ယူကရိန်းရေတပ်သင်္ဘောတစ်စီးကို နှစ်မြှုပ်ပစ်နိုင်ခဲ့တယ်လို့ ရုရှားစစ်ဘက်သတင်းထုတ်ပြန်

1051

Pika (NP News) - သြဂုတ် ၃ဝ
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းထောက်လှမ်းရေးသင်္ဘော Simferopol ကို ရေတပ်သုံးဒရုန်းတစ်စင်းနဲ့ပစ်ခတ် တိုက်ခိုက်ပြီး နှစ်မြှုပ်ပစ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောခဲ့ပါတယ်။ ယူကရိန်း ထောက်လှမ်းရေးသင်္ဘော Simferopol ဟာ ယူကရိန်းနိုင်ငံ အိုဒီဆာဒေသမှာရှိတဲ့ Danube မြစ်ရဲ့မြစ်ဝကျွန်း ပေါ်ဒေသမှာ နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ရုရှားတပ်ဖွဲ့တွေရဲ့ရေတပ်သုံးဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်း ထောက်လှမ်းရေးသင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ယူကရိန်းရေတပ် သင်္ဘောတစ်စီးကို နှစ်မြှုပ်ပစ်ဖို့အတွက် ရေတပ်သုံးဒရုန်းတစ်စင်းကို ရုရှားတပ်ဖွဲ့တွေက ပထမဆုံးအကြိမ် အောင်မြင်စွာ အသုံးပြုနိုင်မှုတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ယူကရိန်းထောက်လှမ်းရေးသင်္ဘော တစ်စီး တိုက်ခိုက်ခံရမှုကို ယူကရိန်းအစိုးရဘက်က အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ရေတပ်သုံးဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ယူကရိန်းအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းေရတပ္သေဘၤာတစ္စီးကို ႏွစ္ျမႇဳပ္ပစ္ႏိုင္ခဲ့တယ္လို႔ ႐ုရွားစစ္ဘက္သတင္းထုတ္ျပန္
Pika (NP News) - ၾသဂုတ္ ၃ဝ
႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းေထာက္လွမ္းေရးသေဘၤာ Simferopol ကို ေရတပ္သုံးဒ႐ုန္းတစ္စင္းနဲ႔ပစ္ခတ္ တိုက္ခိုက္ၿပီး ႏွစ္ျမႇဳပ္ပစ္ႏိုင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာခဲ့ပါတယ္။ ယူကရိန္း ေထာက္လွမ္းေရးသေဘၤာ Simferopol ဟာ ယူကရိန္းႏိုင္ငံ အိုဒီဆာေဒသမွာရွိတဲ့ Danube ျမစ္ရဲ႕ျမစ္ဝကြၽန္း ေပၚေဒသမွာ နစ္ျမဳပ္သြားခဲ့တာျဖစ္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက “႐ုရွားတပ္ဖြဲ႕ေတြရဲ႕ေရတပ္သုံးဒ႐ုန္းနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ယူကရိန္း ေထာက္လွမ္းေရးသေဘၤာတစ္စီး နစ္ျမဳပ္သြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈဟာ ယူကရိန္းေရတပ္ သေဘၤာတစ္စီးကို ႏွစ္ျမႇဳပ္ပစ္ဖို႔အတြက္ ေရတပ္သုံးဒ႐ုန္းတစ္စင္းကို ႐ုရွားတပ္ဖြဲ႕ေတြက ပထမဆုံးအႀကိမ္ ေအာင္ျမင္စြာ အသုံးျပဳႏိုင္မႈတစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ယူကရိန္းေထာက္လွမ္းေရးသေဘၤာ တစ္စီး တိုက္ခိုက္ခံရမႈကို ယူကရိန္းအစိုးရဘက္က အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားတပ္ဖြဲ႕ေတြရဲ႕ေရတပ္သုံးဒ႐ုန္းနဲ႔တိုက္ခိုက္မႈေၾကာင့္ ယူကရိန္းတပ္ဖြဲ႕ဝင္တစ္ဦး ေသဆုံးခဲ့ၿပီး အျခားတပ္ဖြဲ႕ဝင္ အမ်ားအျပားထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း ယူကရိန္းအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။