ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ကြားတွေ့ဆုံမှုက သမိုင်းဝင်ဖြစ်ရပ်ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော

422

Pika (NP News) - သြဂုတ် ၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ကြား လာမယ့်တွေ့ဆုံမှုဟာ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရတာဝန်ရှိသူ Kirill Dmitriev က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ကြား တိုက်ရိုက်ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေဟာ နေရာရွေးချယ်တဲ့အဆင့်အထိကို ရောက်ရှိလာပြီလို့ ရုရှားအစိုးရဘက်က အတည်ပြုခဲ့ပါတယ်။
ပူတင်နဲ့ဒေါ်နယ်ထရမ့်ကြား တွေ့ဆုံဆွေးနွေးမှုဟာ လာမယ့်သီတင်းပတ်အစောပိုင်းမှာ ဖြစ်လာနိုင်ဖွယ်ရှိနေတယ် လို့လည်း သိရပါတယ်။ Kirill Dmitriev က ”ပူတင်နဲ့ဒေါ်နယ်ထရမ့်တို့ကြားတွေ့ဆုံမှုဟာ သမိုင်းဝင်တွေ့ဆုံမှုတစ်ခု ဖြစ်လာနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
လာမယ့်သီတင်းပတ်အစောပိုင်းမှာ ပူတင်နဲ့လူချင်းတွေ့ဆုံဖို့ ဒေါ်နယ်ထရမ့်က စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် Kirill Dmitriev ရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပူတင်၊ ဇီလန်စကီးတို့ နဲ့တွေ့ဆုံမှုတွေလုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က လမ်းဖွင့်ထားတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန် ပြောကြားခဲ့ပြီးနောက် လူချင်းတွေ့ဆုံမှုနဲ့ပတ်သက်တဲ့သတင်းတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ၾကားေတြ႕ဆုံမႈက သမိုင္းဝင္ျဖစ္ရပ္ျဖစ္လာႏိုင္တယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ၾသဂုတ္ ၉
အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ၾကား လာမယ့္ေတြ႕ဆုံမႈဟာ သမိုင္းဝင္ျဖစ္ရပ္တစ္ခု ျဖစ္လာႏိုင္တယ္လို႔ ႐ုရွားအစိုးရတာဝန္ရွိသူ Kirill Dmitriev က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ပူတင္နဲ႔ ေဒၚနယ္ထရမ့္တို႔ၾကား တိုက္႐ိုက္ေဆြးေႏြးပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြဟာ ေနရာေ႐ြးခ်ယ္တဲ့အဆင့္အထိကို ေရာက္ရွိလာၿပီလို႔ ႐ုရွားအစိုးရဘက္က အတည္ျပဳခဲ့ပါတယ္။
ပူတင္နဲ႔ေဒၚနယ္ထရမ့္ၾကား ေတြ႕ဆုံေဆြးေႏြးမႈဟာ လာမယ့္သီတင္းပတ္အေစာပိုင္းမွာ ျဖစ္လာႏိုင္ဖြယ္ရွိေနတယ္ လို႔လည္း သိရပါတယ္။ Kirill Dmitriev က ”ပူတင္နဲ႔ေဒၚနယ္ထရမ့္တို႔ၾကားေတြ႕ဆုံမႈဟာ သမိုင္းဝင္ေတြ႕ဆုံမႈတစ္ခု ျဖစ္လာႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လာမယ့္သီတင္းပတ္အေစာပိုင္းမွာ ပူတင္နဲ႔လူခ်င္းေတြ႕ဆုံဖို႔ ေဒၚနယ္ထရမ့္က စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ Kirill Dmitriev ရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ပူတင္၊ ဇီလန္စကီးတို႔ နဲ႔ေတြ႕ဆုံမႈေတြလုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္က လမ္းဖြင့္ထားတယ္လို႔ အေမရိကန္အစိုးရက ထုတ္ျပန္ ေျပာၾကားခဲ့ၿပီးေနာက္ လူခ်င္းေတြ႕ဆုံမႈနဲ႔ပတ္သက္တဲ့သတင္းေတြထြက္ေပၚလာတာလည္းျဖစ္ပါတယ္။