ကလေးများအတွက် ထုတ်လုပ်ထားသော ဒူးမက်ဒူပရိုပစ္စည်းအတုများ ဈေးကွက်အတွင်း ရောက်နေကြောင်း FDA မှ အသိပေး

242

ချယ်ရီ (NP News) - စက်တင်ဘာ ၂၀
ဈေးကွက်အတွင်းရောက်နေသည့် ကလေးများအတွက်ထုတ်လုပ်ထားသော ဒူးမက် ဒူပရို ပစ္စည်းအတုများကို ဝယ်ယူစားသုံးခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ အသိပေးထုတ်ပြန်ထားသည်။
DKSH Myanmar Ltd. မှ တင်သွင်းသော ထောက်ခံချက်ရရှိထားသည့် နို့စို့ကလေး နှင့် ကလေးငယ်များအတွက် ဖော်စပ်စာ Dumex Dupro Brand များကို ဈေးကွက်အတွင်း ကုန်ပစ္စည်းအတုများ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထောက်ခံချက်ရရှိထားသော Dumex Dupro Brand (အစစ်) နှင့် (အတု) ၏ ကွဲပြားခြားနားချက်များကိုလည်း ပြသထားရာ အစစ်တွင် ဒူးမက်ဟု မြန်မာစာလုံးပေါင်း (က်) ဖြင့် ရေးသားထားခြင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ အပတ်စဉ်နှင့် သက်တမ်းကုန်ဆုံးရက်စွဲများကို အချိန်၊ နာရီအတိအကျဖြင့် ဖော်ပြထားခြင်းအပြင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူအမည်၊ လိပ်စာ၊ အမှတ်တံဆိပ်နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ဒူးမက် ဒူပရိုအတုတွင် ဒူးမက်ကို(တ်)ဖြင့် ရေးသားထားခြင်း၊ ထုတ်လုပ်သည့် ရက်စွဲ၊ အပတ်စဉ်နှင့် သက်တမ်းကုန်ဆုံးချိန်များကို အချိန်၊ နာရီအတိအကျဖြင့် ဖော်ပြထားမှုမရှိခြင်းနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ အမည်၊ လိပ်စာ၊ အမှတ်တံဆိပ်နှင့် ဖုန်းနံပါတ်များအား ဖော်ပြထားမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် နှိုင်းယှဉ်ပြထားသည်။
ထို့ကြောင့် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက် နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့် ၎င်းအစားအသောက်များကို ဝယ်ယူစားသုံးခြင်းမပြုရန် FDA မှ ထုတ်ပြန်ထားသည်။
ထို့ပြင် ဖြန့်ဖြူး/ ရောင်းချသူများမှာလည်း အဆိုပါအစားအသောက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ (၃၁) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA မှ အသိပေးကြေညာထားသည်။

Zawgyi Version:
ကေလးမ်ားအတြက္ ထုတ္လုပ္ထားေသာ ဒူးမက္ဒူပ႐ိုပစၥည္းအတုမ်ား ေဈးကြက္အတြင္း ေရာက္ေနေၾကာင္း FDA မွ အသိေပး
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၀
ေဈးကြက္အတြင္းေရာက္ေနသည့္ ကေလးမ်ားအတြက္ထုတ္လုပ္ထားေသာ ဒူးမက္ ဒူပ႐ို ပစၥည္းအတုမ်ားကို ဝယ္ယူစားသုံးျခင္းမျပဳရန္ က်န္းမာေရးဝန္ႀကီးဌာန၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) မွ အသိေပးထုတ္ျပန္ထားသည္။
DKSH Myanmar Ltd. မွ တင္သြင္းေသာ ေထာက္ခံခ်က္ရရွိထားသည့္ ႏို႔စို႔ကေလး ႏွင့္ ကေလးငယ္မ်ားအတြက္ ေဖာ္စပ္စာ Dumex Dupro Brand မ်ားကို ေဈးကြက္အတြင္း ကုန္ပစၥည္းအတုမ်ား ျဖန႔္ျဖဴးေရာင္းခ်လ်က္ရွိေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ေထာက္ခံခ်က္ရရွိထားေသာ Dumex Dupro Brand (အစစ္) ႏွင့္ (အတု) ၏ ကြဲျပားျခားနားခ်က္မ်ားကိုလည္း ျပသထားရာ အစစ္တြင္ ဒူးမက္ဟု ျမန္မာစာလုံးေပါင္း (က္) ျဖင့္ ေရးသားထားျခင္း၊ ထုတ္လုပ္သည့္ရက္စြဲ၊ အပတ္စဥ္ႏွင့္ သက္တမ္းကုန္ဆုံးရက္စြဲမ်ားကို အခ်ိန္၊ နာရီအတိအက်ျဖင့္ ေဖာ္ျပထားျခင္းအျပင္ ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်သူအမည္၊ လိပ္စာ၊ အမွတ္တံဆိပ္ႏွင့္ ဆက္သြယ္ရန္ဖုန္းနံပါတ္မ်ားကို ျပည့္စုံစြာ ထည့္သြင္းေဖာ္ျပထားေၾကာင္း သိရသည္။
ဒူးမက္ ဒူပ႐ိုအတုတြင္ ဒူးမက္ကို(တ္)ျဖင့္ ေရးသားထားျခင္း၊ ထုတ္လုပ္သည့္ ရက္စြဲ၊ အပတ္စဥ္ႏွင့္ သက္တမ္းကုန္ဆုံးခ်ိန္မ်ားကို အခ်ိန္၊ နာရီအတိအက်ျဖင့္ ေဖာ္ျပထားမႈမရွိျခင္းႏွင့္ ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်သူ အမည္၊ လိပ္စာ၊ အမွတ္တံဆိပ္ႏွင့္ ဖုန္းနံပါတ္မ်ားအား ေဖာ္ျပထားမႈမရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ႏႈိင္းယွဥ္ျပထားသည္။
ထို႔ေၾကာင့္ စားသုံးသူမ်ား၏ က်န္းမာေရးကို ထိခိုက္ေစႏိုင္ၿပီး အရည္အေသြးအာမခံခ်က္ ႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိသည့္ ၎အစားအေသာက္မ်ားကို ဝယ္ယူစားသုံးျခင္းမျပဳရန္ FDA မွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ ျဖန႔္ျဖဴး/ ေရာင္းခ်သူမ်ားမွာလည္း အဆိုပါအစားအေသာက္မ်ားကို ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ျခင္းမျပဳလုပ္ရန္ ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက အမ်ိဳးသား အစားအေသာက္ဥပေဒပုဒ္မ (၃၁) အရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း FDA မွ အသိေပးေၾကညာထားသည္။