ကျားဖျန့်လိမ်လည်မှုစင်တာများ အရှေ့တောင်အာရှမှ အရှေ့တီမောသို့ပြောင်းရွှေ့ဝင်ရောက်လာဟု ကုလသမဂ္ဂ သတိပေး

 133

Htay Oung (NP News) - စက်တင်ဘာ ၁၃
အရှေ့တီမောနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အခြားကမ္ဘာမှာ ဖြစ်ပွားနေတဲ့ “ကျားဖျန့်” ခေါ် အွန်လိုင်းလိမ် လည်မှု စင်တာများရဲ့ အခြေချရာ နောက်ဆုံးနေရာဖြစ်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ် မှုခင်းဆိုင်ရာရုံး (UNODC) က သတိပေးလိုက်တယ်လို့ “အယ်လ်ဂျားဇီးယား”က စက်တင်ဘာလ ၁၂ ရက်မှာ ရေးသားခဲ့ပါတယ်။
နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားတဲ့ ရာဇဝတ်ကွန်ရက်တွေဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအစီအစဉ်များမှတစ်ဆင့် အ ရှေ့တီမောနိုင်ငံရဲ့အထူးအုပ်ချုပ်ခွင့်ရ “အိုအွီစီ အမ်ဘီနိုဒေသ” အတွင်းကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ စက်တင်ဘာ ၁၁ ရက် ကုလသမဂ္ဂရဲ့ တရားဝင် သတိပေးချက်မှာ ဖော်ပြထားပါတယ်။
အိုအွီစီဒေသဟာ အင်ဒိုနီးရှားပိုင်နက်နယ်မြေများ ပတ်လည်ဝိုင်းလျက်တည်ရှိပြီး ဆာဗူးပင်လယ်နဲ့ထိစပ်နေတဲ့ အရှေ့တီမောရဲ့နယ်မြေတစ်ခုဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက အရှေ့တီမောအစိုးရဟာ အဲဒီနေရာမှာ “လွတ်လပ်သော ဒစ်ဂျစ်တယ် ကုန်သွယ်မှုဇုန်” ကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လ တရားဥပဒေစိုးမိုးရေးအတွက် စီးနင်းရှာဖွေမှုများ ပြုလုပ်တဲ့အခါမှသာ “ကျားဖျန့်စင်တာ” အဖြစ် လုပ်ဆောင်နေ ကြောင်း၊ အသေးစိတ်ဆက်လက်စစ်ကြောတဲ့အခါ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဆိုက်ဘာရာဇဝတ်ကောင်များ၊ ပင်လယ်ရပ်ခြား လောင်းကစားအော်ပရေတာများ၊ ဆက်စပ်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်အလုပ်လုပ်နေကြောင်း ပေါ်ပေါက်လာခဲ့တယ်လို့ UNODC က ပြောပါတယ်။
အိုအွီစီဟိုတယ်ကို စီးနင်းရှာဖွေခဲ့ရာ အရှေ့တောင်အာရှတစ်ဝှမ်းနဲ့ ကမ္ဘောဒီးယားရှိ ကျားဖျန့်စင်တာများ နည်းတူ ဆင်းမ်ကတ်များနဲ့ Starlink ဂြိုလ်တုအင်တာနက်ဆက်သွယ်ရေးပစ္စည်းများကို တွေ့ရှိရကြောင်း၊ “ဆွန်ယီအွန်” အမည်ရှိ တရုတ် ငွေလိမ်/လျှို့ဝှက်ဒုစရိုက်ဂိုဏ်းနည်းတူ ဟောင်ကောင်မှာ အခြေစိုက်ပြီး နိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ 14K (ထရိုင်ရိတ်) ကျားဖျန့်ဂိုဏ်းတို့နဲ့ ဆက်သွယ်မှု ရှိနေတာကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း
ရာဇဝတ်ဂိုဏ်းတွေဟာ သက်ဆိုင်ရာတိုင်းပြည်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် “အထူးစီးပွား ရေးဇုန်များ” ရဲ့ရည်ရွယ်ချက်ကို အခွင့်ကောင်းယူပြီး ဟန်ပြကုမ္ပဏီများမှတစ်ဆင့် ရာဇဝတ်မှုဆိုင်ရာလုပ်ငန်း များကို ထူထောင်ခြင်းဖြစ်ကြောင်း၊ အဲ့ဒီလုပ်ငန်းတွေဟာ တရားမဝင် ပင်လယ်ရပ်ခြားလောင်းကစား၊ အွန်လိုင်း မှ အီစီကလီလုပ်ပြီး ပစ္စည်း-ငွေကြေးလိမ်လည်တဲ့ “ရိုမန့်တစ် ကျားဖျန့်များ” (သို့) ခရစ်တိုကာရင်စီ ငွေကြေးနဲ့ ကာလရှည် ရင်းနှီးမြှုပ်နှံရေး လိမ်လည်မှုတွေလို မတူကွဲပြားတဲ့အစီအစဉ်အမျိုးမျိုးမှတစ်ဆင့် နှစ်စဉ် ဒေါ်လာ ဘီလီယံချီ၍ ရရှိနေကြောင်း သိရှိရပါတယ်။

သူတို့ဟာ ကမ္ဘာတဝှမ်းမှ အလုပ်အကိုင်ရှာဖွေနေသူတွေကို လုပ်ခလစာကောင်း မက်လုံးပေး သွေးဆောင်ပြီး လူကုန်ကူးမှု ကျူးလွန်ရာမှာ ပါဝင်ပတ်သက်နေပါတယ်၊ အလုပ်အကိုင် ရှာဖွေနေသူတွေကို ချုပ်နှောင်ထားပြီး ရာဇဝတ်မှုကျူးလွန်ရန် အတင်းအကြပ် ခိုင်းစေလျက်ရှိကြောင်း၊ အခင်းဖြစ်ပွားရာ အိုအွီစီ ဟိုတယ်မှာ အင်ဒိုနီး ရှား၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့မှ အလုပ်သမား ၃၀ ကို ဖမ်းဆီးခဲ့ရတယ်လို့ အေပီသတင်းဌာနက ဖော်ပြပါ တယ်။
လူကုန်ကူးခြင်းခံရသူ သို့မဟုတ် အခင်းဖြစ်နေရာမှာ ဖမ်းဆီးရမိသူတွေဟာ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက် ခြင်း ရှိ-မရှိ မသိရသေးကြောင်း၊ ဒါပေမယ့် လူအများစုဟာ သတင်းအချက်အလက်နည်းပညာဆိုင်ရာ တက္ကသိုလ်အဆင့် ပညာတတ်များဖြစ်တယ်လို့ UNODC က ဆိုပါတယ်။ အချို့သော ကျားဖျန့်ဂိုဏ်းတွေဟာ သက်ဆိုင်ရာတိုင်းပြည်ရဲ့ “ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားအခွင့်အရေးရရှိခြင်း” အစီအစဉ်များကို အခွင့်ကောင်းယူကာ ပတ်စပို့များစွာကို ကိုင်ဆောင်ထားပုံရပြီး၊ ဥပဒေအရ စစ်ဆေးမှုများကို ရှောင်တိမ်းရန် အသုံးပြုနိုင်ကြောင်း သိ ရှိရပါတယ်။
လိမ်လည်မှု အပုပ်နံ့ထွက်ရာ အချက်အချာနေရာများမှာ မီဒီယာအာရုံစိုက်မှုနဲ့ တရားဥပဒေစိုးမိုးမှု တိုးမြှင့် လာခြင်းတို့ဟာ ဒုစရိုက်အဖွဲ့များအနေနဲ့ အရှေ့တီမောလို တစ်သီးတစ်ခြားနေရာသစ်များကို ရှာဖွေရန် တွန်းအား ဖြစ်စေခဲ့ပါတယ်။
ရာဇဝတ်ကောင်အဖွဲ့တွေဟာ တရားဝင် ရင်းနှီးမြုပ်နှံမှု မူဘောင်များအတွင်း ဥပဒေ လက်တစ်လုံးခြားလုပ်ပြီး ပြစ်မှု ကျူးလွန်နေခြင်းကို ထောက်လှမ်းခံရခြင်းမှ ရှောင်လွှဲရန်အတွက် ဟန်ပြကုမ္ပဏီများ၊ အသက်မွေးဝမ်း ကျောင်း ဝန်ဆောင်မှုများနဲ့ နိုင်ငံကူးလက်မှတ်အများအပြားကို အသုံးချလျက်ရှိပါတယ်။
ယခုတွေ့ရှိရတဲ့ နည်းလမ်းကြောင်းဟာ နှိမ်နင်းမှု အမျိုးမျိုးကြားမှ ကျားဖျန့်ကမ္ဘာရဲ့ တောင့်ခံနိုင်ရည်အား၊ အ ခြေအနေအရပ်ရပ်နဲ့ လိုက်လျောညီထွေနေတတ်မှုကို မီးမောင်းထိုး ဖော်ပြနေကြောင်း၊ စီးပွားရေး ဗန်းပြပြီး ထွန်းသစ်စနိုင်ငံများက ပစ်မှတ်ထားနိုင်တဲ့ အန္တရာယ်များရှိနေတယ်လို့ ကုလသမဂ္ဂအေဂျင်စီက ပြောဆို ကြောင်း သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။
#HtayOung #OungMarine

Zawgyi Version:
က်ားဖ်န႔္လိမ္လည္မႈစင္တာမ်ား အေရွ႕ေတာင္အာရွမွ အေရွ႕တီေမာသို႔ေျပာင္းေ႐ႊ႕ဝင္ေရာက္လာဟု ကုလသမဂၢ သတိေပး
Htay Oung (NP News) - စက္တင္ဘာ ၁၄
အေရွ႕တီေမာႏိုင္ငံဟာ အေရွ႕ေတာင္အာရွနဲ႔ အျခားကမာၻမွာ ျဖစ္ပြားေနတဲ့ “က်ားဖ်န႔္” ေခၚ အြန္လိုင္းလိမ္ လည္မႈ စင္တာမ်ားရဲ႕ အေျခခ်ရာ ေနာက္ဆုံးေနရာျဖစ္လာေၾကာင္း ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္ မႈခင္းဆိုင္ရာ႐ုံး (UNODC) က သတိေပးလိုက္တယ္လို႔ “အယ္လ္ဂ်ားဇီးယား”က စက္တင္ဘာလ ၁၂ ရက္မွာ ေရးသားခဲ့ပါတယ္။
ႏိုင္ငံျဖတ္ေက်ာ္ဖြဲ႕စည္းထားတဲ့ ရာဇဝတ္ကြန္ရက္ေတြဟာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈအစီအစဥ္မ်ားမွတစ္ဆင့္ အ ေရွ႕တီေမာႏိုင္ငံရဲ႕အထူးအုပ္ခ်ဳပ္ခြင့္ရ “အိုအြီစီ အမ္ဘီႏိုေဒသ” အတြင္းကို ထိုးေဖာက္ဝင္ေရာက္ခဲ့တယ္လို႔ စက္တင္ဘာ ၁၁ ရက္ ကုလသမဂၢရဲ႕ တရားဝင္ သတိေပးခ်က္မွာ ေဖာ္ျပထားပါတယ္။
အိုအြီစီေဒသဟာ အင္ဒိုနီးရွားပိုင္နက္နယ္ေျမမ်ား ပတ္လည္ဝိုင္းလ်က္တည္ရွိၿပီး ဆာဗူးပင္လယ္နဲ႔ထိစပ္ေနတဲ့ အေရွ႕တီေမာရဲ႕နယ္ေျမတစ္ခုျဖစ္ပါတယ္။ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလတုန္းက အေရွ႕တီေမာအစိုးရဟာ အဲဒီေနရာမွာ “လြတ္လပ္ေသာ ဒစ္ဂ်စ္တယ္ ကုန္သြယ္မႈဇုန္” ကို တည္ေထာင္ခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ဩဂုတ္လ တရားဥပေဒစိုးမိုးေရးအတြက္ စီးနင္းရွာေဖြမႈမ်ား ျပဳလုပ္တဲ့အခါမွသာ “က်ားဖ်န႔္စင္တာ” အျဖစ္ လုပ္ေဆာင္ေန ေၾကာင္း၊ အေသးစိတ္ဆက္လက္စစ္ေၾကာတဲ့အခါ ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ ဆိုက္ဘာရာဇဝတ္ေကာင္မ်ား၊ ပင္လယ္ရပ္ျခား ေလာင္းကစားေအာ္ပေရတာမ်ား၊ ဆက္စပ္အဖြဲ႕အစည္းမ်ားနဲ႔ ခ်ိတ္ဆက္အလုပ္လုပ္ေနေၾကာင္း ေပၚေပါက္လာခဲ့တယ္လို႔ UNODC က ေျပာပါတယ္။
အိုအြီစီဟိုတယ္ကို စီးနင္းရွာေဖြခဲ့ရာ အေရွ႕ေတာင္အာရွတစ္ဝွမ္းနဲ႔ ကေမာၻဒီးယားရွိ က်ားဖ်န႔္စင္တာမ်ား နည္းတူ ဆင္းမ္ကတ္မ်ားနဲ႔ Starlink ၿဂိဳလ္တုအင္တာနက္ဆက္သြယ္ေရးပစၥည္းမ်ားကို ေတြ႕ရွိရေၾကာင္း၊ “ဆြန္ယီအြန္” အမည္ရွိ တ႐ုတ္ ေငြလိမ္/လွ်ိဳ႕ဝွက္ဒုစ႐ိုက္ဂိုဏ္းနည္းတူ ေဟာင္ေကာင္မွာ အေျခစိုက္ၿပီး ႏိုင္ငံတကာမွာ လႈပ္ရွားေနတဲ့ 14K (ထ႐ိုင္ရိတ္) က်ားဖ်န႔္ဂိုဏ္းတို႔နဲ႔ ဆက္သြယ္မႈ ရွိေနတာကို စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း
ရာဇဝတ္ဂိုဏ္းေတြဟာ သက္ဆိုင္ရာတိုင္းျပည္က ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဆြဲေဆာင္ရန္ “အထူးစီးပြား ေရးဇုန္မ်ား” ရဲ႕ရည္႐ြယ္ခ်က္ကို အခြင့္ေကာင္းယူၿပီး ဟန္ျပကုမၸဏီမ်ားမွတစ္ဆင့္ ရာဇဝတ္မႈဆိုင္ရာလုပ္ငန္း မ်ားကို ထူေထာင္ျခင္းျဖစ္ေၾကာင္း၊ အဲ့ဒီလုပ္ငန္းေတြဟာ တရားမဝင္ ပင္လယ္ရပ္ျခားေလာင္းကစား၊ အြန္လိုင္း မွ အီစီကလီလုပ္ၿပီး ပစၥည္း-ေငြေၾကးလိမ္လည္တဲ့ “႐ိုမန႔္တစ္ က်ားဖ်န႔္မ်ား” (သို႔) ခရစ္တိုကာရင္စီ ေငြေၾကးနဲ႔ ကာလရွည္ ရင္းႏွီးျမႇဳပ္ႏွံေရး လိမ္လည္မႈေတြလို မတူကြဲျပားတဲ့အစီအစဥ္အမ်ိဳးမ်ိဳးမွတစ္ဆင့္ ႏွစ္စဥ္ ေဒၚလာ ဘီလီယံခ်ီ၍ ရရွိေနေၾကာင္း သိရွိရပါတယ္။

သူတို႔ဟာ ကမာၻတဝွမ္းမွ အလုပ္အကိုင္ရွာေဖြေနသူေတြကို လုပ္ခလစာေကာင္း မက္လုံးေပး ေသြးေဆာင္ၿပီး လူကုန္ကူးမႈ က်ဴးလြန္ရာမွာ ပါဝင္ပတ္သက္ေနပါတယ္၊ အလုပ္အကိုင္ ရွာေဖြေနသူေတြကို ခ်ဳပ္ေႏွာင္ထားၿပီး ရာဇဝတ္မႈက်ဴးလြန္ရန္ အတင္းအၾကပ္ ခိုင္းေစလ်က္ရွိေၾကာင္း၊ အခင္းျဖစ္ပြားရာ အိုအြီစီ ဟိုတယ္မွာ အင္ဒိုနီး ရွား၊ မေလးရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔မွ အလုပ္သမား ၃၀ ကို ဖမ္းဆီးခဲ့ရတယ္လို႔ ေအပီသတင္းဌာနက ေဖာ္ျပပါ တယ္။
လူကုန္ကူးျခင္းခံရသူ သို႔မဟုတ္ အခင္းျဖစ္ေနရာမွာ ဖမ္းဆီးရမိသူေတြဟာ ရာဇဝတ္မႈေတြမွာ ပါဝင္ပတ္သက္ ျခင္း ရွိ-မရွိ မသိရေသးေၾကာင္း၊ ဒါေပမယ့္ လူအမ်ားစုဟာ သတင္းအခ်က္အလက္နည္းပညာဆိုင္ရာ တကၠသိုလ္အဆင့္ ပညာတတ္မ်ားျဖစ္တယ္လို႔ UNODC က ဆိုပါတယ္။ အခ်ိဳ႕ေသာ က်ားဖ်န႔္ဂိုဏ္းေတြဟာ သက္ဆိုင္ရာတိုင္းျပည္ရဲ႕ “ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ႏိုင္ငံသားအခြင့္အေရးရရွိျခင္း” အစီအစဥ္မ်ားကို အခြင့္ေကာင္းယူကာ ပတ္စပို႔မ်ားစြာကို ကိုင္ေဆာင္ထားပုံရၿပီး၊ ဥပေဒအရ စစ္ေဆးမႈမ်ားကို ေရွာင္တိမ္းရန္ အသုံးျပဳႏိုင္ေၾကာင္း သိ ရွိရပါတယ္။
လိမ္လည္မႈ အပုပ္နံ႔ထြက္ရာ အခ်က္အခ်ာေနရာမ်ားမွာ မီဒီယာအာ႐ုံစိုက္မႈနဲ႔ တရားဥပေဒစိုးမိုးမႈ တိုးျမႇင့္ လာျခင္းတို႔ဟာ ဒုစ႐ိုက္အဖြဲ႕မ်ားအေနနဲ႔ အေရွ႕တီေမာလို တစ္သီးတစ္ျခားေနရာသစ္မ်ားကို ရွာေဖြရန္ တြန္းအား ျဖစ္ေစခဲ့ပါတယ္။
ရာဇဝတ္ေကာင္အဖြဲ႕ေတြဟာ တရားဝင္ ရင္းႏွီးျမဳပ္ႏွံမႈ မူေဘာင္မ်ားအတြင္း ဥပေဒ လက္တစ္လုံးျခားလုပ္ၿပီး ျပစ္မႈ က်ဴးလြန္ေနျခင္းကို ေထာက္လွမ္းခံရျခင္းမွ ေရွာင္လႊဲရန္အတြက္ ဟန္ျပကုမၸဏီမ်ား၊ အသက္ေမြးဝမ္း ေက်ာင္း ဝန္ေဆာင္မႈမ်ားနဲ႔ ႏိုင္ငံကူးလက္မွတ္အမ်ားအျပားကို အသုံးခ်လ်က္ရွိပါတယ္။
ယခုေတြ႕ရွိရတဲ့ နည္းလမ္းေၾကာင္းဟာ ႏွိမ္နင္းမႈ အမ်ိဳးမ်ိဳးၾကားမွ က်ားဖ်န႔္ကမာၻရဲ႕ ေတာင့္ခံႏိုင္ရည္အား၊ အ ေျခအေနအရပ္ရပ္နဲ႔ လိုက္ေလ်ာညီေထြေနတတ္မႈကို မီးေမာင္းထိုး ေဖာ္ျပေနေၾကာင္း၊ စီးပြားေရး ဗန္းျပၿပီး ထြန္းသစ္စႏိုင္ငံမ်ားက ပစ္မွတ္ထားႏိုင္တဲ့ အႏၲရာယ္မ်ားရွိေနတယ္လို႔ ကုလသမဂၢေအဂ်င္စီက ေျပာဆို ေၾကာင္း သတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.