ရန်ကုန်တိုင်း တရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူလက်ရာမပျက်စေဘဲ ပြုပြင်ထိန်းသိမ်းရန်လိုဟုဆို

418

Pearl (NSS) - သြဂုတ် ၂၅
ရန်ကုန်တိုင်း တရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူလက်ရာမပျက်စေဘဲ ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန် ကြီး ဦးမျိုးသန့်တို့ကပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် တို့နှင့်အတူ ယမန်နေ့ (သြဂုတ်လ ၂၄ရက်)နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်စဉ် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့က ယခုအဆောက်အအုံသည် ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် (Haritage) အဆောက်အအုံဖြစ်သည့်အတွက် ယခင်အဆောက် အအုံပုံစံအတိုင်း ရှေးမူလက်ရာမပျက်စေဘဲ အရည်အသွေးပြည့်မီစွာဖြင့် စနစ်တကျပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တာဝန်ယူဆောင်ရွက် မည့်အဖွဲ့များအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုပါကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားလွှတ်တော် အဆောက်အအုံမှာ အလျား ၂၉၉ ဒသမ ၆ ပေ အနံ ၂၈၈ ပေရှိ စတုဂံပုံသဏ္ဌာန် သုံးထပ်အဆောက်အအုံ ဖြစ်ပြီး ၁၉ဝ၅ ခုနှစ်တွင် တည်ဆောက်၍ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ထိုစဉ်ကကုန်ကျငွေမှာ ရူပီး ၂ ဒသမ ၄၅ သန်းဖြစ်ပြီး အဆိုပါအဆောက်အအုံတွင် ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော်၏ အမြင့်ဆုံးတရားစီရင် ရေးအဖွဲ့အစည်းအဆက်ဆက် ရုံးထိုင်၍ အမှုများစစ်ဆေးကြားနာစီရင်ခဲ့ပြီး သမိုင်းတန်ဖိုးမြင့်မား သော ရှေးဟောင်းအဆောက်အအုံဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က ၁၉၉၆ ခုနှစ် တွင် ဤအဆောက်အအုံကို ရှေးဟောင်းလက်ရာ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့ပြအမွေအနှစ် (Yangon City Heritage) အဆောက်အအုံအဖြစ် အပြာရောင်ကမ္ပည်းပြား (Blue Plaque) ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တိုင္း တရားလႊတ္ေတာ္ ေရွးေဟာင္းအေဆာက္အအုံအား ေရွးမူလက္ရာမပ်က္ေစဘဲ ျပဳျပင္ထိန္းသိမ္းရန္လိုဟုဆို
Pearl (NP News) - ၾသဂုတ္ ၂၅
ရန္ကုန္တိုင္း တရားလႊတ္ေတာ္ ေရွးေဟာင္းအေဆာက္အအုံအား ေရွးမူလက္ရာမပ်က္ေစဘဲ ျပဳျပင္ထိန္းသိမ္းရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးသာေဌး ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ ႀကီး ဦးမ်ိဳးသန႔္တို႔ကေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးသာေဌး သည္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးစိုးသိန္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌး၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္ဦးလြင္ တို႔ႏွင့္အတူ ယမန္ေန႔ (ၾသဂုတ္လ ၂၄ရက္)ေန႔က ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္တံတားၿမိဳ႕နယ္ ပန္းဆိုးတန္းလမ္းရွိ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ ေရွးေဟာင္းအေဆာက္အအုံအား သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သြားေရာက္စဥ္ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးတို႔က ယခုအေဆာက္အအုံသည္ ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္ (Haritage) အေဆာက္အအုံျဖစ္သည့္အတြက္ ယခင္အေဆာက္ အအုံပုံစံအတိုင္း ေရွးမူလက္ရာမပ်က္ေစဘဲ အရည္အေသြးျပည့္မီစြာျဖင့္ စနစ္တက်ျပန္လည္ျပဳျပင္ထိန္းသိမ္းရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ တာဝန္ယူေဆာင္႐ြက္ မည့္အဖြဲ႕မ်ားအေနျဖင့္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနႏွင့္ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ရန္လိုပါေၾကာင္းလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါ တရားလႊတ္ေတာ္ အေဆာက္အအုံမွာ အလ်ား ၂၉၉ ဒသမ ၆ ေပ အနံ ၂၈၈ ေပရွိ စတုဂံပုံသဏၭာန္ သုံးထပ္အေဆာက္အအုံ ျဖစ္ၿပီး ၁၉ဝ၅ ခုႏွစ္တြင္ တည္ေဆာက္၍ ၁၉၁၁ ခုႏွစ္တြင္ ၿပီးစီးခဲ့ေၾကာင္း သိရသည္။
ထိုစဥ္ကကုန္က်ေငြမွာ ႐ူပီး ၂ ဒသမ ၄၅ သန္းျဖစ္ၿပီး အဆိုပါအေဆာက္အအုံတြင္ ၂၀၁၁ ခုႏွစ္အထိ ႏိုင္ငံေတာ္၏ အျမင့္ဆုံးတရားစီရင္ ေရးအဖြဲ႕အစည္းအဆက္ဆက္ ႐ုံးထိုင္၍ အမႈမ်ားစစ္ေဆးၾကားနာစီရင္ခဲ့ၿပီး သမိုင္းတန္ဖိုးျမင့္မား ေသာ ေရွးေဟာင္းအေဆာက္အအုံျဖစ္ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ)က ၁၉၉၆ ခုႏွစ္ တြင္ ဤအေဆာက္အအုံကို ေရွးေဟာင္းလက္ရာ အေဆာက္အအုံအျဖစ္ သတ္မွတ္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ (Yangon City Heritage) အေဆာက္အအုံအျဖစ္ အျပာေရာင္ကမၸည္းျပား (Blue Plaque) ကို ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာ ၂၄ ရက္တြင္ တပ္ဆင္ခဲ့ေၾကာင္း သိရသည္။