ခေါင်းဆောင်များ အမျှော်အမြင်ရှိရှိ ဖြေရှင်းနိုင်ပါက နိုင်ငံ၏အခက်အခဲများကို ကျော်လွှားနိုင်မည်ဟုဆို

 358

သက်ပိုင်/သန့်ဇင် (NP News) - ဩဂုတ် ၂၃
ခေါင်းဆောင်များအမျှော်အမြင်ရှိရှိ ဖြေရှင်းနိုင်ပါက နိုင်ငံ၏အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ယနေ့ (ဩဂုတ်လ ၂၃ ရက်) နေ့လည်ပိုင်းက ရန်ကုန်မြို့ ၊တာမွေမြို့နယ်၊အရှေ့မြင်းပြိုင်ကွင်းလမ်းတွင်ပြုလုပ်သည့် ပြည်သူ့ပါတီတည်ထောင်ခြင်း (၇) နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီနေရာမှာ ကျွန်တော် ပြောမထွက်တဲ့စကားတစ်ခွန်းကိုပြောရမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ပြဿနာဆိုတာ ဟာ ပြည်သူတွေရဲ့ပြဿနာဆိုတာထက် ခေါင်းဆောင်မှုပြဿနာက တော်တော်လွှမ်းမိုးပါတယ်။ အဓိက ဘက်အသီးသီးက ခေါင်းဆောင်များက အမျှော်အမြင်ရှိရှိနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်မယ်ဆိုရင် အချို့ အနိဠာရုံ တွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ရွေးကောက်ပွဲများတွင် ပြည်သူများအနေဖြင့် ပြည်သူလူထုအားလုံးပါဝင်နိုင်သော နည်းလမ်းဖြစ်သည့် ရွေးကောက်ပွဲများတွင် ပြည်သူများက တက်ကြွစွာဖြင့် တာဝန်ကျေပွန်ခဲ့ကြကြောင်း ဦးကိုကိုကြီးက ပြောသည်။
“၁၉၉ဝ ရွေးကောက်ပွဲကာလမှာလည်း ရွေးကောက်ပွဲကိုလက်ခံလား၊ လက်မခံဘူးလားဆိုပြီး အငြင်းပွားခဲ့ကြ ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကြားဖြတ်အစိုးရ ရရှိရေဆိုတဲ့ တောင်းဆိုချက်ကလည်း ရှိနေတယ်။ ရွေးကောက်ပွဲကလည်း ရှိနေတယ်။ သို့သော် လက်တွေ့ကျကျနဲ့ ပြည်သူတွေ အားလုံးပါဝင်နိုင်တဲ့နည်းကတော့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဒီမိုကရေစီအင်အားစုတွေက အနိုင်ရခဲ့ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် လူထုအားလုံးပါဝင်နိုင်တဲ့နည်းလမ်းကြောင့်ပါ။ ဒီလိုပဲ ၂ဝ၁ဝ မှာလည်း အငြင်းပွားပြီး ၂၀၁၂၊ ၂၀၁၅၊ ၂ဝ၂ဝ ရွေးကောက်ပွဲတွေမှာ ပြည်သူတွေဟာ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများအနေဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခြင်း၊ ဖွံ့ဖြိုးရေးများ မခံစားရခြင်းတို့နှင့်ရင်ဆိုင်နေရပြီး မိမိတို့ပြည်သူပါတီ အနေဖြင့် ယခု (၇)နှစ်ပြည့်အခမ်းအနားမှစ၍ ရှေ့ဆက်လုပ်ငန်းစဉ်များတွင် ငြိမ်ချမ်းရေးကို ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဦးကိုကိုကြီးက ပြောဆိုခဲ့သည်။

Zawgyi Version:
ေခါင္းေဆာင္မ်ား အေမွ်ာ္အျမင္ရွိရွိ ေျဖရွင္းႏိုင္ပါက ႏိုင္ငံ၏အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္မည္ဟုဆို
သက္ပိုင္/သန႔္ဇင္ (NP News) - ဩဂုတ္ ၂၃
ေခါင္းေဆာင္မ်ားအေမွ်ာ္အျမင္ရွိရွိ ေျဖရွင္းႏိုင္ပါက ႏိုင္ငံ၏အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္မည္ျဖစ္ေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။
ယေန႔ (ဩဂုတ္လ ၂၃ ရက္) ေန႔လည္ပိုင္းက ရန္ကုန္ၿမိဳ႕ ၊တာေမြၿမိဳ႕နယ္၊အေရွ႕ျမင္းၿပိဳင္ကြင္းလမ္းတြင္ျပဳလုပ္သည့္ ျပည္သူ႔ပါတီတည္ေထာင္ျခင္း (၇) ႏွစ္ေျမာက္ႏွစ္ပတ္လည္အခမ္းအနားတြင္ ယခုကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
“ဒီေနရာမွာ ကြၽန္ေတာ္ ေျပာမထြက္တဲ့စကားတစ္ခြန္းကိုေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ျပႆနာဆိုတာ ဟာ ျပည္သူေတြရဲ႕ျပႆနာဆိုတာထက္ ေခါင္းေဆာင္မႈျပႆနာက ေတာ္ေတာ္လႊမ္းမိုးပါတယ္။ အဓိက ဘက္အသီးသီးက ေခါင္းေဆာင္မ်ားက အေမွ်ာ္အျမင္ရွိရွိနဲ႔ ေဆြးေႏြးညႇိႏႈိင္းေျဖရွင္းႏိုင္မယ္ဆိုရင္ အခ်ိဳ႕ အနိဠာ႐ုံ ေတြ၊ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ၎က ဆိုသည္။
ထို႔အျပင္ ေ႐ြးေကာက္ပြဲမ်ားတြင္ ျပည္သူမ်ားအေနျဖင့္ ျပည္သူလူထုအားလုံးပါဝင္ႏိုင္ေသာ နည္းလမ္းျဖစ္သည့္ ေ႐ြးေကာက္ပြဲမ်ားတြင္ ျပည္သူမ်ားက တက္ႂကြစြာျဖင့္ တာဝန္ေက်ပြန္ခဲ့ၾကေၾကာင္း ဦးကိုကိုႀကီးက ေျပာသည္။
“၁၉၉ဝ ေ႐ြးေကာက္ပြဲကာလမွာလည္း ေ႐ြးေကာက္ပြဲကိုလက္ခံလား၊ လက္မခံဘူးလားဆိုၿပီး အျငင္းပြားခဲ့ၾက ပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ ၾကားျဖတ္အစိုးရ ရရွိေရဆိုတဲ့ ေတာင္းဆိုခ်က္ကလည္း ရွိေနတယ္။ ေ႐ြးေကာက္ပြဲကလည္း ရွိေနတယ္။ သို႔ေသာ္ လက္ေတြ႕က်က်နဲ႔ ျပည္သူေတြ အားလုံးပါဝင္ႏိုင္တဲ့နည္းကေတာ့ ေ႐ြးေကာက္ပြဲျဖစ္တဲ့အတြက္ ဒီမိုကေရစီအင္အားစုေတြက အႏိုင္ရခဲ့ၾကပါတယ္။ ဒါဟာ ဘာေၾကာင့္လဲဆိုရင္ လူထုအားလုံးပါဝင္ႏိုင္တဲ့နည္းလမ္းေၾကာင့္ပါ။ ဒီလိုပဲ ၂ဝ၁ဝ မွာလည္း အျငင္းပြားၿပီး ၂၀၁၂၊ ၂၀၁၅၊ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲေတြမွာ ျပည္သူေတြဟာ တက္တက္ႂကြႂကြနဲ႔ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္” ဟု ၎က ဆိုသည္။
ထို႔အျပင္ လြတ္လပ္ေရးႏွင့္အတူေပၚေပါက္လာေသာ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ျပည္သူမ်ားအေနျဖင့္ တိုးတက္သင့္သေလာက္ မတိုးတက္ျခင္း၊ ဖြံ႕ၿဖိဳးေရးမ်ား မခံစားရျခင္းတို႔ႏွင့္ရင္ဆိုင္ေနရၿပီး မိမိတို႔ျပည္သူပါတီ အေနျဖင့္ ယခု (၇)ႏွစ္ျပည့္အခမ္းအနားမွစ၍ ေရွ႕ဆက္လုပ္ငန္းစဥ္မ်ားတြင္ ၿငိမ္ခ်မ္းေရးကို ဦးစားေပးအဆင့္ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းကိုလည္း ဦးကိုကိုႀကီးက ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.