
ထိုင္းႏိုင္ငံ သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးနဲ႔ ေလ်ာ့ပါးေရးဝန္ႀကီးဌာနက "အပူပိုင္းမုန္တိုင္း Wipha ရဲ႕သက္ေရာက္မႈေတြကို ကြၽန္ေတာ္တို႔အနီးကပ္ေစာင့္ၾကည့္ေနပါတယ္။ ၿပီးေတာ့ အကူအညီေတြလိုအပ္ေနသူေတြကို ကူညီေပးဖို႔အတြက္ ေရေဘးသင့္ျပည္နယ္ေတြရဲ႕တာဝန္ရွိသူေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာပ်ံ႕ႏွံ႔ေနတဲ့ဓါတ္ပုံေတြမွာ လမ္းမေတြေရျမဳပ္ေနၿပီး သြားလာဖို႔အတြက္ ေဒသခံေတြက ပလက္စတစ္ေလွေတြကို အသုံးျပဳေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
ဒါေပမယ့္လည္း လာမယ့္ရက္ပိုင္းအတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈ ေလ်ာ့နည္းလာလိမ့္မယ္လို႔ ထိုင္းႏိုင္ငံ မိုးေလဝသဌာနက ခန႔္မွန္းေျပာၾကားခဲ့ပါတယ္။