ငလျင်သင့်ဒေသများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်းပေါင်း (၈၁ဝဝဝ) ကျော် ထောက်ပံ့ခဲ့ဟုဆို

38

သက်ပိုင် (NP News) - စက်တင်ဘာ ၂၀
ငလျင်သင့်ဒေသများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်းပေါင်း (၈၁၀၀၀) ကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်က စစ်ကိုင်းမြို့တွင်ပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဆောက်လုပ်ရေး၊ လမ်းတံတား နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် လမ်းပျက်စီးမှုလုပ်ငန်း ပေါင်း ၆၂၇ ခု၊ တံတားလုပ်ငန်း ၁၈၅ ခု ပျက်စီးခဲ့ကြောင်းနှင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင်လည်း လူနေအိမ် နှင့် ရုံးအဆောက်အအုံများ ပြိုကျပျက်စီးခဲ့မှုကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၈၁၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ခြောက်လစာ တစုတစည်းတည်းပေးအပ်ခဲ့ပြီး ၂၀၂၅ ဘဏ္ဍာ နှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၃၃၁၃ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးကျပ် ၁၉၀ ဒသမ ၇၄ သန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာနှစ်ခု နှင့် ဘိုးဘွားရိပ်သာရှစ်ခု စုစုပေါင်းဂေဟာ၊ ရိပ်သာ ၂၂ ခု၊ စေတနာမူလတန်းကြိုကျောင်းတစ်ကျောင်း နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၄၀ အတွက် ထောက်ပံ့ကြေးငွေကျပ် ၁၄၈ ဒသမ ၃၅၇ သန်း နှင့် နေရပ်စွန့်ခွာပြည်သူ ၁၀၈၉၁၆ ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၅၃၄ ဒသမ ၉၆၀ သန်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်များကြောင့် အဆောက်အအုံနှင့် လမ်းတံတားကဏ္ဍထိခိုက်ပျက်စီးမှုများသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဟန့်အတားဖြစ်စေနိုင်သောကြောင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်တကျစီမံခန့်ခွဲရန် လိုအပ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္သင့္ေဒသမ်ားကို အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈရန္ပုံေငြမွ က်ပ္သန္းေပါင္း (၈၁ဝဝဝ) ေက်ာ္ ေထာက္ပံ့ခဲ့ဟုဆို
သက္ပိုင္ (NP News) - စက္တင္ဘာ ၂၀
ငလ်င္သင့္ေဒသမ်ားကို အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈရန္ပုံေငြမွ က်ပ္သန္းေပါင္း (၈၁၀၀၀) ေက်ာ္ ေထာက္ပံ့ခဲ့ၿပီးျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္းက ေျပာသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၉) ရက္က စစ္ကိုင္းၿမိဳ႕တြင္ျပဳလုပ္ခဲ့ေသာ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း လူမႈေရးပင္စင္၊ ေစတနာ့ဝန္ထမ္းအဖြဲ႕အစည္းမ်ား၊ ယာယီေနရပ္စြန႔္ခြာျပည္သူမ်ားအတြက္ ေထာက္ပံ့ေငြေပးအပ္ျခင္းႏွင့္ ေဆာက္လုပ္ေရး၊ လမ္းတံတား ႏွင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ စကားဝိုင္းေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုဝန္ႀကီးက ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မႏၲေလးငလ်င္ႀကီးေၾကာင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး အပါအဝင္ လမ္းပ်က္စီးမႈလုပ္ငန္း ေပါင္း ၆၂၇ ခု၊ တံတားလုပ္ငန္း ၁၈၅ ခု ပ်က္စီးခဲ့ေၾကာင္းႏွင့္ ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ရွစ္ခုတြင္လည္း လူေနအိမ္ ႏွင့္ ႐ုံးအေဆာက္အအုံမ်ား ၿပိဳက်ပ်က္စီးခဲ့မႈေၾကာင့္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံေငြမွ က်ပ္သန္းေပါင္း ၈၁၀၀၀ ေက်ာ္ ေထာက္ပံ့ေပးခဲ့ၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အသက္ ၈၅ ႏွစ္ႏွင့္အထက္ သက္ႀကီးပုဂၢိဳလ္မ်ားအတြက္ လူမႈေရးပင္စင္ေထာက္ပံ့ေၾကးမ်ားကို ေျခာက္လစာ တစုတစည္းတည္းေပးအပ္ခဲ့ၿပီး ၂၀၂၅ ဘ႑ာ ႏွစ္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ အသက္ ၈၅ ႏွစ္ႏွင့္အထက္ လူမႈေရးပင္စင္အက်ိဳးခံစားခြင့္ရွိသူ သက္ႀကီးပုဂၢိဳလ္ ၃၃၁၃ ဦးအတြက္ လူမႈေရးပင္စင္ေထာက္ပံ့ေၾကးက်ပ္ ၁၉၀ ဒသမ ၇၄ သန္း၊ ေစတနာ့ဝန္ထမ္းအဖြဲ႕အစည္းမ်ားျဖစ္ေသာ လူငယ္ဖြံ႕ၿဖိဳးေရးပရဟိတေဂဟာ ၁၁ ခု၊ အမ်ိဳးသမီးေဂဟာႏွစ္ခု ႏွင့္ ဘိုးဘြားရိပ္သာရွစ္ခု စုစုေပါင္းေဂဟာ၊ ရိပ္သာ ၂၂ ခု၊ ေစတနာမူလတန္းႀကိဳေက်ာင္းတစ္ေက်ာင္း ႏွင့္ ကိုယ့္အားကိုယ္ကိုး မူလတန္းႀကိဳေက်ာင္း ၄၀ အတြက္ ေထာက္ပံ့ေၾကးေငြက်ပ္ ၁၄၈ ဒသမ ၃၅၇ သန္း ႏွင့္ ေနရပ္စြန႔္ခြာျပည္သူ ၁၀၈၉၁၆ ဦးအတြက္ ေထာက္ပံ့ေငြက်ပ္ ၆၅၃၄ ဒသမ ၉၆၀ သန္းကို ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ အေဆာက္အအုံႏွင့္ လမ္းတံတားက႑ထိခိုက္ပ်က္စီးမႈမ်ားသည္ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ အဟန႔္အတားျဖစ္ေစႏိုင္ေသာေၾကာင့္ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ လုပ္ငန္းမ်ားတြင္ မိမိတို႔၏ သက္ဆိုင္ရာက႑အလိုက္ စနစ္တက်စီမံခန႔္ခြဲရန္ လိုအပ္သည္ဟုလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာဆိုခဲ့ေၾကာင္း သိရသည္။