ဟားမက်စ်လက်နက်ကိုင်အဖွဲ့၏ ဂါဇာမြို့ကို အလုံးစုံသိမ်းယူရန် အစ္စရေးအစိုးရအဖွဲ့ ခွင့်ပြု

 264

ဂျန်ဇက် (NP News) - သြဂုတ် ၈
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ဦးဆောင်သော အစိုးရအဖွဲ့သည် ဂါဇာမြို့ကို စစ်ရေးနည်းလမ်းဖြင့် သိမ်းယူရန် အတွက် ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ အစ္စရေး အစိုးရသည် ဂါဇာမြို့ကို ထိန်းချုပ်ထားသည့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကိုဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် ဂါဇာမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာမြို့တွင် လပေါင်း ၂၂ လကြာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အစ္စရေးသည် လက်ရှိအချိန်တွင် ဂါဇာမြို့ကို ဝန်းရံပိတ်ဆို့ထားရာမြို့အတွင်းရှိ လူပေါင်းများစွာ အစာရေဆာ ပြတ်လပ်မှုများဖြစ်ပွားခဲ့ပြီး လူပေါင်း ၅ သိန်းကျော် အစားစာလိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးထား သည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အစ္စရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၁ဝ နာရီကြာ လုံခြုံရေး အစည်းအဝေးကျင်းပခဲ့ပြီးနောက် ဂါဇာမြို့ကို သိမ်းယူရန်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေးအစိုးရအဖွဲ့က ''အစ္စရေး က ကာကွယ်ရေးဝန်ကြီးဌာနဟာ ဂါဇာမြို့ကို သိမ်းယူနိုင်ဖို့ ပြင်ဆင်နေတယ်။ ဒါ့အပြင် လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေကို တိုက်ပွဲဇုန်အပြင်ဘက်မှာရှိနေတဲ့ပြည်သူတွေကို ကူညီပေးဖို့ လည်းလုပ်ဆောင်နေတယ်'' ဟု ပြောသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးနိုင်ငံကို ကြိုတင် သတိပေးချက် မရှိဘဲ တိုက်ခိုက်ခဲ့ရာ အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာမြို့တွင် တိုက်ပွဲများဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အစ္စရေးစစ်တပ်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အလုံးစုံ အနိုင်ယူရန် စစ်ရေးရည်မှန်းချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဂါဇာမြို့၏ပိုင်နက် ၇၅ ရာခိုင်နှုန်းကို သိမ်းယူထားနိုင်ပြီဖြစ်သည်။ အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားသည် ဂါဇာစစ်ပွဲအဆုံးသတ်ရန် အရှေ့အလယ်ပိုင်းဒေသ အတွင်းနိုင်ငံများ ကြားဝင်စေ့စပ်ပေးခဲ့သလို အမေရိကန်အစိုးရကလည်း ကြားဝင် စေ့စပ်ပေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း အပစ်ခတ်ရပ်စဲရေး နှောင့်နေးမှုများ ဖြစ်ပွားခဲ့ပြီးအပြန်အလှန်ဝေဖန်ပြစ်တင်ထားသည်။ အစ္စရေး စစ်တပ်သည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားခြင်းခံရသူများအနက်မှ ပြန်လွှတ်ပေးရန် ကျန်ရှိနေသူများ အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသော်လည်း ဟားမက်စ်လက်နက်ကိုငအဖွဲ့ဘက်က အပြည့်အ၀ လက်ခံခြင်းမရှိကြောင်း သိရသည်။ အစ္စရေးစစ်သားများနှင့် တင့်ကားများသည် လက်ရှိအချိန်တွင် ဂါဇာမြို့ကို ဦးတည်ရွေ့လျားနေပြီး မကြာခင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာဖွယ်ရှိနေပြီးအထူးသဖြင့် ဂါဇာဒေသ မြောက်ပိုင်းတွင် တိုက်ပွဲများပိုမိုဖြစ်လာမည့် အလားလာများရှိနေကြောင်း သိရသည်။

Zawgyi Version:
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕၏ ဂါဇာၿမိဳ႕ကို အလုံးစုံသိမ္းယူရန္ အစၥေရးအစိုးရအဖြဲ႕ ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၈
အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု ဦးေဆာင္ေသာ အစိုးရအဖြဲ႕သည္ ဂါဇာၿမိဳ႕ကို စစ္ေရးနည္းလမ္းျဖင့္ သိမ္းယူရန္ အတြက္ ခြင့္ျပဳေပးလိုက္ေၾကာင္း သိရသည္။ အစၥေရး အစိုးရသည္ ဂါဇာၿမိဳ႕ကို ထိန္းခ်ဳပ္ထားသည့္ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္မ်ားကိုျဖဳတ္ခ်ရန္ ရည္႐ြယ္ခ်က္ျဖင့္ ဂါဇာၿမိဳ႕ကို ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ၿပီးေနာက္ ဂါဇာၿမိဳ႕တြင္ လေပါင္း ၂၂ လၾကာ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အစၥေရးသည္ လက္ရွိအခ်ိန္တြင္ ဂါဇာၿမိဳ႕ကို ဝန္းရံပိတ္ဆို႔ထားရာၿမိဳ႕အတြင္းရွိ လူေပါင္းမ်ားစြာ အစာေရဆာ ျပတ္လပ္မႈမ်ားျဖစ္ပြားခဲ့ၿပီး လူေပါင္း ၅ သိန္းေက်ာ္ အစားစာလိုအပ္မည္ျဖစ္ေၾကာင္း ကုလသမဂၢက သတိေပးထား သည္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ အစၥေရးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားႏွင့္ ၁ဝ နာရီၾကာ လုံၿခဳံေရး အစည္းအေဝးက်င္းပခဲ့ၿပီးေနာက္ ဂါဇာၿမိဳ႕ကို သိမ္းယူရန္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အစၥေရးအစိုးရအဖြဲ႕က ''အစၥေရး က ကာကြယ္ေရးဝန္ႀကီးဌာနဟာ ဂါဇာၿမိဳ႕ကို သိမ္းယူႏိုင္ဖို႔ ျပင္ဆင္ေနတယ္။ ဒါ့အျပင္ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြကို တိုက္ပြဲဇုန္အျပင္ဘက္မွာရွိေနတဲ့ျပည္သူေတြကို ကူညီေပးဖို႔ လည္းလုပ္ေဆာင္ေနတယ္'' ဟု ေျပာသည္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕သည္ ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလတြင္ အစၥေရးႏိုင္ငံကို ႀကိဳတင္ သတိေပးခ်က္ မရွိဘဲ တိုက္ခိုက္ခဲ့ရာ အစၥေရးဘက္က လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ၿပီးေနာက္ ဂါဇာၿမိဳ႕တြင္ တိုက္ပြဲမ်ားျဖစ္လာခဲ့ျခင္း ျဖစ္သည္။ အစၥေရးစစ္တပ္က ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကို အလုံးစုံ အႏိုင္ယူရန္ စစ္ေရးရည္မွန္းခ်က္ျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ဂါဇာၿမိဳ႕၏ပိုင္နက္ ၇၅ ရာခိုင္ႏႈန္းကို သိမ္းယူထားႏိုင္ၿပီျဖစ္သည္။ အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားသည္ ဂါဇာစစ္ပြဲအဆုံးသတ္ရန္ အေရွ႕အလယ္ပိုင္းေဒသ အတြင္းႏိုင္ငံမ်ား ၾကားဝင္ေစ့စပ္ေပးခဲ့သလို အေမရိကန္အစိုးရကလည္း ၾကားဝင္ ေစ့စပ္ေပးခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အပစ္ခတ္ရပ္စဲေရး ေႏွာင့္ေနးမႈမ်ား ျဖစ္ပြားခဲ့ၿပီးအျပန္အလွန္ေဝဖန္ျပစ္တင္ထားသည္။ အစၥေရး စစ္တပ္သည္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ ဖမ္းဆီးထားျခင္းခံရသူမ်ားအနက္မွ ျပန္လႊတ္ေပးရန္ က်န္ရွိေနသူမ်ား အားလုံးကို ျပန္လႊတ္ေပးရန္ ေတာင္းဆိုထားေသာ္လည္း ဟားမက္စ္လက္နက္ကိုငအဖြဲ႕ဘက္က အျပည့္အ၀ လက္ခံျခင္းမရွိေၾကာင္း သိရသည္။ အစၥေရးစစ္သားမ်ားႏွင့္ တင့္ကားမ်ားသည္ လက္ရွိအခ်ိန္တြင္ ဂါဇာၿမိဳ႕ကို ဦးတည္ေ႐ြ႕လ်ားေနၿပီး မၾကာခင္ တိုက္ပြဲမ်ား ပိုမိုျဖစ္ပြားလာဖြယ္ရွိေနၿပီးအထူးသျဖင့္ ဂါဇာေဒသ ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ားပိုမိုျဖစ္လာမည့္ အလားလာမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.