လက်နက်ဖျက်သိမ်းရန်တောင်းဆိုမှုများကို ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ ငြင်းဆန်ပယ်ချ

 101

ဂျန်ဇက် (NP News) - သြဂုတ် ၉
လက်ဘနွန်အခြေစိုက်ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့သည် လက်နက်ဖျက်သိမ်းရန် တောင်းဆိုမှုများကို ငြင်းဆန် ပယ်ချခဲ့သော်လည်း လက်ဘနွန်အစိုးရအဖွဲ့က ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ လက်နက်ဖျက်သိမ်းရေးနှင့်ပတ် သက်ပြီး ထပ်မံဆွေးနွေးလျက်ရှိနေကြောင်း သိရသည်။ အမေရိကန်အစိုးရက ကြားဝင်အဆိုပြုသည့်အစီအစဉ် များထဲတွင် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့လက်နက်ဖျက်သိမ်းရေးအစီအစဉ် ပါဝင်ခဲ့ပြီး လက်ဘနွန်အစိုးရ အဖွဲ့၏ ဝန်ကြီးများ ဆွေးနွေးနေကြောင်း သိရသည်။
ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်ပြီး လက်ဘနွန်အစိုးရအဖွဲ့အတွင်း အငြင်းပွားမှုများရှိနေပြီး အစိုးရအဖွဲ့အတွင်း ပါဝင်နေသည့် ဟစ္စဘိုလာအဖွဲ့နှင့်ဆက်နွယ်သည့်ဝန်ကြီးများက ပြီးခဲ့သည့်ရက်ပိုင်းတွင် နုတ်ထွက်ခဲ့ကြောင်းသိရသည်။ အစ္စရေးနှင့် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကြား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်ရရှိခဲ့သော အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်များထဲတွင် လက်ဘနွန်နိုင်ငံ ပိုင်နက်အတွင်းတွင် ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့အပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းအားလုံး လက်နက် ဖြုတ်သိမ်းရမည်ဆိုသောအချက် ပါဝင်နေကြောင်း သိရသည်။ လက်ဘနွန်ပြန်ကြားရေးဝန်ကြီး ပေါ်မာကို့စ် က လက်ဘနွန်အစိုးရအဖွဲ့သည် အမေရိကန်အစိုးရ၏ အဆိုပြုကမ်းလှမ်းချက်များကို လက်ခံကြောင်း၊ ဟစ္စဘိုလာ လက်နက်ကိုင်အဖွဲ့ လက်နက်ဖျက်သိမ်းရေးအစီအစဉ်က လက်တလောတွင်ဖြစ်နိုင်ဖွယ်မရှိဘဲ ဆက်လက် ဆွေးနွေးပြီး နှစ်အကုန်တွင်ဖြစ်လာနိုင် ဖွယ်ရှိနေကြောင်း ပြောသည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရကြား အပစ်ခတ်ရပ်စဲရေး သဘောတူညမှုများတွင် အစ္စရေးစစ်တပ်သည် ၎င်းတို့သိမ်းပိုက်ထားသည့် လက်ဘနွန် တောင်ပိုင်းနေရာ ငါးခုမှ ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်သည်။ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့သည် အစိုးရကို ကိုယ်စားပြုသည့်လက်နက်ကိုင်အဖွဲ့မဟုတ်သော်လည်း လက် ဘနွန်စစ်တပ်နှင့် အပြိုင်အင်အား ကောင်းသည့် လက်နက်ကိုင်အဖွဲ့ဖြစ်နေကြောင်း သိရသည်။ ဟစ္စဘိုလာ အဖွဲ့က ‘ကျွန်တော်တို့ဟာအဖွဲ့အဖြစ် ဆက်လက်မရပ်တည်ဘူးလို့ ဆုံးဖြတ်ရင် လက်နက်တွေ ဖျက်သိမ်းရေးကို လုပ်ဆောင်မှာပါ’ ဟု ပြောသည်။
ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ်တွင် အစ္စရေးနိုင်ငံကိုတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးကတုံ့ပြန် တိုက်ခိုက်ခဲ့ရာ ဟစ္စဘိုလာလက် နက်ကိုင်အဖွဲ့ခေါင်းဆောင် သေဆုံးခဲ့သလို ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ အခြေပြုလှုပ်ရှားနေသည့် လက်ဘနွန်နိုင်ငံအတွင်းရှိနေရာများကို သိမ်းယူ နိုင်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
လက္နက္ဖ်က္သိမ္းရန္ေတာင္းဆိုမႈမ်ားကို ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၉
လက္ဘႏြန္အေျခစိုက္ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕သည္ လက္နက္ဖ်က္သိမ္းရန္ ေတာင္းဆိုမႈမ်ားကို ျငင္းဆန္ ပယ္ခ်ခဲ့ေသာ္လည္း လက္ဘႏြန္အစိုးရအဖြဲ႕က ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ လက္နက္ဖ်က္သိမ္းေရးႏွင့္ပတ္ သက္ၿပီး ထပ္မံေဆြးေႏြးလ်က္ရွိေနေၾကာင္း သိရသည္။ အေမရိကန္အစိုးရက ၾကားဝင္အဆိုျပဳသည့္အစီအစဥ္ မ်ားထဲတြင္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕လက္နက္ဖ်က္သိမ္းေရးအစီအစဥ္ ပါဝင္ခဲ့ၿပီး လက္ဘႏြန္အစိုးရ အဖြဲ႕၏ ဝန္ႀကီးမ်ား ေဆြးေႏြးေနေၾကာင္း သိရသည္။
ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ကို လက္နက္ဖ်က္သိမ္းေရးႏွင့္ပတ္သက္ၿပီး လက္ဘႏြန္အစိုးရအဖြဲ႕အတြင္း အျငင္းပြားမႈမ်ားရွိေနၿပီး အစိုးရအဖြဲ႕အတြင္း ပါဝင္ေနသည့္ ဟစၥဘိုလာအဖြဲ႕ႏွင့္ဆက္ႏြယ္သည့္ဝန္ႀကီးမ်ားက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ႏုတ္ထြက္ခဲ့ေၾကာင္းသိရသည္။ အစၥေရးႏွင့္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ရရွိခဲ့ေသာ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္မ်ားထဲတြင္ လက္ဘႏြန္ႏိုင္ငံ ပိုင္နက္အတြင္းတြင္ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕အပါအဝင္ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းအားလုံး လက္နက္ ျဖဳတ္သိမ္းရမည္ဆိုေသာအခ်က္ ပါဝင္ေနေၾကာင္း သိရသည္။ လက္ဘႏြန္ျပန္ၾကားေရးဝန္ႀကီး ေပၚမာကို႔စ္ က လက္ဘႏြန္အစိုးရအဖြဲ႕သည္ အေမရိကန္အစိုးရ၏ အဆိုျပဳကမ္းလွမ္းခ်က္မ်ားကို လက္ခံေၾကာင္း၊ ဟစၥဘိုလာ လက္နက္ကိုင္အဖြဲ႕ လက္နက္ဖ်က္သိမ္းေရးအစီအစဥ္က လက္တေလာတြင္ျဖစ္ႏိုင္ဖြယ္မရွိဘဲ ဆက္လက္ ေဆြးေႏြးၿပီး ႏွစ္အကုန္တြင္ျဖစ္လာႏိုင္ ဖြယ္ရွိေနေၾကာင္း ေျပာသည္။ အစၥေရးႏွင့္ လက္ဘႏြန္အစိုးရၾကား အပစ္ခတ္ရပ္စဲေရး သေဘာတူညမႈမ်ားတြင္ အစၥေရးစစ္တပ္သည္ ၎တို႔သိမ္းပိုက္ထားသည့္ လက္ဘႏြန္ ေတာင္ပိုင္းေနရာ ငါးခုမွ ျပန္လည္ဆုတ္ခြာေပးရမည္ျဖစ္သည္။ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕သည္ အစိုးရကို ကိုယ္စားျပဳသည့္လက္နက္ကိုင္အဖြဲ႕မဟုတ္ေသာ္လည္း လက္ ဘႏြန္စစ္တပ္ႏွင့္ အၿပိဳင္အင္အား ေကာင္းသည့္ လက္နက္ကိုင္အဖြဲ႕ျဖစ္ေနေၾကာင္း သိရသည္။ ဟစၥဘိုလာ အဖြဲ႕က ‘ကြၽန္ေတာ္တို႔ဟာအဖြဲ႕အျဖစ္ ဆက္လက္မရပ္တည္ဘူးလို႔ ဆုံးျဖတ္ရင္ လက္နက္ေတြ ဖ်က္သိမ္းေရးကို လုပ္ေဆာင္မွာပါ’ ဟု ေျပာသည္။
ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕သည္ ၿပီးခဲ့သည့္ႏွစ္တြင္ အစၥေရးႏိုင္ငံကိုတိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးကတုံ႔ျပန္ တိုက္ခိုက္ခဲ့ရာ ဟစၥဘိုလာလက္ နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ ေသဆုံးခဲ့သလို ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ အေျချပဳလႈပ္ရွားေနသည့္ လက္ဘႏြန္ႏိုင္ငံအတြင္းရွိေနရာမ်ားကို သိမ္းယူ ႏိုင္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.