နယ်စပ်အနီးက မြောက်ကိုရီးယားစစ်သားတွေကို တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှုတွေပြုလုပ်

 215

Pika (NP News) - ဩဂုတ် ၂၄
နှစ်နိုင်ငံကြားနယ်စပ်အနီးမှာရှိတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှု တွေ လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ တင်းမာမှုတွေကို ထိန်းချုပ်လို့မရတဲ့အဆင့်အထိ တိုးမြင့်လာစေနိုင်တဲ့ အန္တရာယ်တွေရှိတယ်လို့လည်း မြောက်ကိုရီးယားအစိုးရ က ပြောကြားခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားတဲ့နယ်စပ်ကို အပြီးတိုင်ပိတ်ပစ်ဖို့ မြောက်ကိုရီးယားစစ်သားတွေက လုပ်ဆောင်နေတဲ့အချိန်မှာ တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားရဲ့လုပ်ရပ်ကို ပြင်းထန်တဲ့ရန်စမှုတစ်ခုအဖြစ် မြောက်ကိုရီးယားဒုဗိုလ်ချုပ်ကြီး Ko Jong Chol က ဖော်ပြပြောဆိုခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို သတိပေးမှုအဖြစ် (၁၀)ချက် ကျော် ပစ်ခတ်ဖို့အတွက် စက်သေနတ်ကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Ko Jong Chol က “ဒီဖြစ်ရပ်ဟာ ထိပ်တိုက်တွေ့ဆုံမှုတွေမကြာခဏဖြစ်ပွားနေတဲ့ နယ်စပ်ဒေသကအခြေအနေတွေကို ထိန်းချုပ်လို့ မရတဲ့အဆင့်အထိ တိုးမြင့်လာစေနိုင်တဲ့ ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို တောင်ကိုရီးယားဘက်က ချက်ချင်းပြန်လည် တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
နယ္စပ္အနီးက ေျမာက္ကိုရီးယားစစ္သားေတြကို ေတာင္ကိုရီးယားဘက္က သတိေပးပစ္ခတ္မႈေတြျပဳလုပ္
Pika (NP News) - ဩဂုတ္ ၂၄
ႏွစ္ႏိုင္ငံၾကားနယ္စပ္အနီးမွာရွိတဲ့ ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြကို ေတာင္ကိုရီးယားဘက္က သတိေပးပစ္ခတ္မႈ ေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ အဲဒီလုပ္ရပ္ဟာ တင္းမာမႈေတြကို ထိန္းခ်ဳပ္လို႔မရတဲ့အဆင့္အထိ တိုးျမင့္လာေစႏိုင္တဲ့ အႏၲရာယ္ေတြရွိတယ္လို႔လည္း ေျမာက္ကိုရီးယားအစိုးရ က ေျပာၾကားခဲ့ပါတယ္။
ကိုရီးယားကြၽန္းဆြယ္ကို ပိုင္းျခားထားတဲ့နယ္စပ္ကို အၿပီးတိုင္ပိတ္ပစ္ဖို႔ ေျမာက္ကိုရီးယားစစ္သားေတြက လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ ေတာင္ကိုရီးယားဘက္က သတိေပးပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ေတာင္ကိုရီးယားရဲ႕လုပ္ရပ္ကို ျပင္းထန္တဲ့ရန္စမႈတစ္ခုအျဖစ္ ေျမာက္ကိုရီးယားဒုဗိုလ္ခ်ဳပ္ႀကီး Ko Jong Chol က ေဖာ္ျပေျပာဆိုခဲ့ၿပီး ေတာင္ကိုရီးယားစစ္တပ္ဟာ ေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြကို သတိေပးမႈအျဖစ္ (၁၀)ခ်က္ ေက်ာ္ ပစ္ခတ္ဖို႔အတြက္ စက္ေသနတ္ကို အသုံးျပဳခဲ့တယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ Ko Jong Chol က “ဒီျဖစ္ရပ္ဟာ ထိပ္တိုက္ေတြ႕ဆုံမႈေတြမၾကာခဏျဖစ္ပြားေနတဲ့ နယ္စပ္ေဒသကအေျခအေနေတြကို ထိန္းခ်ဳပ္လို႔ မရတဲ့အဆင့္အထိ တိုးျမင့္လာေစႏိုင္တဲ့ ျဖစ္ရပ္တစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို ေတာင္ကိုရီးယားဘက္က ခ်က္ခ်င္းျပန္လည္ တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.