“ခေတ်သစ်ပိုးလမ်းမကြီး Media Corporation Forum ကို တက်ရောက်ခွင့်ရရှိခဲ့သူ နှစ်ဦး”

 97

အိဖြူ (NP News) - စက်တင်ဘာ ၂၉
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက်ကတော့ တရုတ်နိုင်ငံအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ ခေတ်သစ်ပိုးလမ်းမကြီး Media Corporation ဖိုရမ်ပွဲတက် ရောက်ခွင့်ရရှိခဲ့တဲ့ စုံတွဲ၊ မိန်းမလျာဇာတ်ရုပ်ကို နောက် ဘယ်တော့မှမရိုက်ကူးတော့ကြောင်း ထက်အောင်ရှိုင်းကတိပြု၊ “ဆန္ဒမဲပေးကြမည်”သီချင်းနဲ့ လေးဖြူ စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။


တရုတ်နိုင်ငံအစိုးရရဲ့ ဖိတ်ကြားမူနဲ့ ခေတ်သစ်ပိုးလမ်းမကြီး Media Corporation ဖိုရမ် တတ်ရောက်ခွင့်ရရှိခဲ့တဲ့စုံတွဲ

ရုပ်ရှင်သရုပ်ဆောင် ဒေါက်တာ စိန်ဖြိုးလှိုင်(ခ)မောင်နဲ့ ရုပ်ရှင်သရုပ်ဆောင် ရီရီပွင့်ဖြူတို့ဇနီး မောင်နှံက တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရရဲ့ဖိတ်ကြားမှုအရ ကူမင်းမြို့မှာ စက်တင်ဘာလ (၁၆) ရက်ကကျင်းပခဲ့တဲ့ “ခေတ်သစ်ပိုးလမ်းမကြီး Media Corporation” ဖိုရမ်ပွဲအခမ်းအနားနဲ့ Launching “Ceremony of the South & Southeast Asia Internet Celebritiy Alliance” ပွဲအခမ်းအနားကို တက် ရောက်ခွင့်ရရှိခဲ့ကြပါတယ်။ ဒေါက်တာစိန်ဖြိုးလှိုင်နဲ့ရီရီပွင့်ဖြူတို့က Southeast Asia မှလာတဲ့ မြန်မာ နိုင်ငံကိုယ်စားပြု Travel Blogger အဖြစ် တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ကို ယူနန် ပြည် နယ်အစိုးရက တိုက်ရိုက်ဖိတ်ကြားခဲ့ခြင်းမျိုးဖြစ်ကြောင်း ကြားသိရကာ ဆိုရှယ်မီဒီယာ ပူးပေါင်းဖလှယ်မှု အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးက အောင်မြင်ကျော်ကြားတဲ့ Content Creators ၊ Social Influencers၊ တို့ကို အဓိကထားဖိတ်ကြားခဲ့ခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။
ဒေါက်တာစိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့က မြန်မာနိုင်ငံမှာ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ရုံမက ဒေါက် တာစိန်ဖြိုးလှိုင်က ‌ဒေါက်တာတစ်ဦးဖြစ်ပြီး ၎င်းရဲ့ဇနီး ရီရီပွင့်ဖြူကလည်း ပညာတတ် ရုပ်ရှင်သရုပ် ဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင် ဒေါက်တာစိန်ဖြိုးလှိုင်ဟာ ကိုဗစ်ရောဂါကူးစက်မှုကာလအတွင်း အွန် လိုင်းမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း၊ မြေပြင်မှာကိုယ်တိုင်ဆေးကုသပေးခြင်း စတဲ့ ပရဟိ တ အလုပ်တွေကို ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ Content တွေက လက်ရှိ အချိန်ထိ ကြည့်ရှုသူတိုင်းကို အဆိပ်အတောက်ဖြစ်စေတဲ့ဖန်တီးမှုမျိုး ပါဝင်ထားခြင်းမရှိတာကို သတိပြုမိပြီး ၎င်းတို့ ရဲ့ခရီးသွားအတွေ့အကြုံ ရိုက်ကူးမှုရုပ်သံတွေဟာ ပရိသတ်အားပေးမှု အများဆုံးရရှိထားပါ တယ်။
အခုတစ်ခေါက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ခရီးစဉ်မှာလည်း ခေတ်သစ်ပိုးလမ်းမကြီး Media Corporation ဖိုရမ်ပွဲအခမ်းအနားအတွေ့အကြုံတွေအပြင် ကမ္ဘာဒီယားဘုရင့်သမီးတော် Jenna Norodom နဲ့လည်း တွေ့ဆုံစကားပြောဖြစ်ခဲ့ပုံနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက နာမည်ကြီး Content Creators, Social Influencers တွေနဲ့တွေ့ဆုံခွင့်ရရှိခဲ့မှုတွေက ၎င်းတို့အတွက် ဂုဏ်ယူမိတာအမှန်ပါ။ (၂၀၁၃) ခုနှစ် စက်တင်ဘာလ (၂၀)ရက်ကစတင်ခဲ့တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်နဲ့ရီရီပွင့်ဖြူတို့ရဲ့ ချစ်သူသက်တမ်းဟာ (၂၀၂၅) ခုနှစ် စက်တင်ဘာလ(၂၀)ရက်မှာ ချစ်သူသက်တမ်း (၁၂)နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်ပြီး၊ အိမ် ထောင်သက်တမ်း (၃) နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

မိန်းမလျာ ဇာတ်ရုပ်ကို မရိုက်ကူးတော့ကြောင်း တရားဝင်ပြောဆိုလာ

ရုပ်ရှင်သရုပ်ဆောင် ထက်အောင်ရှိုင်းက သူ့အနေနဲ့ နောက်ဆို မိန်းမလျာဇာတ်ရုပ်ကို လုံးဝ ရိုက် ကူးတော့မှာမဟုတ်ကြောင်း အနုပညာမီဒီယာမှတစ်ဆင့် ကတိပြုပြော ဆိုမှုရှိလာပါတယ်။ ပြည်သူ လူ ထုအားပေးမှုကို အခြေတည်လုပ်ကိုင်ကြရတဲ့ အနုပညာရှင်တွေအနေနဲ့ ရှေ့ဆောင် လမ်းပြမှုကောင်း မွန်မှသာ ၎င်းတို့ကို ကြည့်ရှုအတုယူနေကြသူ လူငယ်တွေအနေနဲ့ လမ်းမှန်ကို ရောက်ရှိမှာ အမှန်ပဲဖြစ် ပါတယ်။
ရန်အောင်၊ ထက်အောင်ရှိုင်း၊ တိုင်ရွန်၊ ညီထွဋ်ခေါင်တို့သရုပ်ဆောင်ထားတဲ့ “မာယာကျား”ရုပ်ရှင် ဇာတ်ကားမှာ ၎င်းတို့(၄)ဦးစလုံးက မိန်းမလျာဇာတ်ရုပ်နဲ့သရုပ်ဆောင်ခဲ့ရာ LGBT တွေရဲ့ လက်တွေ့ လူနေမှုဘဝပုံစံနဲ့ သွေဖည်စေတဲ့ဇာတ်ရုပ်ကို ပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။ ဇာတ်လမ်း/ဇာတ်အိမ် တိကျ သေချာမှုမရှိတဲ့ မြန်မာဇာတ်ကားတွေဟာ မြန်မာ့ ရုပ်ရှင်ချစ်ပရိသတ်တွေကို စော်ကားမှုသာဖြစ်ပါတယ်။ “အဓိပွာယ်မရှိတဲ့ဇာတ်ရုပ်တွေကို ကျွန်တော်မလုပ်ချင်တော့ဘူး။ ပထမရိုက်ကူးခဲ့တဲ့ LGBT ဇာတ်ရုပ်မျိုး ကို ကျွန်တော်နောက်ထပ် ဘယ်တော့မှ ထပ်မရိုက်ပါဘူး။ အခုအင်တာဗျူးမှာ အားလုံးကိုလည်း အသိ ပေးတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်လည်း ကတိပေးပါတယ်။ ကျွန်တော်တို့ကို စောင့်ကြည့်အားပေး ကြတဲ့သူတွေထဲမှာ ကလေးတွေလည်းပါဝင်တဲ့အတွက် ကိုယ့်လုပ်ရပ်တိုင်းက အရေးကြီးတယ်။ အဲဒီ တော့ ဂရုစိုက်ရမယ်ဆိုတဲ့စိတ်မျိုးဝင်သွားလို့ အရာရာကိုဆင်ခြင်ရမယ်။ ကလေးတွေဆိုတာ အရမ်း အရေးကြီးတယ်။ Generation တွေဆိုတာ အရမ်းအရေးကြီးတယ်။ သူတို့ကို ကျွန်တော်တို့က အသိ အမြင် ဗဟုသုတအလွဲတွေ ပေးလို့မရဘူး။ ကျွန်တော်တို့တွေကိုကြည့်ပြီး အတုယူပြီးကြီးပြင်းရမှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့တွေ အမှားလုပ်လို့မရပါဘူး။ လောင်းကစားနဲ့ပတ်သက်တဲ့ ကြော်ငြာ၊ ဂိမ်းတွေ နဲ့ ပတ်သက်တဲ့ကြော်ငြာတွေကိုလည်း ကျွန်တော် လုံးဝမရိုက်ပါဘူး”လို့ ထက်အောင်ရှိုင်းက Myanmar Celebrity Media နဲ့အင်တာဗျူးစဉ် ဖြေကြားခဲ့မှုကို ထပ်ဆင့်ဖော်ပြပေးအပ်ပါတယ်။
အနုပညာရှင်တွေရဲ့လုပ်ရပ် တစ်စုံတစ်ရာမှားယွင်းပါက ပြည်သူသိန်းသန်းချီ ဒုက္ခရောက်ခဲ့ရပုံကို လည်း (၂၀၂၁) ခုနှစ် အရေးအခင်းကာလမှာ တွေ့မြင်ခဲ့ကြရပြီးဖြစ်ပါတယ်။ အနုပညာရှင်တွေရဲ့သွေးထိုး လှုံ့ဆော်မှုတွေကြောင့် နိုင်ငံ့ဝန်ထမ်းအများအပြား အလုပ်လက်မဲ့တွေဖြစ်ခဲ့ရရုံမက အသက်/အိုးအိမ် စည်းစိမ်များပါမကျန် ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါတယ်။

လေးဖြူရဲ့ “ဆန္ဒမဲပေးကြမည်” သီချင်း

ပါတီစုံ အထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲကျင်းပဖို့နီးကပ်လာချိန်မှာ တေးသံရှင် လေးဖြူ သီဆိုထားတဲ့ “ဆန္ဒမဲပေးကြမည်”သီချင်းက တစ်ကျော့ပြန် ဆိုရှယ်ပလက်ဖောင်းများထက် ပျံ့နှံ့လို့လာခဲ့ ပါတယ်။ လေးဖြူရဲ့ “ဆန္ဒမဲပေးကြမည်” သီချင်းနဲ့တိုက်တွန်းလှုံ့ဆော်မှုကို တခြားတစ်ဖက်မှာ အစွန်း ရောက်အတိုက်အခံအုပ်စုက သီဆိုသူ လေးဖြူအပေါ် ထိုးနှက်ဝေဖန်နေကြပြန်ပါတယ်။
“ဆန္ဒမဲပေးကြမယ်”သီချင်းကို တေးရေး ပြည့်ဖြိုးအောင်၊ မျိုးဆွေသန်း၊ လေးဖြူတို့က ‌ပေါင်းစပ် သီကုံးရေးသားခဲ့တာဖြစ် ပြီး၊ လေးဖြူကသီဆိုထားတာဖြစ်ပါတယ်။ တစ်ကျော့ပြန် လူထုပါးစပ်ဖျား ရောက်ရှိလာတဲ့ အဆိုပါသီချင်းဟာ အနုပညာရှင်တွေ NLD အစိုးရလက်ထက်ကတည်းက ဆန္ဒမဲပေး ကြဖို့တိုက်တွန်းခဲ့တဲ့သီချင်းဖြစ်ပြီး၊ လက်ရှိတည်ဆဲအစိုးရလက်ထက်မှာ ပြန်လည်ကျင်းပပေးမယ့်ရွေး ကောက်ပွဲအတွက်အသုံးပြုကာမှ အပြင်းအထန် ဝိုင်းဝန်းဝေဖန်တာက ရုပ်ပေါက်လွန်းတဲ့လုပ်ရပ် တစ်ခုပါ။
တေးရေး/တေးဆို ကိုင်ဇာ သီဆိုတဲ့ “တူတူမဲသွားပေးကြစို့”သီချင်းဆိုရင် အစိုးရအဆက်ဆက် အသုံးပြုခဲ့ကြတဲ့ နိုင်ငံတော်ပိုင်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လေးဖြူရဲ့ “ဆန္ဒမဲပေးကြမည်” ဆိုတဲ့သီချင်း ကလည်း အလားတူပါ။ ဒါ့ပြင် ပါတီတစ်ခုချင်းစီကလည်း မဲဆွယ်စည်းရုံးရေးအတွက် ၎င်းတို့ပါတီ ကိုယ် စားပြုသီချင်းတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေပြုလုပ်ခဲ့ကြတာ ထုံးစံပင်ဖြစ်ပါတယ်။ ဥပမာ NLD လက်ထက် မှာ အနုပညာရှင်တွေ ကိုယ်တိုင်က အင်တိုက်အားတိုက်နဲ့ “မဲပေးကြစို့” ၊ “ခွပ်ဒေါင်းနဲ့ကြယ်ဖြူ”၊ “ဒေါက် ဖိနပ်လျှောက်သံ”အစရှိတဲ့ သီချင်းတွေကို ပါတီအလိုက် ဖန်တီးခဲ့ကြတာမျိုးရှိခဲ့ကြပါတယ်။
နိုင်ငံသားတွေကို မဲပေးဖို့တိုက်တွန်းတာဟာ ဒီမိုကရေစီဖြစ်စဉ်မှာ မှားနေတဲ့အရာမဟုတ်ပါဘူး။ အနုပညာရှင်တွေလည်း ပြည်သူထဲကပြည်သူဖြစ်တဲ့အတွက် ပိုမိုပါဝင်သင့်/တိုက်တွန်းသင့်တဲ့ ကိစ္စပဲ ဖြစ် ပါတယ်။ အကြမ်းဖက် လုပ်ရပ်ကိုတိုက်တွန်းတာကသာ တိုင်းပြည်ကိုဖျက်ဆီးနေခြင်းမျိုးဖြစ်ပြီး၊ ပြည်သူ အားလုံးတောင့်တနေကြတဲ့ ဒီမိုကရေစီစနစ်ကို တားဆီးပိတ်ပင်နေတာသာဖြစ်ပါတယ်။ဒီဇင်ဘာလ (၂၈) ရက်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကို အပိုင်း(၁)အဖြစ် စတင်ကျင်းပတော့မှာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ေခတ္သစ္ပိုးလမ္းမႀကီး Media Corporation Forum ကို တက္ေရာက္ခြင့္ရရွိခဲ့သူ ႏွစ္ဦး”
အိျဖဴ (NP News) - စက္တင္ဘာ ၂၉
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ကေတာ့ တ႐ုတ္ႏိုင္ငံအစိုးရရဲ႕ ဖိတ္ၾကားမႈနဲ႔ ေခတ္သစ္ပိုးလမ္းမႀကီး Media Corporation ဖိုရမ္ပြဲတက္ ေရာက္ခြင့္ရရွိခဲ့တဲ့ စုံတြဲ၊ မိန္းမလ်ာဇာတ္႐ုပ္ကို ေနာက္ ဘယ္ေတာ့မွမ႐ိုက္ကူးေတာ့ေၾကာင္း ထက္ေအာင္ရႈိင္းကတိျပဳ၊ “ဆႏၵမဲေပးၾကမည္”သီခ်င္းနဲ႔ ေလးျဖဴ စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။


တ႐ုတ္ႏိုင္ငံအစိုးရရဲ႕ ဖိတ္ၾကားမူနဲ႔ ေခတ္သစ္ပိုးလမ္းမႀကီး Media Corporation ဖိုရမ္ တတ္ေရာက္ခြင့္ရရွိခဲ့တဲ့စုံတြဲ

႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒါက္တာ စိန္ၿဖိဳးလႈိင္(ခ)ေမာင္နဲ႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ရီရီပြင့္ျဖဴတို႔ဇနီး ေမာင္ႏွံက တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ အစိုးရရဲ႕ဖိတ္ၾကားမႈအရ ကူမင္းၿမိဳ႕မွာ စက္တင္ဘာလ (၁၆) ရက္ကက်င္းပခဲ့တဲ့ “ေခတ္သစ္ပိုးလမ္းမႀကီး Media Corporation” ဖိုရမ္ပြဲအခမ္းအနားနဲ႔ Launching “Ceremony of the South & Southeast Asia Internet Celebritiy Alliance” ပြဲအခမ္းအနားကို တက္ ေရာက္ခြင့္ရရွိခဲ့ၾကပါတယ္။ ေဒါက္တာစိန္ၿဖိဳးလႈိင္နဲ႔ရီရီပြင့္ျဖဴတို႔က Southeast Asia မွလာတဲ့ ျမန္မာ ႏိုင္ငံကိုယ္စားျပဳ Travel Blogger အျဖစ္ တက္ေရာက္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ၎တို႔ကို ယူနန္ ျပည္ နယ္အစိုးရက တိုက္႐ိုက္ဖိတ္ၾကားခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ၾကားသိရကာ ဆိုရွယ္မီဒီယာ ပူးေပါင္းဖလွယ္မႈ အပါအဝင္ ကမာၻ႔ႏိုင္ငံ အသီးသီးက ေအာင္ျမင္ေက်ာ္ၾကားတဲ့ Content Creators ၊ Social Influencers၊ တို႔ကို အဓိကထားဖိတ္ၾကားခဲ့ျခင္းျဖစ္တယ္လို႔လည္းသိရွိရပါတယ္။
ေဒါက္တာစိန္ၿဖိဳးလႈိင္နဲ႔ ရီရီပြင့္ျဖဴတို႔က ျမန္မာႏိုင္ငံမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြျဖစ္႐ုံမက ေဒါက္ တာစိန္ၿဖိဳးလႈိင္က ‌ေဒါက္တာတစ္ဦးျဖစ္ၿပီး ၎ရဲ႕ဇနီး ရီရီပြင့္ျဖဴကလည္း ပညာတတ္ ႐ုပ္ရွင္သ႐ုပ္ ေဆာင္တစ္ဦးျဖစ္ပါတယ္။ ဒါ့ျပင္ ေဒါက္တာစိန္ၿဖိဳးလႈိင္ဟာ ကိုဗစ္ေရာဂါကူးစက္မႈကာလအတြင္း အြန္ လိုင္းမွတစ္ဆင့္ က်န္းမာေရးဆိုင္ရာအႀကံေပးျခင္း၊ ေျမျပင္မွာကိုယ္တိုင္ေဆးကုသေပးျခင္း စတဲ့ ပရဟိ တ အလုပ္ေတြကို ေဆာင္႐ြက္ခဲ့သူလည္းျဖစ္ပါတယ္။ ၎တို႔ႏွစ္ဦးရဲ႕ Content ေတြက လက္ရွိ အခ်ိန္ထိ ၾကည့္ရႈသူတိုင္းကို အဆိပ္အေတာက္ျဖစ္ေစတဲ့ဖန္တီးမႈမ်ိဳး ပါဝင္ထားျခင္းမရွိတာကို သတိျပဳမိၿပီး ၎တို႔ ရဲ႕ခရီးသြားအေတြ႕အႀကဳံ ႐ိုက္ကူးမႈ႐ုပ္သံေတြဟာ ပရိသတ္အားေပးမႈ အမ်ားဆုံးရရွိထားပါ တယ္။
အခုတစ္ေခါက္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ခရီးစဥ္မွာလည္း ေခတ္သစ္ပိုးလမ္းမႀကီး Media Corporation ဖိုရမ္ပြဲအခမ္းအနားအေတြ႕အႀကဳံေတြအျပင္ ကမာၻဒီယားဘုရင့္သမီးေတာ္ Jenna Norodom နဲ႔လည္း ေတြ႕ဆုံစကားေျပာျဖစ္ခဲ့ပုံနဲ႔ ကမာၻ႔ႏိုင္ငံအသီးသီးက နာမည္ႀကီး Content Creators, Social Influencers ေတြနဲ႔ေတြ႕ဆုံခြင့္ရရွိခဲ့မႈေတြက ၎တို႔အတြက္ ဂုဏ္ယူမိတာအမွန္ပါ။ (၂၀၁၃) ခုႏွစ္ စက္တင္ဘာလ (၂၀)ရက္ကစတင္ခဲ့တဲ့ ေဒါက္တာစိန္ၿဖိဳးလႈိင္နဲ႔ရီရီပြင့္ျဖဴတို႔ရဲ႕ ခ်စ္သူသက္တမ္းဟာ (၂၀၂၅) ခုႏွစ္ စက္တင္ဘာလ(၂၀)ရက္မွာ ခ်စ္သူသက္တမ္း (၁၂)ႏွစ္ျပည့္ေျမာက္သြားခဲ့ၿပီျဖစ္ၿပီး၊ အိမ္ ေထာင္သက္တမ္း (၃) ႏွစ္ျပည့္ေျမာက္သြားခဲ့ၿပီျဖစ္ပါတယ္။

မိန္းမလ်ာ ဇာတ္႐ုပ္ကို မ႐ိုက္ကူးေတာ့ေၾကာင္း တရားဝင္ေျပာဆိုလာ

႐ုပ္ရွင္သ႐ုပ္ေဆာင္ ထက္ေအာင္ရႈိင္းက သူ႔အေနနဲ႔ ေနာက္ဆို မိန္းမလ်ာဇာတ္႐ုပ္ကို လုံးဝ ႐ိုက္ ကူးေတာ့မွာမဟုတ္ေၾကာင္း အႏုပညာမီဒီယာမွတစ္ဆင့္ ကတိျပဳေျပာ ဆိုမႈရွိလာပါတယ္။ ျပည္သူ လူ ထုအားေပးမႈကို အေျခတည္လုပ္ကိုင္ၾကရတဲ့ အႏုပညာရွင္ေတြအေနနဲ႔ ေရွ႕ေဆာင္ လမ္းျပမႈေကာင္း မြန္မွသာ ၎တို႔ကို ၾကည့္ရႈအတုယူေနၾကသူ လူငယ္ေတြအေနနဲ႔ လမ္းမွန္ကို ေရာက္ရွိမွာ အမွန္ပဲျဖစ္ ပါတယ္။
ရန္ေအာင္၊ ထက္ေအာင္ရႈိင္း၊ တိုင္႐ြန္၊ ညီထြဋ္ေခါင္တို႔သ႐ုပ္ေဆာင္ထားတဲ့ “မာယာက်ား”႐ုပ္ရွင္ ဇာတ္ကားမွာ ၎တို႔(၄)ဦးစလုံးက မိန္းမလ်ာဇာတ္႐ုပ္နဲ႔သ႐ုပ္ေဆာင္ခဲ့ရာ LGBT ေတြရဲ႕ လက္ေတြ႕ လူေနမႈဘဝပုံစံနဲ႔ ေသြဖည္ေစတဲ့ဇာတ္႐ုပ္ကို ပုံေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။ ဇာတ္လမ္း/ဇာတ္အိမ္ တိက် ေသခ်ာမႈမရွိတဲ့ ျမန္မာဇာတ္ကားေတြဟာ ျမန္မာ့ ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြကို ေစာ္ကားမႈသာျဖစ္ပါတယ္။ “အဓိပြာယ္မရွိတဲ့ဇာတ္႐ုပ္ေတြကို ကြၽန္ေတာ္မလုပ္ခ်င္ေတာ့ဘူး။ ပထမ႐ိုက္ကူးခဲ့တဲ့ LGBT ဇာတ္႐ုပ္မ်ိဳး ကို ကြၽန္ေတာ္ေနာက္ထပ္ ဘယ္ေတာ့မွ ထပ္မ႐ိုက္ပါဘူး။ အခုအင္တာဗ်ဴးမွာ အားလုံးကိုလည္း အသိ ေပးတယ္။ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္လည္း ကတိေပးပါတယ္။ ကြၽန္ေတာ္တို႔ကို ေစာင့္ၾကည့္အားေပး ၾကတဲ့သူေတြထဲမွာ ကေလးေတြလည္းပါဝင္တဲ့အတြက္ ကိုယ့္လုပ္ရပ္တိုင္းက အေရးႀကီးတယ္။ အဲဒီ ေတာ့ ဂ႐ုစိုက္ရမယ္ဆိုတဲ့စိတ္မ်ိဳးဝင္သြားလို႔ အရာရာကိုဆင္ျခင္ရမယ္။ ကေလးေတြဆိုတာ အရမ္း အေရးႀကီးတယ္။ Generation ေတြဆိုတာ အရမ္းအေရးႀကီးတယ္။ သူတို႔ကို ကြၽန္ေတာ္တို႔က အသိ အျမင္ ဗဟုသုတအလြဲေတြ ေပးလို႔မရဘူး။ ကြၽန္ေတာ္တို႔ေတြကိုၾကည့္ၿပီး အတုယူၿပီးႀကီးျပင္းရမွာ ျဖစ္တဲ့ အတြက္ ကြၽန္ေတာ္တို႔ေတြ အမွားလုပ္လို႔မရပါဘူး။ ေလာင္းကစားနဲ႔ပတ္သက္တဲ့ ေၾကာ္ျငာ၊ ဂိမ္းေတြ နဲ႔ ပတ္သက္တဲ့ေၾကာ္ျငာေတြကိုလည္း ကြၽန္ေတာ္ လုံးဝမ႐ိုက္ပါဘူး”လို႔ ထက္ေအာင္ရႈိင္းက Myanmar Celebrity Media နဲ႔အင္တာဗ်ဴးစဥ္ ေျဖၾကားခဲ့မႈကို ထပ္ဆင့္ေဖာ္ျပေပးအပ္ပါတယ္။
အႏုပညာရွင္ေတြရဲ႕လုပ္ရပ္ တစ္စုံတစ္ရာမွားယြင္းပါက ျပည္သူသိန္းသန္းခ်ီ ဒုကၡေရာက္ခဲ့ရပုံကို လည္း (၂၀၂၁) ခုႏွစ္ အေရးအခင္းကာလမွာ ေတြ႕ျမင္ခဲ့ၾကရၿပီးျဖစ္ပါတယ္။ အႏုပညာရွင္ေတြရဲ႕ေသြးထိုး လႈံ႕ေဆာ္မႈေတြေၾကာင့္ ႏိုင္ငံ့ဝန္ထမ္းအမ်ားအျပား အလုပ္လက္မဲ့ေတြျဖစ္ခဲ့ရ႐ုံမက အသက္/အိုးအိမ္ စည္းစိမ္မ်ားပါမက်န္ ဆုံးရႈံးခဲ့ၾကရၿပီးျဖစ္ပါတယ္။

ေလးျဖဴရဲ႕ “ဆႏၵမဲေပးၾကမည္” သီခ်င္း

ပါတီစုံ အေထြေထြ ဒီမိုကေရစီေ႐ြးေကာက္ပြဲက်င္းပဖို႔နီးကပ္လာခ်ိန္မွာ ေတးသံရွင္ ေလးျဖဴ သီဆိုထားတဲ့ “ဆႏၵမဲေပးၾကမည္”သီခ်င္းက တစ္ေက်ာ့ျပန္ ဆိုရွယ္ပလက္ေဖာင္းမ်ားထက္ ပ်ံ႕ႏွံ႔လို႔လာခဲ့ ပါတယ္။ ေလးျဖဴရဲ႕ “ဆႏၵမဲေပးၾကမည္” သီခ်င္းနဲ႔တိုက္တြန္းလႈံ႕ေဆာ္မႈကို တျခားတစ္ဖက္မွာ အစြန္း ေရာက္အတိုက္အခံအုပ္စုက သီဆိုသူ ေလးျဖဴအေပၚ ထိုးႏွက္ေဝဖန္ေနၾကျပန္ပါတယ္။
“ဆႏၵမဲေပးၾကမယ္”သီခ်င္းကို ေတးေရး ျပည့္ၿဖိဳးေအာင္၊ မ်ိဳးေဆြသန္း၊ ေလးျဖဴတို႔က ‌ေပါင္းစပ္ သီကုံးေရးသားခဲ့တာျဖစ္ ၿပီး၊ ေလးျဖဴကသီဆိုထားတာျဖစ္ပါတယ္။ တစ္ေက်ာ့ျပန္ လူထုပါးစပ္ဖ်ား ေရာက္ရွိလာတဲ့ အဆိုပါသီခ်င္းဟာ အႏုပညာရွင္ေတြ NLD အစိုးရလက္ထက္ကတည္းက ဆႏၵမဲေပး ၾကဖို႔တိုက္တြန္းခဲ့တဲ့သီခ်င္းျဖစ္ၿပီး၊ လက္ရွိတည္ဆဲအစိုးရလက္ထက္မွာ ျပန္လည္က်င္းပေပးမယ့္ေ႐ြး ေကာက္ပြဲအတြက္အသုံးျပဳကာမွ အျပင္းအထန္ ဝိုင္းဝန္းေဝဖန္တာက ႐ုပ္ေပါက္လြန္းတဲ့လုပ္ရပ္ တစ္ခုပါ။
ေတးေရး/ေတးဆို ကိုင္ဇာ သီဆိုတဲ့ “တူတူမဲသြားေပးၾကစို႔”သီခ်င္းဆိုရင္ အစိုးရအဆက္ဆက္ အသုံးျပဳခဲ့ၾကတဲ့ ႏိုင္ငံေတာ္ပိုင္သီခ်င္းတစ္ပုဒ္ျဖစ္ပါတယ္။ ေလးျဖဴရဲ႕ “ဆႏၵမဲေပးၾကမည္” ဆိုတဲ့သီခ်င္း ကလည္း အလားတူပါ။ ဒါ့ျပင္ ပါတီတစ္ခုခ်င္းစီကလည္း မဲဆြယ္စည္း႐ုံးေရးအတြက္ ၎တို႔ပါတီ ကိုယ္ စားျပဳသီခ်င္းေတြနဲ႔ မဲဆြယ္စည္း႐ုံးမႈေတြျပဳလုပ္ခဲ့ၾကတာ ထုံးစံပင္ျဖစ္ပါတယ္။ ဥပမာ NLD လက္ထက္ မွာ အႏုပညာရွင္ေတြ ကိုယ္တိုင္က အင္တိုက္အားတိုက္နဲ႔ “မဲေပးၾကစို႔” ၊ “ခြပ္ေဒါင္းနဲ႔ၾကယ္ျဖဴ”၊ “ေဒါက္ ဖိနပ္ေလွ်ာက္သံ”အစရွိတဲ့ သီခ်င္းေတြကို ပါတီအလိုက္ ဖန္တီးခဲ့ၾကတာမ်ိဳးရွိခဲ့ၾကပါတယ္။
ႏိုင္ငံသားေတြကို မဲေပးဖို႔တိုက္တြန္းတာဟာ ဒီမိုကေရစီျဖစ္စဥ္မွာ မွားေနတဲ့အရာမဟုတ္ပါဘူး။ အႏုပညာရွင္ေတြလည္း ျပည္သူထဲကျပည္သူျဖစ္တဲ့အတြက္ ပိုမိုပါဝင္သင့္/တိုက္တြန္းသင့္တဲ့ ကိစၥပဲ ျဖစ္ ပါတယ္။ အၾကမ္းဖက္ လုပ္ရပ္ကိုတိုက္တြန္းတာကသာ တိုင္းျပည္ကိုဖ်က္ဆီးေနျခင္းမ်ိဳးျဖစ္ၿပီး၊ ျပည္သူ အားလုံးေတာင့္တေနၾကတဲ့ ဒီမိုကေရစီစနစ္ကို တားဆီးပိတ္ပင္ေနတာသာျဖစ္ပါတယ္။ဒီဇင္ဘာလ (၂၈) ရက္မွာ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို အပိုင္း(၁)အျဖစ္ စတင္က်င္းပေတာ့မွာျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.