ရန်သူရေငုပ်သင်္ဘောအား အမဲလိုက်ဖျက်ဆီးခြင်းလေ့ကျင့်ခန်းကို ရုရှားနှင့် တရုတ်ရေတပ်တို့ပြုလုပ်

236

Pika (NP News) - သြဂုတ် ၈
ရုရှားနှင့်တရုတ်ရေတပ်တို့သည် ရန်သူရေငုပ်သင်္ဘောအား အမဲလိုက်ဖျက်ဆီးခြင်းလေ့ကျင့်ခန်းများကို ဂျပန် ပင်လယ်အတွင်း အတူတကွလုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန်နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးကို ရုရှားနှင့်နီးကပ်သောနေရာသို့ ရွှေ့ပြောင်းချထားခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အဆိုပါလေ့ကျင့်ခန်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ရုရှား၏ပစိဖိတ်ရေတပ်မှ Il-38 လေယာဉ်များ နှင့် တရုတ်၏ Y-8 ရေငုပ်သင်္ဘောဆန့်ကျင်ရေးလေယာဉ်များအပြင် ရဟတ်ယာဉ်အမှုထမ်းများလည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရန်သူရေငုပ်သင်္ဘောကို ချက်ချင်း ခြေရာခံတွေ့ရှိပြီး ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ရေငုပ်သင်္ဘောဆန့်ကျင်ရေးလေ့ကျင့်ခန်းတွေ လေ့ကျင့်ပြီး တဲ့နောက်မှာတော့ ရုရှားနဲ့တရုတ်ရေတပ်တို့ရဲ့သင်္ဘောသားတွေဟာ ကျေးဇူးတင်စကားတွေ အပြန်အလှန်ပြောဆို ခဲ့ကြပါတယ်” ဟု ပြောခဲ့သည်။
ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်နှင့် အချေအတင်ပြောဆိုမှုများဖြစ်ပွားခဲ့ပြီးနောက် နျူကလီးယားရေငုပ် သင်္ဘောများ ဖြန့်ကျက်ချထားရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ကြေညာချက်ကို ရုရှားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး လူတိုင်းသည် နျူကလီးယား စကားလုံးအသုံးအနှုန်းများနှင့်ပတ်သက်ပြီး အလွန်သတိထားသင့်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
ရန္သူေရငုပ္သေဘၤာအား အမဲလိုက္ဖ်က္ဆီးျခင္းေလ့က်င့္ခန္းကို ႐ုရွားႏွင့္ တ႐ုတ္ေရတပ္တို႔ျပဳလုပ္
Pika (NP News) - ၾသဂုတ္ ၈
႐ုရွားႏွင့္တ႐ုတ္ေရတပ္တို႔သည္ ရန္သူေရငုပ္သေဘၤာအား အမဲလိုက္ဖ်က္ဆီးျခင္းေလ့က်င့္ခန္းမ်ားကို ဂ်ပန္ ပင္လယ္အတြင္း အတူတကြလုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။ အေမရိကန္န်ဴကလီးယားေရငုပ္သေဘၤာႏွစ္စီးကို ႐ုရွားႏွင့္နီးကပ္ေသာေနရာသို႔ ေ႐ႊ႕ေျပာင္းခ်ထားခဲ့ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အဆိုပါေလ့က်င့္ခန္းမ်ား ထြက္ေပၚလာ ျခင္းျဖစ္သည္။ အဆိုပါစစ္ေရးေလ့က်င့္မႈတြင္ ႐ုရွား၏ပစိဖိတ္ေရတပ္မွ Il-38 ေလယာဥ္မ်ား ႏွင့္ တ႐ုတ္၏ Y-8 ေရငုပ္သေဘၤာဆန႔္က်င္ေရးေလယာဥ္မ်ားအျပင္ ရဟတ္ယာဥ္အမႈထမ္းမ်ားလည္း ပါဝင္ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့သည္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “ထိေရာက္တဲ့ပူးေပါင္းေဆာင္႐ြက္မႈေတြေၾကာင့္ ရန္သူေရငုပ္သေဘၤာကို ခ်က္ခ်င္း ေျခရာခံေတြ႕ရွိၿပီး ဖ်က္ဆီးပစ္ႏိုင္ခဲ့ပါတယ္။ ေရငုပ္သေဘၤာဆန႔္က်င္ေရးေလ့က်င့္ခန္းေတြ ေလ့က်င့္ၿပီး တဲ့ေနာက္မွာေတာ့ ႐ုရွားနဲ႔တ႐ုတ္ေရတပ္တို႔ရဲ႕သေဘၤာသားေတြဟာ ေက်းဇူးတင္စကားေတြ အျပန္အလွန္ေျပာဆို ခဲ့ၾကပါတယ္” ဟု ေျပာခဲ့သည္။
႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္ႏွင့္ အေခ်အတင္ေျပာဆိုမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ န်ဴကလီးယားေရငုပ္ သေဘၤာမ်ား ျဖန႔္က်က္ခ်ထားရန္ အမိန႔္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ ေဒၚနယ္ထရမ့္၏ ထုတ္ျပန္ေၾကညာခ်က္ကို ႐ုရွားအစိုးရက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး လူတိုင္းသည္ န်ဴကလီးယား စကားလုံးအသုံးအႏႈန္းမ်ားႏွင့္ပတ္သက္ၿပီး အလြန္သတိထားသင့္ေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။