ခင်ဦးမြို့နယ်အတွင်းရှိ PDF ထိန်းချုပ်နယ်မြေများတွင် အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုများ ကြုံနေရ

 880

သန့်ဇင် (NP News) - စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အတွင်းရှိ PDF ထိန်းချုပ်နယ်မြေများတွင် အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှုများကြုံနေရကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
(၂၀၂၁)ခုနှစ်က စတင်ကာ ခင်ဦးမြို့နယ်တွင် PDF အဖွဲ့တို့ စတင်လှုပ်ရှားလာခဲ့ပြီးနောက် စတင် ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်နဲ့သိတဲ့ တစ်ယောက်ရဲ့သမီးဆိုရင် PDF က အိမ်ပေါ်တက်ပြီး သူ့သမီးနဲ့ လက်မထပ် ဘဲ ပေါင်းသင်းနေတာ။ နောက်ပြီး သူ့သမီးကိုလည်း နှိပ်စက်တယ်။ သူတို့ကိုပါ ရန်ရှာသေးတယ်။ အဲဒီလို မျိုးတွေက ဒေသတွင်းကျေးရွာတွေမှာ PDF တွေကလည်းလုပ်နေသလို တချို့ကောင်တွေကလည်း အဲဒီ အချိုးပဲ ချိုးနေတာ။ ကောင်မလေးတွေက နောက်တော့ အဲဒီလူတွေနဲ့ မပေါင်သင်းနိုင်တော့လို့ ထွက်ပြေး ပြီး မန္တလေးနဲ့ တခြားနေရာတွေမှာသွားပြီး အလုပ်လုပ်ပြီးရှောင်နေကြရတယ်” ဟု သိရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် အမျိုးသမီးငယ်အချို့၏ မိဘ၊ ဆွေမျိုးများကို မထီမဲ့မြင်ပြုခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကိုလည်း လုပ်ဆောင်ကာ အမျိုးသမီးငယ်များကို PDF တစ်ဦးမှတစ်ဦးသို့ပြောင်းလဲကာ ပေါင်းသင်း နေထိုင်စေခိုင်းခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“နောက်တစ်ခုဆိုးတာက ကောင်မလေး တစ်ယောက်ကို PDF တစ်ယောက်က ပေါင်းသင်းပြီး ရင် နောက်တစ်ယောက်ကလည်းလိုချင်ရင် ယူလို့ရတဲ့ပုံစံမျိုးနဲ့ပေးလိုက်တာပဲ။ အဲဒီတော့ ရှေ့တစ် ယောက်က အိမ်ပေါ်ကနေဆင်းသွားရင် နောက်တစ်ယောက်က အိမ်ပေါ်တက် လာတယ်။ ဒီအချိုးပဲ။ တချို့ဆို ကောင်းကောင်းနေပေမယ့် တချို့ PDF တွေက ခိုးတယ်၊ ဓားပြတိုက်တယ်၊ မူးရူးနေတဲ့လူတွေ ဆိုတော့ ဘယ်မိဘက လက်ခံမလဲ။ အဲဒါကိုလည်း မိန်းကလေးဖြစ်သူက ကြောက်လို့ ပေါင်းသင်းနေရ တာပဲ။ တော်တော်ဆိုးတယ်”ဟု ၎င်းကဆက် ပြောသည်။
ထို့ပြင် ရွှေဘိုမြို့နယ်အတွင်းနှင့် တန့်ဆည်မြို့နယ်အတွင်းတွင်လည်း ကျောင်းသူ၊ ကျောင်း သားများ အခြေခံပညာသင်ကြားရာတွင် PDF အဖွဲ့များ၏ ခြိမ်းခြောက်ခြင်းကိုခံနေရကြောင်း ရွှေဘို ဒေသခံတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေမှာက ကလေးတွေတော်တော်များများက ကျောင်းမတက်ရဘူး။ ကျောင်းတက်တဲ့ ကလေးတွေက ကျောင်းကို ခိုးကြောင်ခိုးဝှက်နဲ့လာရတာ။ ကျောင်းကို ယူနီဖောင်းအပြည့်အစုံနဲ့မသွားရဲဘူး။ သွားလို့ PDF တို့ PDF နဲ့ ပတ်သက်ဆက်နွှယ်တဲ့လူ သိရင် အဲဒီကျောင်းသူရဲ့မိဘတွေကို ခြိမ်းခြောက်တယ်။ အဲဒီတော့ ကျောင်းတက်တဲ့ကလေးတွေက ရွာကနေ မြို့ပေါ်ကျောင်းကိုလာရင် အပြင်အဝတ် အစားနဲ့လာရတယ်။ ကျောင်းရောက်မှ ယူနီဖောင်း ပြောင်းဝတ်ရတယ်”ဟု ၎င်းကပြောသည်။
အညာဒေသမှ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရသည့် ဖြစ်စဉ်များအနက် ထင်ရှားသော ဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့ နယ်တွင် PDF အဖွဲ့ဝင်တစ်ဦးက ၎င်းကို ပြန်မကြိုက်သည့်အမျိုးသမီးကို နေအိမ်ခြံဝင်းအတွင်း ဝင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့်အပြင် အခြားသူတစ်ဦးကိုပါ သတ်ရန်ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်ဖြစ် ပွားခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
ခင္ဦးၿမိဳ႕နယ္အတြင္းရွိ PDF ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ အမ်ိဳးသမီးအခြင့္အေရး ဆုံးရႈံးမႈမ်ား ႀကဳံေနရ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂
စစ္ကိုင္းတိုင္းေဒသႀကီး ခင္ဦးၿမိဳ႕နယ္အတြင္းရွိ PDF ထိန္းခ်ဳပ္နယ္ေျမမ်ားတြင္ အမ်ိဳးသမီး အခြင့္အေရး ဆုံးရႈံးမႈမ်ားႀကဳံေနရေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
(၂၀၂၁)ခုႏွစ္က စတင္ကာ ခင္ဦးၿမိဳ႕နယ္တြင္ PDF အဖြဲ႕တို႔ စတင္လႈပ္ရွားလာခဲ့ၿပီးေနာက္ စတင္ ျဖစ္ပြားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္နဲ႔သိတဲ့ တစ္ေယာက္ရဲ႕သမီးဆိုရင္ PDF က အိမ္ေပၚတက္ၿပီး သူ႔သမီးနဲ႔ လက္မထပ္ ဘဲ ေပါင္းသင္းေနတာ။ ေနာက္ၿပီး သူ႔သမီးကိုလည္း ႏွိပ္စက္တယ္။ သူတို႔ကိုပါ ရန္ရွာေသးတယ္။ အဲဒီလို မ်ိဳးေတြက ေဒသတြင္းေက်း႐ြာေတြမွာ PDF ေတြကလည္းလုပ္ေနသလို တခ်ိဳ႕ေကာင္ေတြကလည္း အဲဒီ အခ်ိဳးပဲ ခ်ိဳးေနတာ။ ေကာင္မေလးေတြက ေနာက္ေတာ့ အဲဒီလူေတြနဲ႔ မေပါင္သင္းႏိုင္ေတာ့လို႔ ထြက္ေျပး ၿပီး မႏၲေလးနဲ႔ တျခားေနရာေတြမွာသြားၿပီး အလုပ္လုပ္ၿပီးေရွာင္ေနၾကရတယ္” ဟု သိရွိသူတစ္ဦးက ေျပာသည္။
ထို႔ျပင္ အမ်ိဳးသမီးငယ္အခ်ိဳ႕၏ မိဘ၊ ေဆြမ်ိဳးမ်ားကို မထီမဲ့ျမင္ျပဳျခင္းႏွင့္ ၿခိမ္းေျခာက္ျခင္းမ်ား ကိုလည္း လုပ္ေဆာင္ကာ အမ်ိဳးသမီးငယ္မ်ားကို PDF တစ္ဦးမွတစ္ဦးသို႔ေျပာင္းလဲကာ ေပါင္းသင္း ေနထိုင္ေစခိုင္းျခင္းမ်ားကိုလည္း လုပ္ေဆာင္ေနေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
“ေနာက္တစ္ခုဆိုးတာက ေကာင္မေလး တစ္ေယာက္ကို PDF တစ္ေယာက္က ေပါင္းသင္းၿပီး ရင္ ေနာက္တစ္ေယာက္ကလည္းလိုခ်င္ရင္ ယူလို႔ရတဲ့ပုံစံမ်ိဳးနဲ႔ေပးလိုက္တာပဲ။ အဲဒီေတာ့ ေရွ႕တစ္ ေယာက္က အိမ္ေပၚကေနဆင္းသြားရင္ ေနာက္တစ္ေယာက္က အိမ္ေပၚတက္ လာတယ္။ ဒီအခ်ိဳးပဲ။ တခ်ိဳ႕ဆို ေကာင္းေကာင္းေနေပမယ့္ တခ်ိဳ႕ PDF ေတြက ခိုးတယ္၊ ဓားျပတိုက္တယ္၊ မူး႐ူးေနတဲ့လူေတြ ဆိုေတာ့ ဘယ္မိဘက လက္ခံမလဲ။ အဲဒါကိုလည္း မိန္းကေလးျဖစ္သူက ေၾကာက္လို႔ ေပါင္းသင္းေနရ တာပဲ။ ေတာ္ေတာ္ဆိုးတယ္”ဟု ၎ကဆက္ ေျပာသည္။
ထို႔ျပင္ ေ႐ႊဘိုၿမိဳ႕နယ္အတြင္းႏွင့္ တန႔္ဆည္ၿမိဳ႕နယ္အတြင္းတြင္လည္း ေက်ာင္းသူ၊ ေက်ာင္း သားမ်ား အေျခခံပညာသင္ၾကားရာတြင္ PDF အဖြဲ႕မ်ား၏ ၿခိမ္းေျခာက္ျခင္းကိုခံေနရေၾကာင္း ေ႐ႊဘို ေဒသခံတစ္ဦးက ဆိုသည္။
“ကြၽန္ေတာ္တို႔ ေ႐ႊဘိုၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြမွာက ကေလးေတြေတာ္ေတာ္မ်ားမ်ားက ေက်ာင္းမတက္ရဘူး။ ေက်ာင္းတက္တဲ့ ကေလးေတြက ေက်ာင္းကို ခိုးေၾကာင္ခိုးဝွက္နဲ႔လာရတာ။ ေက်ာင္းကို ယူနီေဖာင္းအျပည့္အစုံနဲ႔မသြားရဲဘူး။ သြားလို႔ PDF တို႔ PDF နဲ႔ ပတ္သက္ဆက္ႏႊယ္တဲ့လူ သိရင္ အဲဒီေက်ာင္းသူရဲ႕မိဘေတြကို ၿခိမ္းေျခာက္တယ္။ အဲဒီေတာ့ ေက်ာင္းတက္တဲ့ကေလးေတြက ႐ြာကေန ၿမိဳ႕ေပၚေက်ာင္းကိုလာရင္ အျပင္အဝတ္ အစားနဲ႔လာရတယ္။ ေက်ာင္းေရာက္မွ ယူနီေဖာင္း ေျပာင္းဝတ္ရတယ္”ဟု ၎ကေျပာသည္။
အညာေဒသမွ အမ်ိဳးသမီးအခြင့္အေရး ခ်ိဳးေဖာက္ခံရသည့္ ျဖစ္စဥ္မ်ားအနက္ ထင္ရွားေသာ ျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၂၆) ရက္ကလည္း စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕ နယ္တြင္ PDF အဖြဲ႕ဝင္တစ္ဦးက ၎ကို ျပန္မႀကိဳက္သည့္အမ်ိဳးသမီးကို ေနအိမ္ၿခံဝင္းအတြင္း ဝင္ကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သည့္အျပင္ အျခားသူတစ္ဦးကိုပါ သတ္ရန္ႀကိဳးပမ္းခဲ့သည့္ ျဖစ္စဥ္ျဖစ္ ပြားခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.