ယခုလ နောက်ဆုံးပတ်တွင် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည်

 232

သက်ပိုင် (NP News) - ဩဂုတ် ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ လာမည့် ဩဂုတ်လ (၂၆) ရက်တွင် တတိယအကြိမ်တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ခွင့်ပြုပြီးသည့် တည်ဆဲ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ပါတီဥက္ကဋ္ဌတစ်ဦး နှင့် ပါတီဝင်အင်အား စာရင်းများကို ရှင်းပြပြောဆိုနိုင်သော တာဝန်ခံတစ်ဦးတို့ တက်ရောက်ရန် အတွက် ဩဂုတ်လ (၁၇)ရက် ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။
“ကျွန်တော်တို့ အရှေ့မှာတုန်းက ပြည်ထောင်စုနေ့တို့လို ရက်မျိုးတွေမှာ တွဲတွဲပြီးတွေ့ခဲ့တာ နှစ်ခေါက်တော့ ရှိပြီ ။ အဲဒီလိုနေ့တွေပြီးကတည်းက မတွေ့ဖြစ်တော့ တော်တာ်ကြာပြီပေါ့။ အခုက ရွေးကောက်ပွဲကလည်း ကြေညာပြီးပြီ ၊ဥပဒေ၊နည်းဥပဒေတွေလည်း ကြေညာပြီးပြီဆိုတော့ ဒီအပေါ်မှာ ရှင်းပြမယ့်သဘောလို့ ထင်ပါတယ်။ ပါတီတွေ ဘက်ကလည်း မရှင်းတာတွေမေးတာ၊ မဖြစ်သင့်ဘူးလို့ထင်တဲ့ဟာတွေကို ပြန်ပြောတာမျိုးဖြစ်မယ်လို့ ထင်ပါ တယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဒီဇင်ဘာလကတစ်ကြိမ်၊ ၂ဝ၂၄ ခုနှစ် ဩဂုတ်လအတွင်း တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ တွေ့ဆုံထားခဲ့ ခြင်းဖြစ်သည်။

ပုံစာ - UEC နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံစဉ်

Zawgyi Version:
ယခုလ ေနာက္ဆုံးပတ္တြင္ UEC ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံမည္
သက္ပိုင္ (NP News) - ဩဂုတ္ ၂၃
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ႏွင့္ ႏိုင္ငံေရးပါတီမ်ား လာမည့္ ဩဂုတ္လ (၂၆) ရက္တြင္ တတိယအႀကိမ္ေတြ႕ဆုံသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားထံမွ သိရသည္။
၂၀၂၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရးႏွင့္စပ္လ်ဥ္း၍ မွတ္ပုံတင္ခြင့္ျပဳၿပီးသည့္ တည္ဆဲ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာေတြ႕ဆုံေဆြးေႏြးပြဲကို ေနျပည္ေတာ္တြင္ က်င္းပျပဳလုပ္မည္ျဖစ္၍ ပါတီဥကၠ႒တစ္ဦး ႏွင့္ ပါတီဝင္အင္အား စာရင္းမ်ားကို ရွင္းျပေျပာဆိုႏိုင္ေသာ တာဝန္ခံတစ္ဦးတို႔ တက္ေရာက္ရန္ အတြက္ ဩဂုတ္လ (၁၇)ရက္ ရက္စြဲျဖင့္ အေၾကာင္းၾကားစာေပးပို႔ထားေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ အေရွ႕မွာတုန္းက ျပည္ေထာင္စုေန႔တို႔လို ရက္မ်ိဳးေတြမွာ တြဲတြဲၿပီးေတြ႕ခဲ့တာ ႏွစ္ေခါက္ေတာ့ ရွိၿပီ ။ အဲဒီလိုေန႔ေတြၿပီးကတည္းက မေတြ႕ျဖစ္ေတာ့ ေတာ္တာ္ၾကာၿပီေပါ့။ အခုက ေ႐ြးေကာက္ပြဲကလည္း ေၾကညာၿပီးၿပီ ၊ဥပေဒ၊နည္းဥပေဒေတြလည္း ေၾကညာၿပီးၿပီဆိုေတာ့ ဒီအေပၚမွာ ရွင္းျပမယ့္သေဘာလို႔ ထင္ပါတယ္။ ပါတီေတြ ဘက္ကလည္း မရွင္းတာေတြေမးတာ၊ မျဖစ္သင့္ဘူးလို႔ထင္တဲ့ဟာေတြကို ျပန္ေျပာတာမ်ိဳးျဖစ္မယ္လို႔ ထင္ပါ တယ္” ဟု အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီမွ ဒုတိယဥကၠ႒ ဦးထက္ေအာင္ေက်ာ္က ေျပာသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ မွတ္ပုံတင္ခြင့္ျပဳၿပီးေသာ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္က ဒီဇင္ဘာလကတစ္ႀကိမ္၊ ၂ဝ၂၄ ခုႏွစ္ ဩဂုတ္လအတြင္း တစ္ႀကိမ္ စုစုေပါင္း ႏွစ္ႀကိမ္သာ ေတြ႕ဆုံထားခဲ့ ျခင္းျဖစ္သည္။

ပုံစာ - UEC ႏွင့္ ႏိုင္ငံေရးပါတီမ်ား ဒုတိယအႀကိမ္ေတြ႕ဆုံစဥ္

Related news

© 2021. All rights reserved.