ယူကရိန်းသမ္မတဇီလန်စကီး နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာနိုင်ဖွယ်ရှိနေဟု ရုရှားသမ္မတ ပြော

153

ဂျန်ဇက် (NP News) - သြဂုတ် ၉
ရုရှားသမ္မတပူတင်က ယူကရိန်းသမ္မတဇီလန်စကီးနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုများဖြစ်ကောင်း ဖြစ်လာ နိုင်ဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြား လက်ရှိဖြစ်ပွားနေသည့် အငြင်းပွားမှုများကို သံတမန် ရေးနည်းလမ်းများဖြင့် ဆွေးနွေးဖြေရှင်းမှုတိုးတက် မည်ဆိုလျှင် ယူကရိန်းသမ္မတ နှင့်မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်း ပြောသည်။ ရုရှားသမ္မတပူတင်က ‘ယူကရိန်း သမ္မတနဲ့ လူပုဂ္ဂိုလ် ချင်းတွေ့ ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဆန့်ကျင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ တွေ့ဆုံဆွေးနွေး တယ်ဆိုရာမှာ ကောင်းမွန် သေချာတဲ့ အခြေနေမျိုး ဖန်တီးနိုင်ဖို့တော့လိုအပ်တယ်’ ဟုပြောသည်။
ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် မကြာခင်တွေ့ဆုံဆွေးနွေး ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က ယူကရိန်းသမ္မတနှင့် တွေ့ဆုံဆွေးနွေးနိုင်ခြင်းရှိ/မရှိ ကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ယူကရိန်းသမ္မတဇီလန်စကီးကလည်း ရုရှားသမ္မတနှင့် တွေ့ဆုံဆွေးနွေးရန်လိုလား နေသကဲ့သို့ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းနိုင်ငံ၏ ခေါင်းဆောင်များ ပူးပေါင်းပါဝင်မည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ဆောင်ရန်လည်း အဆိုပြုထားကြောင်းသိရသည်။ ဇီလန်စကီးသည် ယူကရိန်းသမ္မတအဖြစ် တာဝန်ဆက်ယူ နေသော်လည်း ၎င်းသည် ယူကရိန်းနိုင်ငံ၏ တရားဝင်အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ်ရှိ မရှိခြင်းကို ရုရှားဘက်က မေးခွန်းထုတ်နေရာ အငြင်းပွားမှုများရှိနေသည်။ ရုရှားအစိုးရက ဇီလန်စကီး၏ သမ္မတသက်တမ်းသည် ပြီးခဲ့သည့်နှစ်တွင် ကုန်ဆုံးခဲ့ပြီး ရွေးကောက်ပွဲအသစ် ထပ်မံမကျင်းပဘဲ သမ္မတအဖြစ် ဆက်လက် တာဝန်ယူနေ သူဖြစ်ကြောင်း၊ ဇီလန်စကီးက ယူကရိန်းအစိုးရအဖွဲ့၏ တရားဝင်သမ္မတ မဟုတ်ကြောင်းဝေဖန်ပြစ်တင်ထား သည်။
လက်ရှိအချိန်တွင်အမေရိကန်အထူးကိုယ် စားလှယ်သည် ရုရှားသမ္မတနှင့် အမေရိကန်သမ္မတကြား တွေ့ဆုံ ဆွေးနွေးနိုင်ရန် ကြားဝင်ကြိုးပမ်းနေပြီး လာမည့်သီတင်းပတ်အတွင်း ယူအေအီးနိုင်ငံတွင် သမ္မတနှစ်ဦးတွေ့ဆုံ ဆွေးနွေးဖွယ်ရှိနေသည်။ ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတတို့သည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ ပြီးနောက် ပိုင်း မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယူကရိန္းသမၼတဇီလန္စကီး ႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျဖစ္လာႏိုင္ဖြယ္ရွိေနဟု ႐ုရွားသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၉
႐ုရွားသမၼတပူတင္က ယူကရိန္းသမၼတဇီလန္စကီးႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျဖစ္ေကာင္း ျဖစ္လာ ႏိုင္ဖြယ္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကား လက္ရွိျဖစ္ပြားေနသည့္ အျငင္းပြားမႈမ်ားကို သံတမန္ ေရးနည္းလမ္းမ်ားျဖင့္ ေဆြးေႏြးေျဖရွင္းမႈတိုးတက္ မည္ဆိုလွ်င္ ယူကရိန္းသမၼတ ႏွင့္မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနေၾကာင္း ေျပာသည္။ ႐ုရွားသမၼတပူတင္က ‘ယူကရိန္း သမၼတနဲ႔ လူပုဂၢိဳလ္ ခ်င္းေတြ႕ ဆုံေဆြးေႏြးမယ့္ အစီအစဥ္ကို ဆန႔္က်င္မွာမဟုတ္ဘူး၊ ဒါေပမဲ့ ေတြ႕ဆုံေဆြးေႏြး တယ္ဆိုရာမွာ ေကာင္းမြန္ ေသခ်ာတဲ့ အေျခေနမ်ိဳး ဖန္တီးႏိုင္ဖို႔ေတာ့လိုအပ္တယ္’ ဟုေျပာသည္။
႐ုရွားသမၼတပူတင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔သည္ မၾကာခင္ေတြ႕ဆုံေဆြးေႏြး ဖြယ္ရွိေနသည္ဟု သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ႐ုရွားသမၼတပူတင္က ယူကရိန္းသမၼတႏွင့္ ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္းရွိ/မရွိ ကို တုံ႔ျပန္ခဲ့ျခင္းျဖစ္သည္။ ယူကရိန္းသမၼတဇီလန္စကီးကလည္း ႐ုရွားသမၼတႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္လိုလား ေနသကဲ့သို႔ အေမရိကန္၊ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံ၏ ေခါင္းေဆာင္မ်ား ပူးေပါင္းပါဝင္မည့္ သုံးပြင့္ဆိုင္ေဆြးေႏြးပြဲ လုပ္ေဆာင္ရန္လည္း အဆိုျပဳထားေၾကာင္းသိရသည္။ ဇီလန္စကီးသည္ ယူကရိန္းသမၼတအျဖစ္ တာဝန္ဆက္ယူ ေနေသာ္လည္း ၎သည္ ယူကရိန္းႏိုင္ငံ၏ တရားဝင္အစိုးရအဖြဲ႕ေခါင္းေဆာင္အျဖစ္ရွိ မရွိျခင္းကို ႐ုရွားဘက္က ေမးခြန္းထုတ္ေနရာ အျငင္းပြားမႈမ်ားရွိေနသည္။ ႐ုရွားအစိုးရက ဇီလန္စကီး၏ သမၼတသက္တမ္းသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ကုန္ဆုံးခဲ့ၿပီး ေ႐ြးေကာက္ပြဲအသစ္ ထပ္မံမက်င္းပဘဲ သမၼတအျဖစ္ ဆက္လက္ တာဝန္ယူေန သူျဖစ္ေၾကာင္း၊ ဇီလန္စကီးက ယူကရိန္းအစိုးရအဖြဲ႕၏ တရားဝင္သမၼတ မဟုတ္ေၾကာင္းေဝဖန္ျပစ္တင္ထား သည္။
လက္ရွိအခ်ိန္တြင္အေမရိကန္အထူးကိုယ္ စားလွယ္သည္ ႐ုရွားသမၼတႏွင့္ အေမရိကန္သမၼတၾကား ေတြ႕ဆုံ ေဆြးေႏြးႏိုင္ရန္ ၾကားဝင္ႀကိဳးပမ္းေနၿပီး လာမည့္သီတင္းပတ္အတြင္း ယူေအအီးႏိုင္ငံတြင္ သမၼတႏွစ္ဦးေတြ႕ဆုံ ေဆြးေႏြးဖြယ္ရွိေနသည္။ ယူကရိန္းသမၼတ ႏွင့္ ႐ုရွားသမၼတတို႔သည္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ ၿပီးေနာက္ ပိုင္း မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။