ပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးရေးများအတွက် ရှမ်းဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့ ပန်ဆန်းနှင့် မိုင်းလားကိုသွားရောက်

 386

သန့်ဇင်(NP News)-ဩဂုတ် ၈
ပညာရေး၊ ကျန်းမာရေးနှင့် အခြားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများများအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့သည် “ဝ”အထူး ဒေသ(၂) ပန်ဆန်းနှင့် အထူးဒေသ(၄)၊ မိုင်းလားမြို့သို့ ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် သွားရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်သောအဖွဲ့က ကနဦးအနေဖြင့် ဩဂုတ်လ ၆ ရက်တွင် "ဝ" အထူးဒေသ (၂)ရှိ၊ မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့သွားရောက်ကာ UWSA နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ညွှန်ကြားချက်ဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြရေးသားချက်အရ သိရသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့သည် အထူးဒေသ (၄) သို့ ယမန်နေ့(ဩဂုတ် ၇ရက်)၊ နံနက်ပိုင်းက ဆက်လက် ထွက်ကာ အထက်ပါအကြောင်းအရာများကိုပင် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပညာေရး၊ က်န္းမာေရးဖြံ႕ၿဖိဳးေရးမ်ားအတြက္ ရွမ္းဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာအဖြဲ႕ ပန္ဆန္းႏွင့္ မိုင္းလားကိုသြားေရာက္
သန႔္ဇင္(NP News)-ဩဂုတ္ ၈
ပညာေရး၊ က်န္းမာေရးႏွင့္ အျခားဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားမ်ားအတြက္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာအဖြဲ႕သည္ “ဝ”အထူး ေဒသ(၂) ပန္ဆန္းႏွင့္ အထူးေဒသ(၄)၊ မိုင္းလားၿမိဳ႕သို႔ ၿပီးခဲ့သည့္ ဩဂုတ္ ၆ ရက္ႏွင့္ ၇ ရက္တို႔တြင္ သြားေရာက္ခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးေအာင္ေအာင္ ဦးေဆာင္ေသာအဖြဲ႕က ကနဦးအေနျဖင့္ ဩဂုတ္လ ၆ ရက္တြင္ "ဝ" အထူးေဒသ (၂)ရွိ၊ မိုင္းေပါက္ၿမိဳ႕ႏွင့္ ပန္ဆန္းၿမိဳ႕သို႔သြားေရာက္ကာ UWSA ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

အဆိုပါေတြ႕ဆုံပြဲတြင္ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးေအာင္ေအာင္က အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ ၫႊန္ၾကားခ်က္ျဖင့္ ပညာေရး၊ က်န္းမာေရးႏွင့္ အျခား လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေတြ႕ဆုံခဲ့ျခင္းျဖစ္ေၾကာင္း ေဒသတြင္း သတင္းမီဒီယာမ်ား၏ ေဖာ္ျပေရးသားခ်က္အရ သိရသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာအဖြဲ႕သည္ အထူးေဒသ (၄) သို႔ ယမန္ေန႔(ဩဂုတ္ ၇ရက္)၊ နံနက္ပိုင္းက ဆက္လက္ ထြက္ကာ အထက္ပါအေၾကာင္းအရာမ်ားကိုပင္ ဆက္လက္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.