တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်က မီးနဲ့ကစားနေတယ်လို့ တရုတ်အစိုးရ စွပ်စွဲ

 92

Pika (NP News) - သြဂုတ် ၉
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး မီးနဲ့ကစားနေတယ်လို့ တရုတ်အစိုးရက စွပ်စွဲပြောဆို လိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်(တိုင်ပေ)အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်ကြား ဖြစ်ပွားလာ နိုင်တဲ့ပဋိပက္ခမှန်သမျှထဲကို ဆွဲငင်ခံရနိုင်တယ်လို့ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ထုတ်ဖော်ပြောဆို ခဲ့ပြီးနောက် တရုတ်ဘက်က စွပ်စွဲပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဖာဒီနန်မားကို့စ်ဂျူနီယာဟာ အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိနေစဉ်အချိန်အတွင်း ယခုလိုမှတ်ချက်ပြု ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဖာဒီနန်မားကို့စ်ဂျူနီယာဟာ တရုတ်(တိုင်ပေ)ကျွန်းနဲ့ နီးကပ်စွာ တည်ရှိနေတဲဖိလစ်ပိုင်နိုင်ငံရဲ့ပထဝီဝင်အနေအထားနဲ့ တရုတ်(တိုင်ပေ)ကျွန်းမှာ ဖိလစ်ပိုင်နိုင်ငံသားအများအပြား နေထိုင်နေတာတွေကို လာမယ့်အနာဂါတ်ပဋိပက္ခမှာ ပါဝင်ပတ်သက်လာနိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေအဖြစ် ကိုးကားပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ”ပထဝီဝင်အနေအထားနဲ့ ပြည်ပမှာနေထိုင်တဲ့လူဦးရေများပြားတာတွေဟာ အခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို နိုင်ငံတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုတွေလုပ်ဆောင်ဖို့အတွက် အကြောင်းပြချက်တွေ မဟုတ်ပါဘူး။ တရုတ်တစ်ပြည်တည်းမူဝါဒကို လေးစားလိုက်နာဖို့နဲ့ တရုတ်ရဲ့ အဓိက အကျိုးစီးပွားနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကို မီးနဲ့ကစားတာမျိုးမလုပ်ဖို့ ဖိလစ်ပိုင်ကို ကျွန်တော်တို့တိုက်တွန်းထား ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)အေရးနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္က မီးနဲ႔ကစားေနတယ္လို႔ တ႐ုတ္အစိုးရ စြပ္စြဲ
Pika (NP News) - ၾသဂုတ္ ၉
ဖိလစ္ပိုင္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)အေရးနဲ႔ပတ္သက္ၿပီး မီးနဲ႔ကစားေနတယ္လို႔ တ႐ုတ္အစိုးရက စြပ္စြဲေျပာဆို လိုက္ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔အေမရိကန္ၾကား ျဖစ္ပြားလာ ႏိုင္တဲ့ပဋိပကၡမွန္သမွ်ထဲကို ဆြဲငင္ခံရႏိုင္တယ္လို႔ ဖိလစ္ပိုင္သမၼတဖာဒီနန္မားကို႔စ္ဂ်ဴနီယာက ထုတ္ေဖာ္ေျပာဆို ခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က စြပ္စြဲေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဖာဒီနန္မားကို႔စ္ဂ်ဴနီယာဟာ အိႏၵိယႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနစဥ္အခ်ိန္အတြင္း ယခုလိုမွတ္ခ်က္ျပဳ ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းနဲ႔ နီးကပ္စြာ တည္ရွိေနတဲဖိလစ္ပိုင္ႏိုင္ငံရဲ႕ပထဝီဝင္အေနအထားနဲ႔ တ႐ုတ္(တိုင္ေပ)ကြၽန္းမွာ ဖိလစ္ပိုင္ႏိုင္ငံသားအမ်ားအျပား ေနထိုင္ေနတာေတြကို လာမယ့္အနာဂါတ္ပဋိပကၡမွာ ပါဝင္ပတ္သက္လာႏိုင္ေျခရွိတဲ့ အေၾကာင္းအရင္းေတြအျဖစ္ ကိုးကားေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ”ပထဝီဝင္အေနအထားနဲ႔ ျပည္ပမွာေနထိုင္တဲ့လူဦးေရမ်ားျပားတာေတြဟာ အျခားႏိုင္ငံေတြရဲ႕ျပည္တြင္းေရးကို ႏိုင္ငံတစ္ႏိုင္ငံက ဝင္ေရာက္စြက္ဖက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ အေၾကာင္းျပခ်က္ေတြ မဟုတ္ပါဘူး။ တ႐ုတ္တစ္ျပည္တည္းမူဝါဒကို ေလးစားလိုက္နာဖို႔နဲ႔ တ႐ုတ္ရဲ႕ အဓိက အက်ိဳးစီးပြားနဲ႔ပတ္သက္တဲ့ကိစၥရပ္ေတြကို မီးနဲ႔ကစားတာမ်ိဳးမလုပ္ဖို႔ ဖိလစ္ပိုင္ကို ကြၽန္ေတာ္တို႔တိုက္တြန္းထား ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.